နိုင်ငံတကာအချိန်နဲ့ ဇွန်လ ၃၀ ရက်နေ့ ည ၈ နာရီ၊ မြန်မာပြည်အတွက် ဇူလိုင် ၁ ရက် မနက် ၆ နာရီခွဲက ၂၄ နာရီ တနေ့တာထက် ၁ စက္ကန့် ပိုရှည်ကြာခဲ့ပါတယ်။ ကမ္ဘာကြီးရဲ့ လည်ပတ်နှုန်း နှေးလာတာကို ထေမိ ဖို့အတွက် နိုင်ငံတကာအချိန်ညှိနှိုင်းထိန်းသိမ်းတဲ့ ပညာရှင်တွေက ၁ စက္ကန့် ပိုတွက်ပေးခဲ့ရတာ ဖြစ်ပါတယ်။
၁ စက္ကန့်လောက် ပိုသွားတာက လူတယောက်ရဲ့ နေ့စဉ်ဘ၀အတွက် ဘာမှ မသိသာလှပေမယ့် နိုင်ငံ တကာ ကွန်ပျူတာစနစ်တွေအတွက်တော့ အကြီးအကျယ် သက်ရောက်မှုတွေ ရှိခဲ့ပါတယ်။
အထူးသဖြင့် လေကြောင်းလိုင်းတွေ၊ လေဆိပ်တွေမှာ အမှားအယွင်းဖြစ်ပြီး အရေးပေါ်ဆင်းသက်ရတာတွေ ဖြစ်တတ်ပါတယ်။
၂၀၁၂ ခုနှစ်တုန်းကတော့ ကွန်ပျူတာစနစ်တွေ ၁ စက္ကန့် ပိုတွက်တာကို မဖြေရှင်းနိုင်လို့ လေကြောင်းလိုင်း ပေါင်း ရာနဲ့ချီပြီး နှောင့်နှေးခဲ့ရပါတယ်။
Stock Exchange စနစ်တွေ အပါအ၀င် ကွန်ပျူတာ အလိုအလျောက် စနစ်သုံးရတဲ့အလုပ်တွေ အတော် များများ နှောင့်နှေးခဲ့ရ၊ ပြင်ဆင်ခဲ့ရပါတယ်။
၁၉၇၂ ခုနှစ်ကတည်းကစပြီး ကွန်ပျူတာတွေကို ကမ္ဘာကြီးလည်ပတ်ချိန်နဲ့ ညှိနှိုင်းလာခဲ့ပြီး နောက်ဆုံးထိန်း ညှိတဲ့ အချိန်ကတော့ ၂၀၁၂ ခုနှစ်က ဖြစ်ခဲ့ပါတယ်။ ဒီစနစ်ကို ဆက်မလုပ်ဖို့ တောင်းဆိုမှုတွေလည်း ရှိခဲ့ ပါတယ်။
ဒါပေမယ့် ဆက်သွယ်ရေးကဏ္ဍတွေကို တာဝန်ယူတဲ့ ကုလသမဂ္ဂ အဖွဲ့အစည်းတွေဘက်က ဒီကိစ္စကို တစုံ တခု ဆုံးဖြတ်ပြောင်းလဲနိုင်ဖို့ ဒီနှစ်အတွင်းမှာ ဖြစ်နိုင်ဖို့ မရှိသလောက်ပါပဲ။
Universal Time နဲ့ ညသန်းခေါင် ၂၃း၅၉း၅၉ ပြီးရင် နောက်တနေ့ မကူးသေးဘဲနဲ့ ၀၀း၀၀း၀၀ ပေါ်လာမှာ မဟုတ်ပဲ ၂၃း၅၉း၆၀ ဆိုပြီး ၁ စက္ကန့်ပိုသွားတာ ဖြစ်ပါတယ်။
Universal Time ရဲ့ ညသန်းခေါင်ဟာ Eastern Daylight Time 8 PM EDT ဖြစ်ပြီးတော့ မြန်မာနိုင်ငံ အတွက် ဇူလိုင် ၁ ရက်နေ့ မနက် ၆း၃၀ ဖြစ်တဲ့အတွက် ဒီကနေ့မနက် မြန်မာစံတော်ချိန် ၆ နာရီနဲ့ ၇ နာရီ ကြားမှာ Leap Second စက္ကန့်ထပ်တခု ပေါင်းထည့်ထားတဲ့ ၆၁ စက္ကန့်ရှိတဲ့ ၁ မိနစ်စာ ဖြစ်ခဲ့ပါတယ်။
Google ကုမ္ပဏီကတော့ Leap Second ကို ဖြေရှင်းဖို့ Leap Smear လို့ခေါ်တဲ့ နည်းပညာ အသုံးပြုပြီး နာရီပေါင်း ၂၀ လောက် အချိန်ယူပြီး LeapSecond အချိန်လွန်တဲ့ထိ ဆာဗာစနစ်တွေကို နှေးချလိုက်ပြီး ပိုထွက်လာတဲ့ စက္ကန့်ထပ်တခုကို ဖြေရှင်းတယ်လို့ သိရပါတယ်။
DVB
No comments:
Post a Comment