Thursday, July 02, 2015

ဇနီးသည်က အမှန်တိုင်းထွက်ဆိုခိုင်း၍ မတေးနုယဉ်၏ အတွင်းရေးများကို မင်းအုပ်စိုးထွက်ဆို


သရပါမဂ္ဂဇင်းတာဝန်ခံ အယ်ဒီတာ မတေးနုယဉ်သေဆုံးမှုနှင့် ပတ်သက်၍ ၎င်း၏လူမှုရေးကိစ္စများကို အသေး စိတ်ထွက် ဆိုရခြင်းမှာ တဘက်သား၏ ဂုဏ်သိက္ခာကို ကျဆင်းစေလိုခြင်းကြောင့်မဟုတ်ဘဲ မိမိ၏ဇနီးမှ အမှန်အတိုင်း ထွက်ဆိုစေ လိုခြင်းကြောင့် ထွက်ဆိုရခြင်းဖြစ်သည်ဟု မင်းအုပ်စိုးက ရုံးတော်တွင် ထွက်ဆိုခဲ့သည်။

အနောက်ပိုင်း ခရိုင်တရားရုံးတွင် ဇူလိုင်လ(၁)ရက်နေ့ နံနက်(၁၀)နာရီမှ ရုံးထုတ်စစ်ဆေးရာတွင် ခရိုင်ဥပဒေ အရာရှိက ယခုအမှုတွင် သေဆုံးသူ မတေးနုယဉ်အား လူမှုရေးကိစ္စ စွပ်စွဲပြောဆိုခြင်းမှာ သေဆုံးသူအပေါ် ဂုဏ်သိက္ခာကျအောင် ထွက်ဆိုနေခြင်းလောဆိုသည့် မေးမြန်းမှုအပေါ် မင်းအုပ်စိုးမှရုံးတော်တွင် ပြန်လည်ထွက်ဆိုခဲ့ခြင်း ဖြစ်သည်။

“မတေးနုယဉ်ရဲ့လူမှုရေးကိစ္စကို အသေးစိတ်ထွက်ဆိုခြင်းမှာ သေဆုံးသူရဲ့ ဂုဏ်သိက္ခာကို ကျုစေလို၍ မဟုတ်ပဲကျွန်တော့ ဇနီးမှ သေဆုံးသူရဲ့ မျက်နှာ ကိုမကြည့်ပဲ အရွယ်မရောက်သေးသည့် သမီးနှစ်ဦး၏ မျက်နှာကို ကြည့် ပြီး အမှန်အတိုင်း ထွက်ဆိုပါဆိုတဲ့အတွက်ကြောင့် ထွက်ဆိုရခြင်းဖြစ်ကြောင်း”ဟု ရုံးတော်တွင် မင်းအုပ်စိုးက ထွက်ဆိုခဲ့သည်။

မတေးနုယဉ်နှင့် သရုပ်ဆောင်မင်းအုပ်စိုးတို့မှာ ၂၀၁၄ ခုနှစ် ဒီဇင်ဘာ(၂၅)ရက် နံနက်စောစောပိုင်းတွင် လူမှု ရေးကိစ္စ စကားများရာမှာ မတေးနုယဉ် သေဆုံးခဲ့ပြီး မင်းအုပ်စိုးကိုယ်တိုင် ဗဟန်းရဲစခန်းတွင် ကိုယ်တိုင်သွား ရောက်အကြားကြား ခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် ရုံးချိန်းများ၌ တရားလိုပြသက်သေများကို စစ်ဆေးရာတွင် မတေးနုယဉ်အလောင်းအား စစ်ဆေးခဲ့သည့် ဆရာ ၀န်မှ ဇွန်လ(၁)ရက်နေ့ သက်သေထွက်ဆိုရာတွင် မတေးနုယဉ်မှာ ညာနံရိုး ဘယ်နံရိုးများကျိုးပြီး အသည်းဆုတ်ပြဲခြင်း၊ အဆုပ်ဖူးရောင်ခြင်းတို့ကြောင့် ရင်ခေါင်းအတွင်း သွေးသွန်ကာ သေဆုံးရခြင်းဖြစ်ကြောင်း သက်သေခံ(ခ) ဆေးစာနှင့် အတူ ရုံးတော်တွင် လာရောက်ထွက်ဆိုထားသည်။

မင်းအုပ်စိုးအား ရုံးထုတ်စစ်ဆေးရာသို့ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်(၁၇)မှ အမျိုးသားလွှတ်တော် ကိုယ်စား လှယ် ဦးလှဆွေကလည်း တရားခွင် စစ်ဆေးမေးမြန်းခြင်းများကို လာရောက် နားထောက်ခဲ့သည်။

“ယောလူငယ်ကွန်ယက်အဖွဲ့က ကျွန်တော်နှင့်ခင်တဲ့လူငယ်တစ်ဦးက အကူအညီတောင်းတာလည်းပါတယ်။ ကျွန်တော့် မဲဆန္ဒနယ်လည်းဖြစ် တဲ့အတွက် လာပြီးကူညီတဲ့ သဘောပါ။ အမှန်အတိုင်းဆုံးဖြစ်မယ်လို့ ယုံကြည် ပါတယ်၊ တရားကို နတ်စောင့်ပါတယ်။” ဟု အမျိုးသားလွှတ်တော်ကိုယ်စား လှယ် ဦးလှဆွေမှ မီဒီယာများအား ပြန်လည်ဖြေကြားခဲ့သည်။

သရုပ်ဆောင်မင်းအုပ်စိုးအား လူသတ်မှုပုဒ်မ ၃၀၂(၂)အရ အနောက်ပိုင်းခရိုင်တရားရုံးမှ စွဲချက်တင်ထားပြီး ဇူလိုင်လ(၈) ရက်နေ့တွင် တရားခံပြ သက်သေ(၂)ဦးကို ဆက်လက်စစ်ဆေးသွားမည်ဖြစ်ကြောင်း အနောက်ပိုင်း ခရိုင်တရားရုံးမှ သိရ သည်။

ချမ်းငြိမ်း (မြစ်မခ)
Shwe Myitmakha Media Group

No comments:

Post a Comment

My Blog List