Thursday, July 02, 2015

" ဒီမိုကရေစီ လော်စပီကာ "


ပြီးခဲ့တဲ့ ရက်အတွင်းက အရေးကြီးအသည့် ၂ဝဝ၈ ခုနှစ်ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မများကို လွှတ်တော်ထဲ မဲခွဲဆုံးဖြတ်ကြရာမှာ မပြင်ဆင်နိုင်ဘဲ ရှုံးနိမ့်သွားခဲ့ရသည်ကို အများသိရှိကြပြီးပြီလို့ ယုံကြည်ပါတယ်။ ဒါကို လည်း နိုင်ငံရေးသမားအများစုကတော့ ခွင့်ယူခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ၊ နောက်ပြီး တပ်မတော် က ၂၅ ရာခိုင်နှုန်း လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ကန့်ကွက်မဲတွေကြောင့် မဲမခွဲခင်အချိန်မှာပင် ရှုံးလိမ့် မယ်လို့ ကြိုတင်ဟောဟိန်း ထုတ်ခဲ့ကြပြီးတဲ့ကိစ္စပါ။ 

သို့ပါသော်လည်း ပြည်ထောင်စု လွှတ်တော်ထဲ ပြင်ဆင်လိုကြသူအရေ အတွက်ကို ပြည်သူတို့ သိရှိသွား ခဲ့ရ သည်က အမြတ်၊ တပ်မတော်ရဲ့ သဘောထားကို ရှင်းရှင်း သိကြရတာက အရှုံးမဖြစ်ခဲ့ပါလို့ သူတို့ကဆိုကြ ပါတယ်။မည်သို့ပင် ဖြစ်စေ ထူးခြားသည်က ဖွဲ့စည်း ပုံ အခြေခံဥပဒေပြင်ဆင်ဖို့ ပါတီအသီးသီးက ကိုယ်စား လှယ်တွေ လွှတ်တော်ထဲ ပြောဆိုကြရာမှာ ပါခဲ့ တဲ့စကားတစ်ခွန်းပါပဲ။ အဲဒီစကားက ‘ဘဘဦးသန်း ရွှေ ရေးခဲ့တဲ့ အခြေခံဥပဒေဟာ လက်တွေ့သုံးတဲ့အခါမှာ နည်းနည်း အစပ်အဟပ်မတည့် ဘူးဖြစ်နေတယ်။ ကျွန်တော် တို့ ဘဘဆီကနေ မေတ္တာ စေတနာ နှုတ်ထွက် စကားကို ခံယူပြီး ဒီဟာတွေ ပြုပြင်လို့ရှိရင် အားလုံးကို ပြုပြင်နိုင်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်’ဆိုသော စကားပါ။ ချင်းတိုးတက်ရေးပါတီမှ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးကျွန်းခဲန်းက ထိုစကားကို ပြောခဲ့တာကြောင့် နိုင်ငံရေးသမားတို့ မျက်ခုံးပင့်သွားခဲ့တာတော့ အမှန်ပါပဲ။ တကယ်ဒီလို လုပ်ရင်ရနိုင်မလား။ ဘာဖြစ်လို့ ပြောရတာလဲစသည် တို့ကို လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ နိုင်ငံရေးသမားတို့ထံ မေးမြန်းဖြစ်ခဲ့ပါတယ်။

► ဦးကြီးမြင့် (ရှေ့နေများကွန်ရက်)

အခု ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေသည် ချင်းအမတ် ပြောခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီးပဲ ဦးဆောင်ရေးဆွဲခဲ့တာ ဖြစ်လို့ သူ့အပြောဟာမှားတယ်လို့ ပြောလို့မရဘူး။ အခု အရပ်သားအစိုးရအဖွဲ့၊ တပ်မတော်အကြီးအကဲ တွေ ဆိုတာကိုလည်း သူပဲ စီစဉ်ပေးခဲ့တာပဲ။ ဒါက လက်တွေ့အချိန်မှာ ငြင်းလို့မရတာပဲ။ လက်ရှိပုဂ္ဂိုလ်တွေ ပဲ ဒါကို အသိဆုံးဖြစ်မှာပဲ။ ဒါကို ချင်းအမတ်က တိုင်းရင်းသားပီပီ ရိုးရိုးသားသားနဲ့ တည့်ပြောလိုက်တော့ ကြားရသူတွေအဖို့မှာတော့ ဟာ၊ ဟင် ဖြစ်ကုန်တော့တာပေါ့။ ဘာပဲပြောပြော လက်တွေ့မှာက တပ်မတော် ကိုယ်စားလှယ်တွေကိုယ်တိုင် ဖွဲ့စည်းပုံအခြေခံဥပဒေကို မပြင်ဘူးလို့ ပြောကြပြီလေ။ ဒါဟာ အရင် တပ်မ တော်ခေါင်းေ ဆာင်တွေကို အကာအကွယ်ပေးလိုတဲ့သဘောပါပဲ။ သူ မီးစိမ်းပြလိုက်ရင် ဖွဲ့စည်းပုံအခြေခံ ပြင်ဆင်ရေးဟာ အခုလောက်ခက်ခဲမှာ မဟုတ်ဘူးဆိုတာကိုလည်း ချင်း အမတ်က ယုံကြည်လို့ ပြောတာ ဖြစ်နိုင်ပါတယ်။ လက်တွေ့မှာက ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာ ပြင်ဆင်လို့မရအောင် လုပ်ထားတဲ့ ဥပဒေ ဆိုတာပိုပြီး ပေါ် လွင်သွား တာ ပါပဲ။ ရှေ့ဆက်လည်း ပြင်ဖို့ ခက်ခဲနေဦးမှာပါပဲ။

