Monday, June 29, 2015

ရွှေဝါရောင်တော်လှန်ရေးကစပြီး ဘာသာရေးနှင့် ပတ်သက်လျှင် NLD တို့တာဝန်ကျေကြောင်း ရဲရဲကြီးအာမခံသည်ဟု လူရွှင်တော်ဇာဂနာဖွင့်ဟ


ရွှေဝါရောင်တော်လှန်ရေးကိုအစပြုပြီး ဘာသာရေးနှင့်ပတ်သက်လျှင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အနေဖြင့် တာဝန်ကျေ ကြောင်း ရဲရဲကြီးအာမခံနိုင်သည်ဟု လူရွှင်တော်အနုပညာရှင် ဇာဂနာက ထုတ်ဖော် လိုက်သည်။

အဖွဲ့ချုပ်၏ ပါတီဝင်တစ်ဦး မဟုတ်သော်လည်း လူမှုကွန်ရက်နှင့် သတင်း မီဒီယာများတွင် ''မဟုတ်တာ တွေပြော၊ မမှန်တာတွေရေးသားနေ ကြတာ တွေကို ကြည့်မနေနိုင်တော့''ဟုဆိုကာ သူ၏ဖေ့စ်ဘွတ်ခ်စာ မျက်နှာတွင် ထုတ်ဖော်ရေးသားခဲ့ခြင်းဖြစ်သည်။

ရွှေဝါရောင်တော်လှန်ရေး စတင်ခဲ့သည့် ၂ဝဝ၇ခုနှစ် စက်တင်ဘာ ၂၅ရက် ညပိုင်းတွင် NLD ပါတီဝင်၃၁ဦး နှင့်အတူ ¤င်းလည်းအဖမ်းခံခဲ့ရ သည်ဟု ဆိုပါသည်။

နိုင်ငံအရေးအရာ ပြက်လုံး၊ ပြ ကွက်များဖြင့် နာမည်ကျော်ခဲ့သော လူရွှင်တော်ဇာဂနာက ''သံဃာတော် တွေကို နေ့စဉ်ဆွမ်းကပ်၊ လမ်းတစ် လျှောက်လုံခြုံရေးယူပေးခဲ့တဲ့အပြင် မူးမော်လဲသွားတဲ့သံဃာတော် တွေကို ဆေးလိုက်ကုပေးတာ NLD တွေပါပဲ။ ဘယ်တစည၊ ဘယ်ကြံ့ခိုင်ရေးမှ မပါ ဘူး။ အခုမှ သံဃာနဲ့ NLD တွေ ထိပ် တိုက်မတွေ့စေနဲ့လို့ ပြောနေကြတာ တွေကို နားမလည်ပါဘူး။ ပြောနေတဲ့ သူအားလုံးကို မေးချင်တယ်။ 

ရွှေဝါရောင် တုန်းက ခင်ဗျားတို့ဘာတွေလုပ်နေခဲ့ ကြသလဲ။

NLD ကတော့ သူ့တာဝန် သူကျေပွန်ခဲ့တယ်လို့ ရဲရဲကြီးအာမခံ တယ်''ဟု သူ့ဖေ့စ်ဘွတ်ခ်တွင်ရေးသားခဲ့ သည်။ ထို့ပြင် အကျဉ်းထောင်အတွင်း သံဃာတော်များအပေါ်ဆက်ဆံခဲ့ပုံများကိုလည်း ရှင်းပြထားသည်။

Yangon Media Group

No comments:

Post a Comment

My Blog List