တပ်မတော်က အခြေခံဥပဒေအရ အသာစီးရယူထားသည်ဟု ဝေဖန်ခံနေရသော အခြေခံဥပဒေ ပြင်ဆင် ရေးဆိုင်ရာ အခန်း ပုဒ်မ ၄၃၆ (က) အပါအဝင် အချက်အချို့ ပြင်ဆင်ရန် ကြိုးပမ်းမှု မအောင်မြင်သော် လည်း ဆက်လက်ကြိုးပမ်း အားထုတ်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေ မန်း က ပြောကြားသည်။
ပြည်ထောင်စုလွှတ်တော် နာကယ သူရဦးရွှေမန်းက ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပုဒ်မ ၄၃၆ (က)၊ ၅၉ (စ) အပါအဝင် ပုဒ်မ ၆ ခုကို ပြင်ဆင်ရန် ကြိုးပမ်းရာ ပုဒ်မတစ်ခုသာ ပြင်ဆင်ရန် အောင်မြင်ခြင်းနှင့် ပတ်သက် ပြီး ၎င်း၏ကိုယ်ပိုင် Facebook စာမျက်နှာမှတစ်ဆင့် ယင်းသို့ ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် တပ်မတော်နှင့် ပြည်သူအကြား ပိုမိုကောင်းမွန်သော ချစ်ကြည်ရေး တည်ဆောက်ရန်နှင့် ပြည်တွင်းငြိမ်းချမ်းရေး ရရှိရေးအတွက် အထောက်အကူပြုနိုင်ရေး အတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဖြေလျော့ပြင်ဆင်နိုင်ရေး ပြည်ထောင်စုကြံခိုင်ရေးပါတီက ကြိုးပမ်းသော်လည်းအောင်မြင် မှု မရှိခဲ့သည့် ထပ်မံကြိုပမ်းသွားမည် ဖြစ်ကြောင်း ၎င်း၏ ထုတ်ပြန်ချက်တွင်ထည့်သွင်းရေးသားထားသည်။
ဇွန်လ ၂၅ ရက်နေ့က ကျင်းပသော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် အခြေခံဥပဒေ ပြင်ဆင် ရေးဆိုင်ရာ အခန်းပုဒ်မ ၄၃၆ (က) နှင့် ၅၉ (စ) အပါအဝင် ပုဒ်မခြောက်ကို မဲခွဲဆုံးဖြတ်ရာ ပုဒ်မအများစုမှာ အောင်မြင်ခြင်း မရှိခဲ့ပေ။
နိုင်ငံတော်သမ္မတ အရည်အချင်း သတ်မှတ်ချက်ဆိုင်ရာ ပုဒ်မ ၅၉ (ဃ) ပါ နိုင်ငံတော်သမ္မတ၏ အရည်အ ချင်းဖြစ်သော စစ်ရေးအမြင် ရှိရမည်ဟူသော စာသားအစား ကာကွယ်ရေးအမြင်ဟု ပြင်ဆင်ချက် တစ်ခု သာလျှင် အောင်မြင်ခဲ့ခြင်း ဖြစ်သည်။
ပြင်ဆင်ရေးအတွက် ကိုယ်စားလှယ် ၃၀ ကျော်က သုံးရက်ကြာ ဆွေးနွေးချက်များတွင် တပ်မတော်သား ကိုယ်စားလှယ် ၃ ဦးသည် ကျန်သည့်ပုဒ်မများကို မပြင်လိုကြောင်းနှင့် ပုဒ်မ ၅၉ (ဃ) ကိုသာ ပြင်ဆင်ရန် ထောက်ခံကြောင်း ဆွေးနွေးခဲ့ပြီး ယင်းကဲ့သို့ ထောက်ခံမဲ ရရှိခဲ့ခြင်း ဖြစ်သည်။
အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် မဲခွဲဆုံးဖြတ်ရာတွင် ပုဒ်မ ၅၉ (စ)၊ ပုဒ်မ ၆၀ (ဂ)၊ ပုဒ်မ ၄၁၈ (ခ)၊ ပုဒ်မ ၄၃၆ (က)၊ ပုဒ်မ ၄၃၆ (ခ) တို့မှာ ပြင်ဆင်ရန် လိုအပ်သည့် ထောက်ခံမဲ အရေအတွက် မရရှိခဲ့ကြောင်း လွှတ်တော်ကိုယ်စားလှယ်များက ဆိုသည်။
