Thursday, July 02, 2015

ရတနာပုံတက္ကသိုလ်ရှေ့ စာရေးသားတောင်းဆိုသည့် ကျောင်းသား လေးဦး ဖမ်းဆီးခံရ


လက်ပံတန်းမြို့တွင် အကြမ်းဖက်ဖမ်းဆီးခံခဲ့ရသည့် သပိတ်မှောက်ကျောင်းသားများ ပြန်လွှတ်ပေးရန်နှင့် အစိုးရကို ဝေဖန်သည့် စာသားများအား မန္တ လေးမြို့ ရတနာပုံတက္ကသိုလ်ရှေ့ ၌ မှုတ်ဆေးဘူးဖြင့် စာရေး သားတောင်းဆို ခဲ့သည့် ရတနာပုံတက္က သိုလ်ကျောင်းသားသမဂ္ဂမှ ကျောင်းသား လေးဦး  ဇူလိုင် ၁ ရက်က ဖမ်းဆီးခံခဲ့ရကြောင်း  သတင်းရရှိ သည်။

ရတနာပုံတက္ကသိုလ်ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ ကိုနိုင်ရဲဝေ၊ ဒု- ဥက္ကဋ္ဌ ကိုအောင်ဆန်းဦးအပါအ၀င် ကျောင်း သား လေးဦးကို ဇူလိုင်၁ ရက်တွင် အမရပူရမြို့နယ်ရဲစ ခန်းမှ ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီး ခဲ့ခြင်းဖြစ်ပြီး ပုဒ်မ လေးခုဖြင့် အမှု ဖွင့်တရားစွဲဆိုကာ အိုးဘိုအကျဉ်း ထောင်သို့ ပို့ဆောင်ခံထားရ ကြောင်း ဖမ်းဆီးခံ ကျောင်းသား များနှင့် နီးစပ်သူများက ပြောသည်။    ‘‘ကျောင်းချိန်ကြီးမှာကို ရတနာပုံတက္ကသိုလ်ထဲအထိ ၀င်ဖမ်းတယ်။ ပြီးတော့ ထောင်ကြီးချုပ်နဲ့ အိုးဘိုကိုပို့ထားကြတယ်။ အိုးဘိုထောင်ရှေ့မှာ ကလေးတွေနဲ့ တွေ့တော့ ရဲတွေက သူတို့ကို ဆဲဆိုကြိမ်းမောင်းတာတွေ၊ ရိုက်နှက်တာတွေ လုပ်တယ်လို့ ပြောတယ်။ လောလောဆယ်သိရသလောက်ဆိုရင်  ပုဒ်မ ၅၀၅ (ခ)၊ ၁၄၃၊ ၁၄၇၊ ပုဒ်မ ၁၈ တွေနဲ့ အမှုဖွင့်ထားတယ်’’ ဟု ဖမ်းဆီးခံကျောင်းသားများအား ကူညီပေးနေသည့် မန္တလေးမြို့ခံ  တက်ကြွလှုပ်ရှားသူ ဒေါ်အမာနီက ပြောသည်။

ရတနာပုံတက္ကသိုလ်ကျောင်းသားသမဂ္ဂဥက္ကဋ္ဌ ကိုနိုင်ရဲဝေမှာ အမျိုးသားပညာရေးဥပဒေပြင် ဆင်ပေးရန် ဆန္ဒပြတောင်းဆိုမှု တွင် ပါဝင်မှုဖြင့် အမှုဖွင့်တရားစွဲ ဆိုခံထားရသူဖြစ်ပြီး လက်ရှိအချိန်တွင် ပုဒ်မ ၁၈ ဖြင့်ပင် အမရပူ ရမြို့နယ် တရားရုံး၌ တရားရင် ဆိုင်နေရသူ ဖြစ်သည်။

ရတနာပုံတက္ကသိုလ်ရှေ့တွင် မှုတ်ဆေးဘူးဖြင့် စာရေးသားမှုအပါအ၀င် လှုံ့ဆော်သည့် စာရွက်စာတမ်းများ ရေးသားဖြန့်ဝေ ခြင်းတို့ကြောင့် ကျောင်းသား ခုနစ်ဦးကို အမှုဖွင့်တရားစွဲဆိုထားပြီး ဇူလိုင် ၁ ရက်၌ ကျောင်းသား လေးဦးကို ဖမ်းဆီးထားကြောင်း အမရပူရမြို့နယ် ရဲစခန်းမှူး ဒုရဲမှူး မြင့်လွင်က ပြောသည်။

‘‘ခုနစ်ယောက်ကို အမှုဖွင့်ပြီးလေးယောက်ကို ဖမ်းဆီးထားပါ တယ်။ အသေးစိတ်တော့ ရှင်းမပြ နိုင်သေး ဘူး’’ဟု အမရပူရရဲစခန်း မှူး ဒုရဲမှူးမြင့်လွင်က ပြောသည်။အပြင်တွင် သတင်းထွက်နေသကဲ့သို့ ကျောင်း သားများအား ရိုက်နှက်ဖမ်းဆီးသည်ဆိုသည်မှာ မဟုတ်မှန်ကြောင်း ၎င်းက ငြင်းဆိုသည်။

ပြီးခဲ့သည့် ဇွန်လ ၂၆ ရက်က ရတနာပုံတက္ကသိုလ်နှင့် ကျောက် ဆည်တက္က သိုလ်တို့မှ ကျောင်း သား ၃၀ ခန့်သည် ရတနာပုံတက္က သိုလ်ရှေ့တွင် မှုတ်ဆေးဘူးဖြင့် စာများရေးသားကာ ဖမ်းဆီးခံ သပိတ်မှောက် ကျောင်းသားများ ပြန်လွှတ်ပေးရန်နှင့် အမျိုးသား ပညာရေးဥပဒေပြင်ဆင်ပေးရန် တို့ကို တောင်းဆိုခဲ့ကြ သည်။ ရတနာပုံတက္ကသိုလ်ကျောင်းရှေ့ ၀င်ပေါက် အုတ်တံတိုင်းများနှင့် ကျောင်းရှေ့ကတ္တရာလမ်းမများ ပေါ်တွင် ၁၀း၁၀၊ ချက်ချင်းလွှတ်၊ စစ်တစ်ပိုင်းအစိုးရကျဆုံးပါစေအ စသည့် စာသားများကို ကျောင်းသား များက မှုတ်ဆေးဖြင့် ရေးသားခဲ့ကြခြင်းဖြစ်သည်။

7Day News Journal


No comments:

Post a Comment

My Blog List