Wednesday, July 01, 2015

လွတ်လပ်စွာမဲပေးပိုင်ခွင့်ကိုတကယ်လေးစားပါက အင်န်အယ်လ်ဒီအိမ် တခြားပါတီအိမ်ဟူ၍ ခွဲခြားသတ်မှတ်၍မရဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား


လွတ်လပ်စွာ မဲပေးပိုင်ခွင့်ကိုတကယ်လေးစားပါက ဒီအိမ်သည်အင်န်အယ်လ်ဒီအိမ်၊ ဒီအိမ်မှာမူ တခြားပါတီ အိမ် ဟူ၍ ခွဲခြားသတ်မှတ်၍မရကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြော သည်။

ဇွန် ၂၇ ရက် နေ့လယ်ပိုင်း ကပုဗ္ဗသီရိမြို့နယ် ကျီတောင်ကန် ကျေးရွာတွင် ၂ဝ၁၅ ရွေးကောက် ပွဲမဲ စာရင်းကြေညာထားခြင်းနှင့် ကျေးရွာမှ မဲဆန္ဒရှင်များ မဲစာရင်း နှင့် မဲဆန္ဒပေးမှု အသိပညာပေး ပြောကြား ခဲ့ခြင်းနှင့် ပတ်သက်ပြီးအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ယနေ့ ဇွန် ၂၉ ရက် လွှတ်တော် အစည်းအဝေးမစတင်မီသတင်းမီဒီယာများ ၏ မေးမြန်းမှုကို ပြန်လည်ဖြေ ကြားခြင်းဖြစ် သည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီးအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌက ''ဘယ်သူမဆို ပြုပြင်ပြောင်းလဲမှု တကယ် လိုချင်ရင် အင်န်အယ်လ်ဒီ မဲပေးပေါ့။ ဒါတော့ သတင်းထောက် တွေကိုလဲ ဒီအတိုင်းပဲပြောတာပဲ။ ဒါပေမဲ့ လွတ်လပ်စွာ မဲပေးပိုင်ခွင့်ကို တကယ်လေးစားတယ်ဆိုရင်တော့ ဒီအိမ်ကတော့ အင်န်အယ်လ်ဒီ အိမ်ပဲ၊ ဒီအိမ်ကတော့ တခြားပါတီ အိမ်ပဲလို့ ဒီလိုသတ်မှတ်လို့မရဘူး။ ထောက်ခံတဲ့လူတွေရှိမယ်လို့တော့ ကိုယ့် ဟာကိုယ်မျှော်လင့်ရမှာပါ။

''လက်တွေ့ဆင်းတဲ့အခါ သွားတဲ့ အိမ်တော်တော်များများမှာ မဲစာ ရင်းတွေစစ်ပြီးတဲ့လူတွေတောင်မှမှား လို့ပြန်ပြင်ရတာရှိတယ်။ ဥပမာဆိုရင် မှတ်ပုံတင်နံပါတ်မှားလို့ပြန်ပြင်ရ တယ်။ တချို့တွေကတော့မကြည့်ရ သေးဘူး။ တချို့ကလဲမပါဘူး။တစ် ဦး၊ နှစ်ဦးဆိုရင် မှတ်ပုံတင်ပျောက် တယ်ပေါ့။ ပျောက်တော့ဘယ်လိုလုပ် ရမလဲဆိုတော့ အမေတို့က စာရွက် စာတမ်းတွေယူသွားတယ်။ ဘယ်လို အကြောင်းအရာကို ဘယ်လိုလုပ် ရမယ်။ဘယ်လိုပုံစံနဲ့ထပ်ပြီးတော့ ဘာတွေလုပ်ရမလဲဆိုတာ အဲ့ဒါတွေ ပြောခဲ့တယ်။ တော်တော်လိုပါတယ်။ ဘာဖြစ်လို့ဆိုတော့ ဒါကလမ်းလေး တစ်လမ်းပေါ့နော်။ လမ်းလေးတစ် လမ်းကို ၂ နာရီကြာတယ်။ လမ်း လေးတစ်လမ်းတည်းမှာတောင်မှ အဲ့သလို တော်တော်များများက သူတို့တချို့ကတော့ပြင်ပြီးပြီမှားတာ တွေကမှားတာပဲ။ မကြည့်ရသေးတဲ့ လူတွေရှိတယ်။ မပါဘူး၊ ဒါပေမဲ့ဘာ လုပ်ရမှန်းမသိတဲ့လူတွေရှိတယ်။ အဲ့ တော့ အဲ့ဒီဟာကတော့ တော်တော် လုပ်ယူရမယ့်ကိစ္စပဲ။ ခြုံပြောရမယ် ဆိုရင် အခုနည်းနည်းစဉ်းစား ရမှာ က အချို့အဖွဲ့အစည်းတွေကလဲ အမေတို့လုပ်သလို သူတို့လိုက်လုပ် ချင်ပေမယ့်လဲ သူတို့အဖွဲ့ ကိုပေးဖို့ ဆိုတဲ့ပုံစံနဲ့ မက်လုံးပေးတဲ့ ပုံစံဖြစ် ဖြစ်၊ ခြိမ်းခြောက်တဲ့ပုံစံဖြစ်ဖြစ်နဲ့ လုပ်မှာကိုလဲ သတိထား ရမယ်။ အ မေတို့ကတော့ ဘယ်ပါတီအတွက် ဆိုပြီး လုပ်တာမဟုတ်ဘူး။ ကိုယ့်ပါ တီတော့ မဲပေးစေချင် တာပေါ့။ ဒါ ကတော့ ဗြောင်ပြောလို့ရပါတယ်။ ဒါပေမဲ့ မဲစာရင်းထဲမှာပါဖို့က အဓိ က မဲစာရင်းထဲမှာပါပြီးရင် ဘယ်ပါ တီကိုမဲပေးမယ်ဆိုတာ ကိုယ်သိပိုင် ခွင့်လဲမရှိဘူး။ ကိုယ့်ပါတီကို မဲပေး မှာ သေချာလို့လိုက်ပြီးတော့ နာမည် စာရင်းပါဖို့လုပ်ပါတယ်ဆိုရင် တစ်ခု ခုမဟုတ်တော့ဘူး။ ဒါလွတ်လပ်မှု မရှိတော့ဘူး။ မိသားစုတစ် ခုတည်းမှာ တောင်မှ မဲပေးတာတစ်ယောက်နဲ့တစ် ယောက်တူချင်မှတူမှာ'' ဟု သတင်း ထောက်များကို ပြောသည်။

