Monday, June 29, 2015

ပြင်ဆင်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်း အတည်ပြုရလဒ်အပေါ် အမြင်များ


ဦးကျော်သူ (နာ/ကူဥက္ကဋ္ဌ- ရန်ကုန်)
=======================
''လွှတ်တော်မှာက တပ်မတော်သားကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းကရှိပြီးသား။ အဲဒါက တစ်ကြောင်း၊ နောက်ပြီး ကျန်တဲ့လူတွေက မဲဘယ်လိုထည့်မလဲ၊ ဘယ်မဲထည့်မလဲဆိုတာမသိရဘူး။ မှန်၊မမှန် ဆိုတာလဲ မသိ ရဘူး။ စက်ကိုင်တဲ့လူအပေါ်မှာလဲ မူတည်တယ်။ အရင်ကလဲဖြစ်ဖူးတယ်လေ။ လူမရှိဘဲနဲ့ အဲဒီနေရာ က မဲထည့် လိုက်တာ။ ပြည်သူကို ကိုယ်စားပြုတဲ့လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ရွေးတယ်ဆိုပေမယ့်လဲ ပြည်သူ့ဆန္ဒဟုတ်ချင် မှဟုတ်မှာ။ ပြည်သူကိုကိုယ်စားပြုတဲ့ အစိုးရဆိုရင် ပြည်သူ့ဆန္ဒကိုပဲ အသိအမှတ်ပြု ရမယ်၊ လိုက်နာရမယ်လေ။ အခုက ပြည်သူတွေ တကယ်ပြင်ချင်တဲ့ ပြည်သူရာခိုင်နှုန်း ဟုတ်ချင်မှဟုတ် မယ်။ ပြည်သူ့သဘောထား ဟုတ်ချင်မှ ဟုတ်မယ်။ ပြည်သူ့ဆန္ဒအမှန်နဲ့ ပြည်သူတွေပြင်ဆင်တဲ့အတိုင်း ဖြစ်ဖို့လိုတယ်။ ဘယ်သူမှန်တယ်ဆိုတာလဲ ပြော လို့မရဘူး။ ပြည်သူတွေဆန္ဒအတိုင်း ပြန် ကောက်ရမယ်။ ပြောချင်တာကတော့ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲလုပ် ဖို့ပဲ။ လွှတ်တော်ကိုယ်စားလှယ်တွေ ဆုံးဖြတ်တာထက် ပြည်သူတွေဆုံးဖြတ်တာ ပိုကောင်းပါတယ်''

ဒေါ်နန်းခင်ထွေးမြင့် (ဗဟိုအလုပ်အမှုဆောင်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)
=================================================
''၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာမှ ပြင်ဖို့လုပ်တဲ့ပုဒ်မတွေကို စိတ်ရင်းစေတနာမှန်လို့ရှိရင် ပြင်ပေးချင် တဲ့ စိတ်ရှိပါတယ်။ ပြည်သူလူထုကဒီလောက်တောင် တောင့်တနေကြတာပါ။ အခုဟာက တကယ်ကို ပြင် ဆင်ပေး ချင်တဲ့စိတ်မရှိဘူးဆိုတာ သိသာနေတာပဲဟာ။ ၂ဝဝ၈ဖွဲ့စည်းပုံအခြေခံဥပဒေဟာလဲ ဘက်လိုက် ပြီးဆွဲထားတယ်ဆိုတာ အားလုံးကသိနေတာပဲလေ။ ပြင်ဆင်ချင်တဲ့စိတ်မရှိဘူးဆိုကတည်းက စိတ်ရင်းစေ တနာ မကောင်းဘူးဆိုတာ ပေါ်လွင် လာတာပေါ့။ လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ထားတယ်ဆိုတာကလဲ အဲဒီ အထဲ ကန့်ကွက်တဲ့လူတွေပါတယ်လေ။ ကန့်ကွက် တဲ့လူတွေကိုပြောတာ ဟို ၃၃၈ယောက်ကို ပြောတာ မဟုတ်ပါဘူး။ ကန့်ကွက်တဲ့လူတွေဟာ အမှန်တကယ်ပြင် ဆင်သင့်တယ်ဆိုတာကို သိနေလျက်နဲ့ ဒါကို မပြင်ဆင်ဘူးဆိုတာ သူတို့ရဲ့စိတ်ရင်းစေတနာမမှန်လို့ ပြင်ဆင်ရေးကြီး ဟာ ဒီလိုဖြစ်သွားတာပါ။ အမှန်တွေ ပေါ်လာပြီပေါ့''

