Tuesday, June 30, 2015

ရှမ်းရိုးရာကိန္နရီအကနဲ့ မယ်ကမ္ဘာမြန်မာပြိုင်ပွဲ ဝင်ပြိုင်နေတဲ့ နန်းစန္ဒာလှထွန်း


ရှမ်းရိုးရာကိန္နရီအကမှာ ရှမ်းတိုင်းရင်းသားများ၏ အထွတ်အမြတ်ထားရာ ရိုးရာတစ်ခုဖြစ်သောကြောင့် MissMyanmar World ၏ Talent(စွမ်းရည်)ပြိုင်ပွဲတွင် ယင်းအကဖြင့် ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ကြောင်း ပြိုင်ပွဲဝင် နန်းစန္ဒာ လှထွန်းကပြောသည်။

‘‘ရှမ်းအကတွေတော့ ညီမ အကုန်ကတတ်တယ်။ ကိန္နရီ အကကိုတော့ အလွတ်ကတတ် တယ်။ တောင်ပံနဲ့ကတော့ ဒီပွဲကျ မှကဖြစ်တာပါ’’ဟု ၎င်းကပြော သည်။

ပြိုင်ပွဲတွင် တောင်ပံဖြင့် ကနိုင်ရန် လေ့ကျင့်ခဲ့ပြီး တောင်ပံများ၏အလေး ချိန်ကို လက်မောင်းတွင်ကြိုး များဖြင့် ချည်၍ထိန်းထားရသောကြောင့် ခက်ခက်ခဲခဲလေ့ ကျင့်ခဲ့ရကြောင်း နန်းစန္ဒာလှထွန်းကပြောသည်။

‘‘တောင်ပံက လေးပေကျော် ကျော်လောက်ရှိတော့ တောင်ပံ ဝိတ်ကို မထိန်းနိုင်လို့ အစပိုင်းမှာ အဆင် မပြေခဲ့ပေမယ့် လေ့ကျင့် တာများလာတော့ နောက်ဆုံး စင်ပေါ်မှာလုပ်နိုင်ခဲ့ပါတယ်’’ဟု နန်းစန္ဒာလှထွန်း ကပြောသည်။

Miss Myanmar World ၏ Talent ပြိုင်ပွဲတွင် အခြားပြိုင်ပွဲ ဝင်များက သီချင်းဆိုခြင်း၊ ရိုးရာ အကကခြင်း၊ တတ်ကျွမ်းသည့် တူရိယာတစ်မျိုးမျိုးကို တီးခတ် ခြင်း၊ ပန်းချီဆွဲခြင်း စသည်ဖြင့် ယှဉ်ပြိုင်ခဲ့ကြသည်။

Miss Myanmar World ပြိုင်ပွဲတွင် Talent ဆုအနေဖြင့် သီးသန့်ပေးအပ် ခြင်းမရှိသော်လည်း အကောင်း ဆုံး Talent ဆု ရရှိသူသည် နောက်ဆုံးအဆင့် ပြိုင်ပွဲတွင် ရွေးချယ်မည့်ဆန်ခါ တင် ၁၀ ဦးစာရင်းသို့ အလို အလျောက် ပါဝင်နိုင်မည်ဖြစ် သည်။

ယင်းပြိုင်ပွဲတွင် ဆန်ခါတင်အလှမယ် ၂၀ ဦး ရွေးချယ်ခဲ့ခြင်းဖြစ်သော်လည်း ပြိုင်ပွဲဝင်များအနက် နှစ်ဦး ထွက်သွားသော ကြောင့် လက်ရှိအချိန်အထိ ပြိုင်ပွဲဝင် ၁၈ ဦးပါဝင်ယှဉ်ပြိုင်လျက်ရှိ သည်။

မေလ ၄ ရက်က ရွေးချယ် ထားသည့် ဆန်ခါတင်အလှမယ် ၂၀ ဦးကို တစ်လခွဲကြာစခန်းသွင်း လေ့ကျင့်မှု ပြုလုပ်မည်ဖြစ်ပြီး နည်းပြအဖြစ် မစ္စတာဘရိုင်ယန် က တာဝန်ယူဆောင်ရွက်ကာ လူမှုရေးလှုပ်ရှားမှု အစီ အစဉ်များ လည်းပြုလုပ်ခဲ့ကြသည်။

မယ်ကမ္ဘာမြန်မာ ၂၀၁၅ ၏ နောက်ဆုံးဖိုင်နယ်ပြိုင်ပွဲကို ဇူလိုင် ၁၁ ရက်တွင် ရှင်စောပု လမ်းရှိ Myanmar Event Park ၌ ပြုလုပ်မည်ဖြစ်ပြီး ပြိုင်ပွဲ နီးလာသည်နှင့်အမျှ စိတ်ဖိစီးမှုလည်း များလာကြောင်း နန်းစန္ဒာ လှထွန်း ကပြောသည်။

7Day News Journal

No comments:

Post a Comment

My Blog List