Wednesday, July 01, 2015

ကျူးဘားနဲ့ ကန်တို့ သံရုံးပြန်ဖွင့်မယ်


အမေရိကန်နဲ့ ကျူးဘားနိုင်ငံအကြား ဆက်ဆံရေး ပြန်လည် ကောင်းမွန် လာပြီးနောက် သံရုံးတွေကို ဖွင့် လှစ်ကြဖို့ သဘောတူခဲ့ကြပါတယ်။ နှစ်ပေါင်း ၅၀ ကြာ အမေရိကန်နဲ့ ကျူးဘားနိုင်ငံအကြား တင်းမာမှုတွေ ဖြစ်ခဲ့ပေမယ့် အခုအခါမှာတော့ အမေရိကန်နိုင်ငံ ဝါရှင်တန်မှာ ကျူးဘားသံရုံးကို ထားရှိပြီး ကျူးဘား နိုင်ငံ ဟာဗားနား မှာ အမေရိကန် သံရုံးထားရှိဖို့ သဘောတူကြတာပါ။

ဒီကိစ္စကို ဗုဒ္ဓဟူးနေ့မှာ တရားဝင် ကြေညာသွားဖို့ ရှိတယ်လို့ အမေရိကန် အစိုးရ အရာရှိတစ်ယောက်က ပြောပြီး ဒီကိစ္စနဲ့ ပတ်သက်ပြီး အမေရိကန် သမ္မတ အိုဘားမားက မိန့်ခွန်းပြောဖို့ ရှိတယ်လို့ ဆိုပါတယ်။

ဒါဟာ သမ္မတ အိုဘားမားအတွက် နိုင်ငံခြားရေးရာ ပေါ်လစီနဲ့ ပတ်သက်ပြီး ချီးမြင့်ထိုက်တဲ့ အောင်မြင်မှု တစ်ခု ဖြစ်တယ်လို့ သုံးသပ်ကြပါတယ်။

ပြီးခဲ့တဲ့ ဧပြီလကစပြီး အမေရိကန်နဲ့ ကျူးဘားတို့အကြား ပထမဆုံးအကြိမ် တွေ့ဆုံမှု လုပ်ခဲ့ကြတာ ဖြစ်ပါ တယ်။

နှစ်နိုင်ငံအကြား သင့်မြတ်မှု ရှိအောင် ပုပ်ရဟန်းမင်းကြီး ဖရန်းစစ်က ကြားနေအဖြစ် ဆောင်ရွက်ပေးခဲ့တာ တွေ ရှိတဲ့အတွက် ပုပ်ရဟန်းမင်းကြီးကို ကျေးဇူးတင်ကြောင်းလည်း ကျူးဘားနိုင်ငံ ခေါင်းဆောင်က ပြော ဆိုခဲ့ဖူးပါ တယ်။

ABC

No comments:

Post a Comment

My Blog List