Sunday, June 28, 2015

ရွေးကောက်ပွဲဝင် နိုင်ငံရေးပါတီများနှင့် ကိုယ်စားလှယ်များဆိုင်ရာ လိုက်နာရမည့်ကျင့်ဝတ် ထုတ်ပြန်


၂ဝ၁၅ ရွေးကောက်ပွဲ ဝင် နိုင်ငံရေးပါတီများနှင့် ရွေးကောက်ခံ ကိုယ်စားလှယ်လောင်းများ လိုက်နာရမည့် ကျင့်ဝတ်များနှင့် ပတ်သက်ပြီး ဇွန် ၂၆ ရက် က ထုတ်ပြန်လိုက်သည်။ ရွေးကောက်ပွဲလုပ်ငန်းစဉ် အောင်မြင် စွာ ဖြစ်ပေါ်လာရေးနှင့် တရား မျှတပြီး လွတ်လပ်သော ရွေးကောက်ပွဲဖြစ် ပေါ်လာစေရေးတို့အတွက် ရည် ရွယ်ပြီး ထုတ်ပြန်သည့် အဆိုပါကျင့်ဝတ်အား နိုင်ငံရေးပါတီ ၆၇ ပါတီမှ သဘောတူကြောင်း လက်မှတ်ရေး ထိုးခဲ့ကြသည်။

''ဒီကျင့်ဝတ်ဟာ ဥပဒေကြောင်းအရ စည်းနှောင်မှုမရှိဘဲ ဥပဒေသက်သေခံတစ်ခုအဖြစ် အသုံးပြုပြီး ဥပဒေ ကြောင်းအရ အရေးယူခြင်း၊ တရားစွဲခြင်း မပြုနိုင်ပါဘူး။ သို့သော်လဲ နိုင်ငံရေးပါတီတွေအနေနဲ့ သဘောတူ ထားတဲ့ ကတိကဝတ်တွေကို ကျင့်ဝတ်အဖြစ် လိုက်နာဆောင်ရွက် ကြရမှာဖြစ်ပါတယ်''ဟု ပြည်ထောင် စုရွေး ကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ပြောသည်။

အခန်းရှစ်ခန်း ပါရှိသည့် နိုင်ငံ ရေးပါတီများနှင့် ကိုယ်စားလှယ်များ လိုက် နာရမည့်ကျင့်ဝတ်တွင် ပြဋ္ဌာန်း ထားသည့် ဥပဒေများအား လိုက်နာရန်၊ အနှောင့်အ ယှက်ပေး ခြိမ်းခြောက်ခြင်းမပြုရန်၊ ငြိမ်းချမ်း စွာ စုဝေးစည်းရုံးခြင်း၊ မဲဆန္ဒရှင်များနှင့် ထိ တွေ့ခြင်း၊ လူထုဆက်သွယ်ရေး မီဒီယာအား အသုံးပြုနည်း၊ ရွေးကောက်ပွဲဆိုင်ရာ စာရွက် စာတမ်းများ၊ အသုံးအဆောင်များ ထုတ်ဝေ ဖြန့်ချိခြင်း နိုင်ငံသားများ၏ လွတ်လပ်စွာ မဲထည့်ခွင့်နှင့် နိုင်ငံရေးလှုပ်ရှားမှုများတွင် ပါဝင်မှုကို လေးစားခြင်း၊ သမာသမတ် ကျ မှု၊ ငွေကြေးသုံးစွဲရာတွင် ဥပဒေ၊ နည်းဥပ ဒေများနှင့်အညီ ဖြစ်ရမည်ဖြစ်ခြင်း စသည့် အချက်များမှာ အဓိက အနေဖြင့် ပါဝင်သည်။

ယင်းအပြင် အငြင်းပွားမှုများကို ဖြေရှင်းရာတွင် ငြိမ်းချမ်းစွာ ဆွေးနွေးဖြေ ရှင်းရန်နှင့် တင်းမာမှုများ ပိုမိုများ ပြားလာ စေနိုင်သည့် လုပ်ဆောင်ချက်များကို ရှောင်ကြဉ်ရန်၊ ပါတီအချင်းချင်း ပါတီအကြီးအသေး၊ ယှဉ်ပြိုင် ဘက် တိုင်းရင်းသားပါတီများ စသဖြင့် ခွဲခြားမှုများမရှိစေရန် စသည့်အချက်များလည်း ပါဝင်သည်။ကျင့်ဝတ် ထုတ်ပြန်သည်မှာ ကောင်းမွန်သည့် ရည်ရွယ်ချက်ဖြစ်သော် လည်း ဥပဒေမဟုတ်သဖြင့် မည်မျှလိုက်နာ သည်ကို စောင့်ကြည့်ရမည်ဖြစ်ကြောင်း ကျင့်ဝတ်ဆိုင်ရာ လက်မှတ်ရေးထိုးခြင်း အခမ်းအနားသို့ တက် ရောက်လာခဲ့သည့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီးက ပြောသည်။ 

''Level Play Field ဆိုတဲ့အား လုံးညီမျှစွာနဲ့ ပါဝင်နိုင်ရေး၊ ယှဉ်ပြိုင်နိုင်ရေး ကိစ္စမှာ နိုင်ငံပိုင်မြေ၊ အဆောက် အအုံရ ထားတာတွေကို အသုံးပြုပြီးတော့ ပါတီစည်း ရုံးရေးတွေ၊ ရွေးကောက်ပွဲအတွက် မဲဆွယ် မှုတွေကို မလုပ်ရဘူးဆိုတာ ဥပဒေမှာလဲရှိ ပြီးသား။ တကယ်ဖောက်ဖျက်တဲ့ အခါကျ ရင် အရေးယူတာ မတွေ့ရဘူး။ ဥပဒေလို ဟာမျိုးတောင် အသက်မဝင်တဲ့ နိုင်ငံမှာ အ ခုလို ကျင့်ဝတ် လက်မှတ်ရေးထိုးတယ်ဆို တာဟာ လက်မှတ်ရေးထိုးတဲ့အဖွဲ့အစည်း တွေက ကိုယ် ကတိကဝတ်ပြုထားတဲ့ ကျင့် ဝတ်၊ စည်းမျဉ်းစည်းကမ်းတွေ အပေါ် ဘယ် လောက် လေးစားလိုက်နာသလဲဆိုတာ စောင့် ကြည့်ဖို့ပဲ ရှိတော့တယ်။ မီဒီယာတွေအနေ နဲ့ကလဲ ဥပဒေနဲ့ ကျင့်ဝတ်ဖောက်ဖျက်တဲ့ အဖွဲ့အစည်းတွေကို ဖော်ထုတ်ပေးဖို့လိုတယ်'' ဟု ဦးကိုကိုကြီးက ဆက်ပြောသည်။

Yangon Media Group

No comments:

Post a Comment

My Blog List