Sunday, June 28, 2015

မဲစာရင်းမှန်၊ မမှန် စိစစ်ရန် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ကွင်းဆင်းပညာပေး



နေပြည်တော် ပုဗ္ဗသီရိမြို့နယ်တွင် ပြည်သူများ မဲစာရင်းအမှန်စိစစ်ရန် အသိပညာပေးနှိုးဆော်မှုကို ပထမ ဆုံးအကြိမ် အဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် တစ် အိမ်တက်၊ ဆင်းလုပ်ဆောင်ခဲ့ကြောင်း သတင်း ရရှိသည်။
ဇွန်လ ၂၇ ရက်က ဗုဗ္ဗသီရိမြို့နယ် ကျည်တောင်တန် တိုက်နယ် အမှတ်(၂)ရပ်ကွက်ရှိ အိမ်ထောင်စု ၂၀ ကျော်ကို မွန်းလွဲ၂ နာရီမှစတင်၍ ညနေ ၅ နာရီခန့်အထိ သုံးနာရီကြာ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ပြည်ထောင် စု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသည့် အခြေခံမဲဆန္ဒရှင်စာရင်းတွင် မိမိအမည်ကို သွားရောက် ကြည့်ရှုရန်၊ မဲစာရင်းတွင်အမည်မပါရှိခြင်း၊ အချက်အလက်များမှားယွင်းနေပါက မည်သို့လုပ်ဆောင်ရန် စသည့်အချက်အလက်များကို ပြည်သူများနှင့် အပြန်အလှန်ပြောဆိုကာ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ရှင်းပြခဲ့သည်။

‘‘ဒေါ်စုကိုယ်တိုင် လာသွား တာ ၀မ်းသာတယ်။ မမှန်တာတွေ အမှန်ဖြစ်တယ်။ မသိတာတွေ သိ ကြတယ်။ အဘွားတို့ အိမ်မှာသား တစ်ယောက်ပဲမှားတယ်။ ပြင်ပြီး ပြီ။ ပြင်ပြီးရင်လည်း မှန်၊မမှန် သွားကြည့်ဦးလို့ မှာသွားတယ်’’ ဟု ကျည်တောင်ကန်ရွာမှ အ သက်(၈၂)နှစ်အရွယ် ဒေါ်သန်း တင့်ကပြောသည်။

ယခုကဲ့သို့ ဒေါ်အောင်ဆန်း စုကြည်ကိုယ်တိုင်လာရောက်၍ မဲ စာရင်းအမှန်စိစစ်ရန်အသိပညာ ပေးခြင်းကို ဒေသခံများကြိုတင်မသိရှိဘဲ မဲစာရင်းများလည်း အိမ်တိုင်းနီးပါး အမှားအယွင်းရှိနေ ကြောင်း ကျည်တောင် တန်ရွာ သားဦးအောင်ခိုင်ကဆိုသည်။

‘‘မှားစရာကိုမလိုဘူး။ စာ ရင်းတွေက ပုံမှန်ကောက်နေတာ ပဲ။ မှတ်ပုံတင်က လေးလုံးပဲပါလာတယ်။ အမှန် က ခြောက်လုံး ဆိုတာလူတိုင်းသိတယ်’’ဟု ၎င်း၏ ဇနီးမဲစာရင်းတွင် မှတ်ပုံတင်နံပါတ်လေးလုံးသာပါရှိသည့် အမှားအပေါ် ဦးအောင်ခိုင်က ထောက်ပြပြောသည်။ ထိုသို့တွေ့ဆုံခဲ့သည်မိသား စု၊ အိမ်ထောင်စုများတွင် မှတ်ပုံ တင်မရှိခြင်း၊ အချက်အလက်များ မှားယွင်းနေခြင်းစသည့်အချက် အလက်များကို ကူညီရန်ဒေါ် အောင်ဆန်းစုကြည်က ယင်းမြို့ နယ်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှ ပါတီဝင်များအားညွှန်ကြား ခဲ့ သည်။ 



၂၀၁၅ အထွေထွေရွေး ကောက်ပွဲသည် တိုင်းပြည်ကံကြ မ္မာနှင့်အနာဂတ်အတွက်လွန်စွာ အရေးကြီးသည့် ရွေးကောက်ပွဲ ဖြစ်သောကြောင့် ပြည်သူများအနေဖြင့် မဲစာရင်းနှင့် မဲပေးခြင်းတို့ကို အဓိကထားလုပ်ဆောင် ရန် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောကြားခဲ့သည်။

‘‘အန်တီတို့ချည်းပဲလုပ်လို့မ ဖြစ်ဘူး။ ပြည်သူတွေက အားလုံး ၀ိုင်းဝန်းပြီးတော့ မဲစာရင်းတွေမှာ မှန်မှန်ကန် ကန် ဖြစ်ဖို့လိုတယ်။ ရွေးကောက်ပွဲမှာ မဲပေးပိုင်ခွင့်ရှိတဲ့သူတွေ၊ မဲစာရင်းမှာ ပါဖို့၊ ပါပြီးတော့လည်း ဒီအ တိုင်း မပြီးသေးဘူး။ ရွေးကောက်ပွဲနေ့မှာ မဲ ထည့်ဖို့လိုတယ်။ အဲဒါလည်းမပြီး သေးဘူး။ မှန်မှန်ကန်ကန်မဲ ထည့် ဖို့လိုတယ်’’ဟု ဒေါ်အောင်ဆန်းစု ကြည်က မဲစာရင်းမှန်ကန်ရေးစိ စစ်မှုအပေါ်မီဒီယာများအားပြော ကြားသွားသည်။

၂၀၁၅ အထွေထွေ ရွေး ကောက်ပွဲအတွက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ထုတ် ပြန်ထားသည့် အခြေခံမဲဆန္ဒရှင် စာရင်းသည် ၃၀ ရာခိုင်နှုန်းမှ ၈၀ ရာခိုင်နှုန်းအထိ မှားယွင်းနေ ကြောင်း အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်က ရွေးကောက်ပွဲကော်မရှင်ထံ အိတ်ဖွင့်စာတစ်စောင်ပေး ပို့ခဲ့သည်။ ‘‘အမေစုက မဲစာရင်း နဲ့ ပတ်သက်ပြီး ကိုယ်တိုင်လာ ရောက်ပြောသွားတဲ့အတွက်သွား မကြည့်ရသေးတဲ့သူတွေပိုပြီးအာ ရုံစူးစိုက် မှုရှိလာနိုင်ပါတယ်’’ ဟု မဲစာရင်း သွားရောက်မကြည့်ရ သေးသူ ကျည်တောင်တိုက်နယ်မှ အမျိုးသမီးတစ်ဦး ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည် ပုဗ္ဗသီရိမြို့နယ်တွင် ရှင်းလင်းပြောကြားနေစဉ် (ဓာတ်ပုံ − ရဲနိုင်)
7Day Daily



No comments:

Post a Comment

My Blog List