Tuesday, June 30, 2015

မဲစာရင်းမှန်ကန်ရန် ကိုယ်တိုင်ပါဝင်ဆောင်ရွက်ခြင်းသည် ပါတီမဲရရန်မဟုတ်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော


မဲစာရင်းများမှန် ကန်ရေးအတွက် ကိုယ်တိုင်ပါဝင် ဆောင်ရွက်နေခြင်းသည် မိမိတို့ ပါတီမဲရရှိရေးအတွက် ဆောင် ရွက်နေခြင်းမဟုတ်ဘဲ မဲပေးခွင့်ရှိသူတိုင်း မဲပေးခွင့်ရရှိနိုင်စေရန် ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ဇွန်လ ၂၉ ရက်တွင် ပြုလုပ် သည့် ပြည်သူ့လွှတ်တော်အစည်း အဝေးမကျင်းပမီ လွှတ်တော်အ တွင်း မီဒီယာများနှင့် တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည်က အ ထက်ပါအတိုင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

‘‘အန်တီတို့ကတော့ ဘယ်ပါ တီအတွက်ဆိုပြီး လုပ်တာမဟုတ် ဘူး။ ကိုယ့်ပါတီတော့ မဲပေးစေ ချင်တာပေါ့။ ဒါကတော့ ဗြောင် ပြောလို့ရပါတယ်။ ဒါပေမဲ့ မဲစာ ရင်းထဲမှာပါဖို့က အဓိက။ မဲစာရင်းထဲမှာပါပြီးရင် ဘယ်ပါတီကို မဲပေးမယ်ဆိုတာ ကို သိပိုင်ခွင့်လည်းမရှိဘူး’’ဟု ဒေါ်အောင်ဆန်းစု ကြည်က ပြောသည်။

မဲစာရင်းများမှန်ကန်မှုရှိစေ ရေး အသိပညာပေးနှိုးဆော်ရန် ဒေါ်အောင်ဆန်းစုကြည်ကိုယ် တိုင် ယခုလ ၂၇ ရက်တွင် နေပြည် တော် ပုဗ္ဗသီရိမြို့နယ်၌ တစ်အိမ်တက်၊ ဆင်း တွေ့ဆုံပညာပေးမှုပြုလုပ်ခဲ့ခြင်းကို ရည်ညွှန်းပြောကြားခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် နေပြည်တော် ဇမ္ဗူ သီရိမြို့နယ်သို့ မဲစာရင်းကောက် ခံရန် သွားရောက်သည့် NLD ပါတီဝင်နှစ်ဦးကို ပိုင်နက် ကျူးလွန်မှု ဖြင့် အမှုဖွင့်ခံရခြင်းအပေါ် မိမိတို့ ပါတီဝင်အနေဖြင့် ဥပဒေဘောင် အတွင်းမှသာ ဆောင်ရွက်ခြင်း ဖြစ်သဖြင့် အမှားအယွင်းမရှိဘဲ တရားစွဲဆိုပါက တရားဥပဒေအ ရ ရင်ဆိုင်မည်ဖြစ်ကြောင်း ဥက္ကဋ္ဌက ပြောသည်။ 

မဲစာရင်းများ မှန်ကန်ရေးအတွက် အားလုံးတွင် တာဝန်ရှိပြီး မီဒီယာအပါအ၀င် ပြည်သူများ၊ အဖွဲ့အစည်းများ အားလုံးက ပူးပေါင်းဆောင်ရွက်ရန် တာဝန်ရှိကြောင်း ဒေါ်အောင် ဆန်းစုကြည်က တိုက်တွန်းပြော ကြားသည်။

ရှေ့ပြေးမဲစာရင်း မှန်၊ မမှန် စိစစ်ရန် ဒေါ်အောင်ဆန်းစုကြည် နေပြည်တော် ပုဗ္ဗသီရိမြို့နယ်နေ ပြည်သူများအား မှာကြားစဉ် (ဓာတ်ပုံ - ရဲနိုင်)
7Day Daily

No comments:

Post a Comment

My Blog List