Wednesday, July 01, 2015

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် တကသ ကျောင်းသားများနှင့် ပြည်သူများ ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့တွင် ဆန္ဒပြ













၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနှင့် လွှတ်တော်အတွင်းရှိ တပ်မ တော်သား ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ထွက်သွားပေးရေး ရန်ကုန်မြို့ လည်ကောင်တွင် ဇွန် ၃၀ ရက်က ကျောင်းသားနှင့် ပြည်သူပူး ပေါင်း၍ ဆန္ဒပြရာ ရဲတပ်ဖွဲ့ဝင်များက အကြိမ်ကြိမ် ပိတ်ဆို့တားဆီးသဖြင့် ရုန်းရင်း ဆန်ခတ် ဖြစ်ပွားခဲ့ သည်။  

အဆိုပါ ဆန္ဒပြပွဲကို ယင်းနေ့ ညနေ ၃ နာရီခန့်တွင် မဟာဗန္ဓုလလမ်းအတိုင်း သိမ်ကြီးဈေးရှေ့တွင် လူစုပြီး ရန်ကုန်မြို့တော်ခန်းမရှေ့သို့ ချီတက်ဆန္ဒပြ ခြင်းဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ လမ်းတစ် လျှောက် သုံးကြိမ် ပိတ်ဆို့တားဆီးခဲ့ပြီး နောက်ဆုံးအကြိမ် တားဆီးမှုတွင် တစ်ဖက်နှင့် တစ်ဖက် ရုန်းရင်း ဆန်ခတ်ဖြစ်ပွားခဲ့ပြီး ဆန္ဒပြသူများက အတားအဆီးများမရှိသည့် လမ်းတစ်ဖက်မှ ဖောက်ထွက်ပြီး ရန်ကုန် မြို့တော်ခန်းမရှေ့သို့ ရောက် အောင်ချီတက်ခဲ့သည်။ 

“ဒီနေ့ဆန္ဒပြတာ နှစ်ချက်ရှိပါတယ်။ ပထမတစ်ချက်က စစ်မှန်တဲ့ ဒီမိုကရေစီ ရရှိရေး ဖြစ်ပါတယ်။ နောက် တစ်ချက်က ပြည်သူတွေက ဖွဲ့စည်းပုံကို ပြင်ချင် ပါတယ်ဆိုပြီး တဖွဖွပြောပြီးတော့ လက်မှတ်ငါးသန်းနဲ့ တင်ပြခဲ့တာတောင်မှ ၂၅ ရာခိုင်နှုန်းလွှတ်တော် ကိုယ်စားလှယ်တွေက ဂရုမစိုက်ဘဲ လုပ်ချင်တာ လုပ်သွား တဲ့အတွက် အခုလို ဆန္ဒပြရခြင်းဖြစ်ပါတယ်။ 

ဖွဲ့စည်းပုံအခြေခံဥပဒေကို နာဂစ်ဖြစ်လို့ တစ်တိုင်းပြည်လုံး ပူဆွေးသောက ရောက်နေတဲ့ ၂၀၀၈ ခုနှစ်၊ မေလမှာတောင် ဖွဲ့စည်းပုံအခြေခံဥပဒေ ဆန္ဒခံယူပွဲကို လုပ်သွားတယ်။ ဒါကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ဟာ အစကတည်းက သန္ဓေမမှန်ပါဘူး ”ဟု ဆန္ဒပြရာတွင် ပါဝင်ခဲ့သော ဒဂုံတက္ကသိုလ်ကျောင်းသား ကိုနန်း လင်းက မြို့တော်ခန်းမရှေ့တွင် ဟောပြောသည်။ 

အဆိုပါဆန္ဒပြပွဲကို တားဆီးရာတွင် သက်ဆိုင်ရာမြို့နယ် ရဲတပ်ဖွဲ့ဝင်များ၊ အရာရှိများ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးများနှင့် အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးတို့က အဆင့်ဆင့် ပိတ်ဆို့တားဆီးခဲ့သည်။ 

“ဒီကနေ့ ကျွန်တော်တို့ သိမ်ကြီးဈေးကနေ ငြိမ်းချမ်းစွာချီတက်ခဲ့မှုမှာလည်း ရဲတပ်ဖွဲ့က အင်အားသုံး ပိတ် ဆို့ခဲ့ပါတယ်။ အဲဒီပိတ်ဆို့မှုမှာ အရင်သာဓက တွေ ရှိခဲ့တာကြောင့် ရိုက်နှက်ဖမ်းဆီးမှုများ မပြုလုပ်ခဲ့ ပါဘူး။ ကျွန်တော်တို့ ကျောင်းသားတွေ ပြည်သူတွေနဲ့ လက်တွဲပြီး ဖြတ်ကျော်ခဲ့လို့ မြို့တော် ခန်းမရှေ့ ရောက် တယ်။ အဲဒါကြောင့် ကျွန်တော်တို့ရဲ့ ပထမရည်ရွယ်ချက် အောင်မြင်တယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့နိုင်ငံမှာ စစ်တပ်ပါတဲ့ အင်စတီကျူးရှင်းတစ်ခုကို ဖွဲ့စည်းပုံကနေ အခွင့်အာဏာထူးပေးထား လို့ ဆန့်ကျင်ကန့်ကွက်မှု ဒီနေ့လုပ်တယ်။ အတားအဆီးတွေကို ဖြတ်ကျော်နိုင် ခဲ့လို့ ၀မ်းသာပါတယ်”ဟု ရန်ကုန်စီးပွားရေးတက္ကသိုလ်ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ ကိုဇေယျာလွင်က ပြောကြားသည်။ 

ထို့ပြင် မတ် ၅ ရက်က ကျောင်းသားသပိတ်ထောက်ခံပွဲ ပြုလုပ်ရာတွင် ရိုက်နှက်ဖမ်းဆီးခံရမှု၊ မတ် ၁၀ ရက်တွင် ကျောင်းသား သပိတ်ဖြိုခွင်းခံရမှု တို့နှင့် ပတ်သက်ပြီးတော့လည်း ကိုဇေယျာလွင်က ဆန္ဒပြပွဲတွင် ၀န်းရံလိုက် ပါလာသော  ပြည်သူများအား ဟောပြောခဲ့သည်။


ကြည်နိုင်၊ အောင်ကျော်ထက်
Eleven Media Group


No comments:

Post a Comment

My Blog List