ပုဒ်မ ၅၉ (စ) က ထောက်ခံမဲ ၃၇၁ မဲ၊ ပုဒ်မ ၆၀ (ဂ) က ထောက်ခံမဲ ၃၈၆ မဲ၊ ပုဒ်မ ၄၁၈ (ခ) က ထောက် ခံမဲ ၃၈၆ မဲ၊ ပုဒ်မ ၄၃၆ (က) က ထောက်ခံမဲ ၃၈၈ မဲနှင့် ပုဒ်မ ၄၃၆ (ခ) က ထောက်ခံမဲ ၃၈၈ မဲတို့သာ ရရှိခဲ့သည်။
ပြည်ထောင်စုလွှတ်တော်တွင် မဲပေးခွင့်ရှိသူ ၆၃၃ ဦး ရှိသည့်အနက် ယနေ့ လွှတ်တော်တက်ရောက်သူ အရေအတွက်မှာ ၅၈၃ ဦး ဖြစ်ကြောင်းနှင့် ၇၅ ရာခိုင်နှုန်းကျော် ရရှိရန်အတွက် ထောက်ခံမဲ ၄၇၅ မဲ လိုအပ်ကြောင်း လွှတ်တော်ကိုယ်စားလှယ် အချို့က ရှင်းပြသည်။
ဇွန်လ ၂၆ ရက်နေ့တွင် ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင်လည်း အခြေခံဥပဒေနှင့် ညီညွတ်မှု မရှိသော အစိုးရအဖွဲ့၏ ဥပဒေ ၇ ခုပါ ပြဌာန်းချက်အချို့ကို မဲခွဲဆုံးဖြတ်ပြီးသည့် အချိန်တွင် ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက မိမိကိုယ် မိမိသနားကြောင်း ပြောဆိုခဲ့သည်။
“သနားတယ်၊ သနားစရာကောင်းတဲ့ သူတွေကိုလည်း သနားတယ်၊ မိမိ လွှတ်တော်ဥက္ကဋ္ဌကိုလည်း သနားတယ်၊ စာနာသင့်တဲ့ သူတွေကိုလည်း စာနာပါတယ်၊ ဒီအပေါ်မှာ ထိုင်နေရတဲ့ ကိစ္စကို သနားပေး ကြပါ၊ စာနာပေးကြပါ” ဟု ၎င်းကဆိုသည်။
ယင်းကဲ့သို့ မဲခွဲဆုံးဖြတ်ခြင်း၏ ဆွေးနွေးတင်ပြချက်များ၌ အဂတိကင်းစွာ ပြောဆိုတင်ပြခြင်း ရှိမရှိ မေးခွန်း ထုတ်လိုပြီး သိရက်နှင့် မဆောင်ရွက်သည့် အခြေနေများ ရှိနေသောကြောင့် မြန်မာနိုင်ငံ၏ တိုးတက်မှုအ တွက် များစွာအခက်အခဲ ဖြစ်နေရကြောင်း ၎င်းက ပြောသည်။
လွှတ်တော်တွင် လုပ်ဆောင်ရမည့် ကိစ္စများများစွာ ကျန်ရှိနေသောကြောင့် မလိုအပ်သော ဆွေးနွေးချက် များ၊ ဥပဒေကို လေ့လာမှု မရှိသော ဆွေးချက်များ ရှိနေသောကြောင့် အချိန်ကုန်စေပြီး၊ အတည်ပြုနေ သော ဥပဒေများကို အခြေခံဥပဒေနှင့် ညီညွတ်မှုမရှိဟု ယူဆပါက တက်ရောက်လာသည့် အစိုးရအဖွဲ့မှ ပုဂ္ဂိုလ်များအနေဖြင့် အခြေခံဥပဒေဆိုင်ရာ ခုံရုံးသို့ စာရေးတင်ပြနိုင်ကြောင်း ၎င်းက ထပ်လောင်းပြောကြား သည်။
အခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ ပုဒ်မများနှင့် အစိုးရအဖွဲ့နှင့် တိုက်ရိုက်သက်ဆိုင်နေသော ဥပဒေများ ပြင်ဆင်ရေးကိစ္စ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် အများစု ကန့်ကွက်ကြောင်း ပြောဆိုခဲ့ကြ သည်။
The Voice Weekly
No comments:
Post a Comment