စည်သူအောင်မြင့် (စာရေးဆရာ၊ သတင်းသမား)
==================================================
''ပြင်ဆင်ရေးရှုံးတယ်ဆိုတာကလဲ ပြည်ခိုင်ဖြိုးကသူရဦးရွှေမန်းတို့ကတင်တဲ့အဆို ရှုံးတာပဲလေ။ အင်န်အယ် လ်ဒီက အဆိုမှတင်ခွင့်မရလိုက်ဘဲ။ အဓိပ္ပာယ်ကသူရဦးရွှေမန်းတို့ပြည်ခိုင်ဖြိုးကတင်တဲ့ဟာကို တပ်မတော် ဘက်က လက်မခံဘူး။ သဘောမတူဘူးဆိုတဲ့ ဒီသဘောပါပဲ။ ကြံ့ခိုင်ရေးမှာက အုပ်စုနှစ်စုကွဲနေတယ်။ ရှိနေ တယ်။ သမ္မတဦးသိန်းစိန် ဦးဆောင်တဲ့အုပ်စုဆိုလဲပဲ ဒါလဲ ကြံ့ခိုင်ရေးပဲလေ။ နောက်အုပ်စုက သူရဦးရွှေမန်း တို့ပေါ့။ အခုလောလောဆယ်ပြဿနာမှာကသူရဦးရွှေမန်းအုပ်စုကို တပ်မတော်ဘက်ကမထောက်ခံဘူးပေါ့ ဒီသဘောပါပဲ။ စိတ်ရင်းစေတနာဆိုတာက စစ်တပ်ကိုချည်းပဲ ပြောလို့မရဘူး။ ပြည်ခိုင်ဖြိုးလဲ အတူတူပဲ။ သူတို့တင်တဲ့ ဥပဒေကြမ်းမှာကိုက ဒေါ်အောင်ဆန်းစုကြည်လဲ ပြောပြီးပြီးပဲလေ။ ဘာမှ နှယ်နှယ်ရရ ပြင် ထားတာမပါဘူးလေ။ ဟန်ပြလောက်ပဲ ပြင်ထားတာကို သူတို့နှစ်ဦးစလုံးကအတူတူပါပဲ။ ဘယ်သူက ပိုဆိုး တယ် ဆိုတာတော့မရှိပါဘူး။ ဒီပြင်ဆင်မှုတွေနဲ့ပတ်သက်လို့ ၂ဝ၁၅ ရွေးကောက်ပွဲမှာ ဘာမှတော့မဖြစ်နိုင် ဘူးလို့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ပြောထားတာပဲလေ။ လွှတ်တော်ကို လွှမ်းမိုးထားတာက ပြည်ခိုင် ဖြိုးက လွှမ်းမိုးထားတာပဲ။ လွှတ်တော်က တန်ဖိုးရှိတဲ့အချိန်တွေကို ဖြုန်းတာပေါ့။ တန်ဖိုးရှိတဲ့လွှတ်တော်က အချိန်ဖြုန်းတယ်လို့ မြင်တယ်''။