ဇမ္ဗူသီရိမြို့နယ် ရွှေကြာပင် ရပ်ကွက်မှ NLD အဖွဲ့ဝင်တချို့က ရပ်ကွက်မှ အိမ်တွေကိုဝင်ရောက်ပြီး မဲစာ ရင်း ပါ၊ မပါ မေးမြန်းခြင်းနှင့် ပတ်သက်၍ အခြေခံရပ်ကွက်အုပ်ချုပ် ရေးမှူးမှ ဇွန် ၂ဝ ရက်က ရဲစခန်းသို့ တိုင်ကြားခဲ့ပြီးယင်းနှင့်ပတ်သက်၍ ဇမ္ဗူသီရိမြို့နယ် NLD ဥက္ကဋ္ဌ ဦးမောင်မောင်ဆွေက ဇွန် ၂၆ ရက် နေ့က သတင်းစာရှင်းလင်းပွဲပြုလုပ် ခဲ့သည်ဟု သိရသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး သ တင်းထောက်များ၏ မေးမြန်းမှုကို ဒေါ် အောင်ဆန်းစုကြည်က ''အဲ့ဒီကိစ္စ က ပထမသူတို့ကလုပ်ပိုင်ခွင့်မရှိဘူး လို့ပြောတယ်။ လုပ်ပိုင်ခွင့်မရှိဘူးဆို တော့ ဒီဟာတော်တော်စဉ်းစားရ မှာပေါ့။ ဥပဒေအရ လုပ်ပိုင်ခွင့်ရှိတယ် ဆိုတာ သေသေချာချာခိုင်ခိုင်မာမာ ပြောပြီးတဲ့အခါမှာ သွားတုန်းက ဘာမှ မဖြစ်ဘဲနဲ့ နောက်တော့မှပိုင်နက်ကျူး ကျော်မှုဆိုပြီးတော့ အဲ့ဒီလိုလုပ် တယ်။ ဒီအိမ်ထဲဝင်ဖို့ဆိုတာ အိမ် ရှင်ကဝင်ပါလို့ မပြောဘဲနဲ့ဝင်လို့မရ ဘူး။ နောက်ပြီးတော့ ဝင်တုန်းကလဲ သက်သေတွေရှိတယ်။ အဲ့ဒီ အိမ်ထဲ မှာတခြားသူတွေရှိတယ်။ ဘယ်သူ တွေရှိတယ် ဘာတယ်ဆိုတာတော့ အမှုဖြစ်ရင် ရုံးမှာပေါ် မှာပေါ့။ တရားစွဲတဲ့အဆင့်တော့ မရောက် သေးဘူး။ တရားစွဲတဲ့အဆင့်ရောက် ရင်လဲ တရားဥပဒေအရ ရင်ဆိုင်မှာ ပေါ့။ အဲ့ဒီကိစ္စကော်မရှင်ကို အ ကြောင်းကြားဖို့လိုရင်လဲ အကြောင်း ကြားရမှာပေါ့။ ဒါကတော့ ဥပဒေ အရ လုပ်ရမှာပေါ့''ဟု ဆက်လက် ဖြေကြားခဲ့သည်။

DemocracyTodayNewspaper

No comments:

Post a Comment

My Blog List