Wednesday, July 01, 2015

ဖွဲ့စည်းပုံမှ ပုဒ်မ-၄၃၆(ခ)ကို ပြင်ဆင်နိုင်ပါက တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးရရှိရန် အထောက်အကူပြုမည်ဟု သူရဦးရွှေမန်းဆို


ပြည်ထောင်စုလွှတ် တော်တွင် ထပ်မံဆွေးနွေးဆုံးဖြတ်မည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင် ရေးလုပ်ငန်း အဆက် ပုဒ်မ-၄၃၆(ခ) ပါ ပြဋ္ဌာန်းချက်များ ကို ပြင်ဆင်နိုင်ပါ က တိုင်းရင်းသား စည်းလုံးညီညွတ် ရေး၊ အမျိုး သားပြန်လည်သင့်မြတ် ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးရရှိ ရေးအတွက် အထောက်အကူပြုနိုင် မည်ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ သူရဦးရွှေမန်း က ယင်း၏လူမှုကွန်ရက်ဖေ့စ် ဘွတ်ခ် စာမျက်နှာမှ တစ်ဆင့် ထုတ်ပြန်လိုက်သည်။

ယင်းသို့ ဖွဲ့စည်းပုံပြင်ဆင်ရေး နှင့်ပတ်သက်ပြီး ထုတ်ပြန်ချက်ကို ဇွန် ၃ဝ ရက်တွင် ရေးသားထုတ်ပြန်ခဲ့ခြင်း ဖြစ်ပြီး ပြည်ထောင်စုလွှတ်တော်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်သည့် ဥပဒေကြမ်း ပုဒ်မ-၄၃၆(ခ)ပါ ပြင် ဆင်ပြဋ္ဌာန်းချက်များကို လွှတ်တော်တွင် စတင်ဆွေးနွေးနေသည့်အချိန် လည်းဖြစ်သည်။

ယင်းထုတ်ပြန်ရေးသားချက် တွင် ပြည်ခိုင်ဖြိုးပါတီမှ စတင်တင် သွင်းခဲ့သည့် ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးလုပ်ငန်း၏ အ ဆက်အဖြစ် ပုဒ်မ-၄၃၆(ခ) ပြင်ဆင် ရေးကို ယနေ့(ဇွန် ၃ဝရက်)တွင် ပြည် ထောင်စုလွှတ်တော်၌ စတင်ဆွေးနွေး ဆောင်ရွက်နေကြောင်းကို အသိပေးပါကြောင်း ယခင်ဆောင် ရွက်ခဲ့သည့် ပုဒ်မ-၄၃၆(က)ကဲ့သို့ပင် အလားတူ အရေးကြီးသည့် အချက်များ ပုဒ်မ- ၄၃၆(ခ)တွင် ပါရှိနေ ကြောင်း၊ ပုဒ်မ- ၄၃၆(ခ)ကို ပြင်ဆင်သွားနိုင်ခြင်းဖြင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေး နှင့် ငြိမ်းချမ်ရေးရရှိရေးတို့အတွက် အထောက်အကူပြုနိုင်မှာဖြစ်ကြောင်း ဖော်ပြ ထားသည်။

ယင်းအပြင် အဆိုပါပုဒ်မ-၄၃၆ (ခ)ပြင်ဆင်ရေး ဆောင်ရွက်ရသည့် ရည်ရွယ်ချက်မှာ (က)တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ အစဉ်တောင်း ဆိုလျက်ရှိသည့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ တန်းတူ ညီမျှ ခွင့်၊ ဗဟိုဦးစီးမှုလျှော့ချရေး စသည် တို့ဖြစ်ပေါ်လာရေး၊ (ခ)တိုင်းဒေသ ကြီးနှင့် ပြည်နယ်လွှတ်တော် များက ရွေးချယ် တင်မြှောက်သူသာလျှင် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည် နယ်တို့၏ ဝန်ကြီးချုပ်အ ဖြစ် ခန့်ထား ရေး (ဂ)အုပ်ချုပ်ရေးအဖွဲ့များ၏ ကွပ် ကဲမှုအောက် ရောက်ရှိနေသည်ဟု စွပ် စွဲပြောဆို ခံ နေရသော တရားရေးအ ဖွဲ့အစည်းများအား သီးခြားလွတ်လပ် စွာ တရားမျှတစွာ တရားစီရင်နိုင်သော အခြေအနေများသို့ ရောက်ရှိရေး (ဃ)အမျိုးသားပြန်လည်သင့်မြတ်ရေး ကို ထိခိုက်စေသော ''ကိုယ်စား လှယ် များ ပြန်လည်ရုပ်သိမ်းခြင်း ကိစ္စရပ် များ'' မဖြစ်ပေါ်ရေး (င)ရှေ့နောက် ဆက်စပ်လျော်ညီမှုမရှိသော ကိစ္စရပ် များအား ပြင်ဆင်ဆောင်ရွက်သွား နိုင်ရေးတို့ဖြစ်ကြောင်း ရေးသားထုတ် ဖော်ထားသည်။

‪‎DemocracyTodayNewspaper‬

No comments:

Post a Comment

My Blog List