ဦးတင်မောင်ဦး (ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ကြံ့ခိုင်ရေးပါတီ)
==============================================
''လွှတ်တော်အနေနဲ့ ပါတီတွေဘက်ကနေပြီး ဥပဒေကြမ်းတင်တယ်။ ဒုတိယအဆင့်နေ ၄၃၆(က)ကို ဆွေးနွေးတယ်။ အကြမ်းဖျင်းကြည့်ရင်တော့ ပုဒ်မအနေ နဲ့ပြောရင် လေးခုမှာတစ်ခု၊ ပုဒ်မခွဲအနေနဲ့ပြောရင် ခြောက် ခုမှာတစ်ခုပေါ့။ 
ဒါကို အောင်မြင်လိုက်ခြင်းသည် အဆင့် ဆင့်တော့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးမှာ ဖွဲ့စည်း ပုံအခြေခံဥပဒေ ပြင်ဆင်ရေးမှာ အရွေ့တစ်ခုကိုရွေ့နိုင် တယ်လို့ပြောရမှာဖြစ်ပါတယ်။ ဒီအချိန်မှာတော့ တပ်မ တော်အနေနဲ့က လွတ်လပ်ရေးနဲ့ အချုပ်အခြာအာဏာ ထိန်းသိမ်းဖို့၊ တို့တာဝန်အရေးသုံးပါးကို ထိန်းသိမ်းဖို့အ တွက် သူတို့က တာဝန်ရှိတယ်။ ဒီအချိန်မှာတော့ ဖွဲ့စည်း ပုံအရ လွှတ်တော်ထဲမှာ ၂၅ရာခိုင်နှုန်းရှိနေတာကို လက်ခံ ရမှာဖြစ်တယ်။ သို့သော် ဖွဲ့စည်းပုံပြင်တာကိုတော့ နိုင်ငံ သူနိုင်ငံသား တိုင်းရင်းသားတွေနဲ့ ရဟန်းရှင်လူပြည်သူ တွေအရေးအကြောင်းဆို ပြင်နိုင်အောင်လို့ ဟထားပေး သင့်တယ်။ ၂၅ ရာခိုင်နှုန်းကိုတော့လျှော့ဖို့မလိုဘူး။ ဖွဲ့ စည်းပုံပြင်တာလေးကိုတော့ စဉ်းစားပေးဖို့လိုတယ်။ ဒါ ပေမဲ့ သူတို့ဘက်က ချက်ချင်းကြီးတော့ ခွင့်ပြုမှာမဟုတ် ဘူး။ ပြင်ချင်တာအားလုံးတော့ မရနိုင်သေးပါဘူး။ တစ် ချက်ကလေး ပြင်လို့ရတာကိုပဲ တပ်မတော်က အရွေ့ တစ်ခုကို လိုက်ပါလာတယ်လို့ ပြောရမှာဖြစ်ပါတယ်။ နိုင်ငံ ရေးအရ အောင်မြင်တယ်လို့ပြောရမယ်။ ပါတီဘက်က ပြည်သူတွေတောင်းဆိုမှုကို တင်ပေးတာ တကယ့်ုနပ ဏူပေနမျ က တပ်မတော်ဖြစ်တော့ သူတို့ဘက်ကလဲ ခွင့်ပြု နိုင်သလောက်ပဲ ဖြစ်မှာပါ''။

ဒေါ်နော်စူစန်နာလှလှစိုး၊ (အခြေခံဥပဒေပြင်ဆင်ရေး ပြည်သူ့အခြေပြုအဖွဲ့ဝင်၊ အမျိုးသမီးကွန်ရက်)
=================================================
''ကျွန်မတို့ပြည်သူတွေလိုချင်တဲ့ ရလဒ်မဟုတ် ပါဘူး။ ပြီးခဲ့တဲ့နှစ်က တစ်နှစ်လုံးနီးပါး အချိန်ကုန်လူပင် ပန်းခံပြီး ဒီပုဒ်မ ၄၃၆တို့၊ ၅၉(စ)တို့ ပြင်ဆင်ရေးကို ဟော ပြောပွဲတွေ၊ လူထုလှုံ့ဆော်မှုတွေလုပ်ခဲ့ပါတယ်။ ပြီးတော့ ၄၃၆ပြင်ဆင်ရေး လူထုလက်မှတ်ငါးသန်းကိုလဲ လွှတ်တော် ကို ပေးပို့ခဲ့ပါတယ်။ ပြည်သူ့အသံ လွှတ်တော်အသံလို့ဆို ပေမယ့် တကယ်တမ်းကျတော့ ပြည်သူ့အသံတွေက အရာ မရောက်ခဲ့ပါဘူး။ ဒါကြောင့် လွှတ်တော်ထဲမှာရှိတဲ့ အမတ် အများစုဟာ
ပြည်သူလူထုက ရွေးချယ်တဲ့သူတွေဖြစ်တယ် ဆိုတာ ပြောဖို့ခက်ပါတယ်။ မသမာတဲ့နည်းတွေနဲ့ လွှတ် တော်ထဲရောက်သွားကြလို့သာ အခုလို ပြည်သူ့အသံဖြစ် တဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးကို မျက်ကွယ်ပြုခဲ့တယ်ဆိုတာ ရှင်းပါတယ်။ ပြည်သူ့ကိုယ်စားလှယ်မှန်ရင် ပြည်သူ့အသံ အတွက် တာဝန်ယူရမှာပေါ့။ ကျွန်မအနေနဲ့တော့ အစ ကတည်းက ဖွဲ့စည်းပုံအခြေခံဥပဒေကို မကြိုက်တဲ့ အတွက် ဆက်လက်ကန့် ကွက်သွား မှာပဲ။ လုပ်စရာရှိတာ တွေကို ဆက်လုပ်သွားမှာပါ''။

Yangon Media Group 


No comments:

Post a Comment

My Blog List