Friday, July 03, 2015

သမ္မတဦးသိန်းစိန် ဂျပန်ခေါင်းဆောင်များနှင့် တွေ့မည်


ခုနစ်ကြိမ်မြောက် ဂျပန်-မဲခေါင် ထိပ်သီးအစည်းအဝေး တက်ရောက်ရန် ဂျပန်နိုင်ငံ တိုကျိုမြို့သို့ ဇူလိုင်လ ၂ ရက်နေ့က ရောက်ရှိလာသော နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ဂျပန်ဧကရာဇ် အပါအဝင် ဂျပန်နိုင်ငံ ခေါင်းဆောင်အများ အပြားနှင့် တွေ့ဆုံမည်ဖြစ်ကြောင်း ထိပ်သီးအစည်းအဝေး အစီအစဉ်များအရ သိရ သည်။
သမ္မတဦးသိန်းစိန်သည် ဇူလိုင်လ ၃ ရက်နေ့တွင် ဂျပန်နိုင်ငံ ဘုရင်၊ အာဏာရပါတီ ဥက္ကဋ္ဌ၊ ဝန်ကြီးချုပ် ရှင်ဇိုအာဘေး တို့အပြင် လွှတ်တော်နှစ်ရပ်မှ ဥက္ကဋ္ဌများနှင့် တွေ့ဆုံမည်ဖြစ်ကြောင်း အစည်းအဝေး အစီအစဉ်များတွင် ဖော်ပြထား သည်။

သမ္မတဦးသိန်းစိန်နှင့် ပြည်ထောင်စုဝန်ကြီးများ ပါဝင်သော အစိုးရကိုယ်စားလှယ် အဖွဲ့သည် ငါးရက်ကြာမြင့်မည့် ခရီးစဉ်အတွင်း ဂျပန်-မဲခေါင် ထိပ်သီးအစည်းအဝေး၊ ဂျပန်-မြန်မာ ထိပ်သီးအစည်းအဝေးများသို့ တက်ရောက်၍ ထားဝယ်စီမံကိန်းအတွက် သဘောတူလက်မှတ် ရေးထိုးခြင်း၊ ရန်ကုန်မြို့ပတ် ရထားလမ်း အဆင့်မြှင့်တင်ရေးနှင့် ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးမည်ဖြစ်ကြောင်း ဂျပန်နိုင်ငံခြားရေး ဝန်ကြီးဌာန တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

မြန်မာအစိုးရ ကိုယ်စားလှယ်အဖွဲ့တွင် သမ္မတဦးသိန်းစိန်နှင့်အတူ ပြည်ထောင်စုဝန်ကြီး ရှစ်ဦး လိုက်ပါလာပြီး ဒုတိယ ဝန်ကြီးအချို့ အပြင် ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်လည်း ပါဝင်ကြောင်း ကိုယ်စားလှယ်အဖွဲ့ထံမှ သိရသည်။

ဂျပန်ခရီးစဉ်အတွင်း ကိုယ်စားလှယ်အဖွဲ့သည် တိုကျိုမြို့ရှိ ပြည်သူ့အိမ်ရာ စီမံကိန်းသို့ သွားရောက်လေ့လာခြင်း၊ အဆင့် မြင့်နည်းပညာသုံး ကျောက်မီးသွေး လျှပ်စစ်ဓာတ်အားပေး စနစ်တို့ကို သွားရောက်လေ့လာခြင်း အစီအစဉ်များ ပါဝင် ကြောင်း မြန်မာကိုယ်စားလှယ်အဖွဲ့ထံမှ သိရသည်။

The Voice Weekly


No comments:

Post a Comment

My Blog List