Friday, July 03, 2015

အခြေခံဥပဒေခုံရုံးကို ပယ်ဖျက်ရန် NLD ကိုယ်စားလှယ်ဆွေးနွေး


နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဖွဲ့စည်းထားမှုသည် လိုအပ်မှုမရှိသောကြောင့် အခြေခံဥပဒေ ပါ ပြဌာန်းချက်တွင် ပယ်ဖျက်ရန်လျိုကြာင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင် လမ်းမတော်မဲဆန္ဒနယ် ပြည်သူလွတ်တော်ကိုယ်စားလှယ်ဦးခင်မောင်ဝင်း က လွှတ်တော်တွင် ဆွေးနွေးပြောကြားသည်။

“ဖွဲ့စည်းပုံအခြေခံဥပဒေရုံးက လုပ်ပိုင်ခွင့်တွေကို ပြည်ထောင်စုတရား လွှတ်တော်ချုပ်သို့လွှဲပြောင်းပြီး ခုံရုံးကို ပယ်ဖျက်သင့် ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့အဆိုပြုချက်ကို တင်ပြအပ်ပါတယ်”ဟု ဦးခင်မောင်ဝင်း ကပြောဆို သည်။

ဖွဲ့စည်းပုံ အခြေခံ ဥပဒေခုံရုံး အဖွဲ့သည် လွှတ်တော်နှစ်ရပ်နှင့် နိုင်ငံတော်သမ္မတ ၏ ရွေးချယ်ခန့်အပ်သူ များ ဖြစ်နေပြီး အာဏာခွဲဝေမှု နှင့်အပြန်အလှန်ထိန်းကြောင်းခြင်း စသည့် ဒီမိုကရေစီအခြေခံစည်းမျဉ်း ကိုသွေ ဖယ်ရာရောက် နေကြောင်း ၎င်း ကဆိုသည်။

“ ခုံရုံးထား မှုက အုပ်စုဖွဲ့ထား သည့်သဘောကိုသက်ရောက်နေတယ်။” ဟု ၎င်းက ဆိုသည်။

ယင်းခုံရုံးဖွဲ့စည်းထားမှုကြောင့် အစိုးရသက်တမ်းငါးနှစ်လျှင် ကျပ်သန်း၃၈၀၀ ခန့်ကုန်ကျနေသော ကြောင့် ယခင် အစိုးရ၏ မှားယွင်း သော ဖွဲ့စည်းမှုများကို ပယ်ချ၍ နိုင်ငံတော်ဘဏ္ဍာသုံးစွဲမှုကိုလျော့ချစေလို ကြောင်း ၎င်းက တင်ပြပြောဆိုသည်။

ယနေ့ ကျင်းပသော ပြည်ထောင်စု လွှတ်တော်အစည်းအဝေး တွင် အခြေခံဥပဒေပြင်ဆင်ရေးမူကြမ်းပါ ၄၃၆ (ခ) နှင့်အကျုံးဝင်နေသော ပုဒ်မ ၃၂၁ တွင်ခုံရုံးဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ ခန့်အပ် ခြင်းဆိုင်ရာ ကိစ္စ ကို ဆွေးနွေးစဉ် ၎င်းကယင်းသို့ ဆွေးနွေး ခဲ့ခြင်းဖြစ်သည်။

The Voice Weekly


No comments:

Post a Comment

My Blog List