►ဒေါ်စန္ဒာမင်း (ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)

သူ (ဗိုလ်ချုပ်မှူးကြီးသန်းရွှေ)နဲ့ ဘာမှ မသက်ဆိုင်တော့ဘူးလို့ တစ်ဦးတည်း အမြင်နဲ့ သတ်မှတ်ထားပါ တယ်။ ခုဆိုရင် အစိုးရ၊ လွှတ်တော်စတဲ့ ကဏ္ဍကြီးတွေဟာ သူ့ဟာနဲ့သူ ပီပီပြင်ပြင် လှုပ်ရှားနေနိုင်ပြီဖြစ်လို့ သူပါဝင်ပတ်သက်မယ်လို့ မထင်တာပါ။ သူ့ရဲ့အလုပ်က ရွေးကောက်ပွဲတွေမှာ မဲထည့်ဖို့ပဲ ရှိပါတယ်။ ဒါဟာ လည်း နိုင်ငံ သားတစ်ဦးချင်းအလိုက် ရပိုင်ခွင့် ဖြစ်လို့ပါ။ ခုဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးကိစ္စကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ မနိုင်မှန်းသိသိကြီးနဲ့ တိုက်ပွဲဝင်ခဲ့ တာ ဖြစ်ပါတယ်။ ဘာပဲပြောပြော ရှေ့ဆက်တိုက်ပွဲဝင်ဦးမှာပါ။

► ဦးဝင်းဦး (ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ပြည်ခိုင်ဖြိုးပါတီ)

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ဖို့အတွက်အပိုင်း (က) နဲ့ (ခ) ကို လွှတ်တော်ကိုယ်စားလှယ်တွေ လက်မှတ် ရေးထိုးခဲ့ကြပါတယ်။ အပိုင်း (ခ) ကို ပြင်သင့်သလောက် မပြင်တဲ့ ကိစ္စဆိုပေမယ့်လည်း ပြင်ဆင်နိုင်ဖို့ရာ ပထမအဆင့် ခြေလှမ်းတစ်ရပ်ဖြစ်တာကြောင့် လက်ခံခဲ့ပါတယ်။ ပြည်ခိုင်ဖြိုးပါတီက အဆိုတင်တဲ့အတွက် တပ်မတော် လည်း ပူးပေါင်းလိမ့်မယ်လို့ ယုံကြည်ခဲ့ပါတယ်။ ဒါပေမဲ့ ဖြစ်မလာတဲ့အပေါ် အံ့သြမိပါတယ်။ ကျွန်တော်တို့ နာယက က ပြောခဲ့ပါတယ်။ အစိုးရ ကရော၊ တပ်ကရော ကူ ညီကြပါလို့ ဆိုပြီးတော့။ သို့သော်လည်းပဲ အခု မကူညီခဲ့တာကြောင့် အများသိကြတဲ့အတိုင်း အရှုံးတွေ ရင်ဆိုင်ခဲ့ကြရပါတယ်။ တပ်မတော်သား ကိုယ်စားလှယ်တွေ ဆို တာ တပ်ချုပ်ရဲ့ အမိန့်ကို နာခံရပါတယ်။ ဒါကို လက်ခံပါတယ်။ အဲဒါက တပ်မှာနေရင်လေ။ အခုဟာက လွှတ်တော်ထဲ ဖြစ်နေတယ်။ ဘာဖြစ်လို့ မပူးပေါင်းနိုင်တာလဲ ဆို တာ စဉ်းစားစရာပါပဲ။ ချင်းအမတ်ရဲ့ အပြောတွေက ရုတ်တရက်ကြည့်လိုက်ရင် ရယ်ချင်စရာလို့ ထင်ရပေ မယ့် မှားတယ်လို့ ပြောလို့မရဘူး။ အခု သမ္မတရော၊ တပ်ချုပ် တို့ ကပါ အရင်ခေါင်းဆောင်ဟောင်းကို လေးစားနေကြမှာပါ။ ဒီလိုဆိုရင် ဆက်စပ်တွေးကြည့်လို့ရပါတယ်။

► ဦးအေးသာအောင် (ပထမခေါင်းဆောင်၊ ရခိုင်အမျိုးသားပါတီ)

သူ(ချင်းအမတ်)က သူ့ အထင်ကို ပြောတာဖြစ်တဲ့အတွက် သူ့အမြင်ဘယ်လို ရှိမှန်း ကျွန်တော်တို့ မသိရ ပါဘူး။ ဘာပဲဖြစ်ဖြစ် ဒီဖွဲ့စည်းပုံအခြေခံဥပဒေ သည် ပြင် လို့မရအောင်လုပ်ထားတဲ့ ဥပဒေဆိုတာ လူတိုင်း သိနေတာပဲ။ အခုလို မပြင်တာကလည်း အပြောင်းအလဲမလုပ်ချင်တော့တဲ့ သဘောလို့ သုံးသပ်လို့ ရပါ တယ်။ နည်းမျိုးစုံနဲ့ လုပ်လည်း ရမှာမဟုတ်ပါဘူး။ အခု အစိုးရသက်တမ်းမှာလည်း ပြင်နိုင်တော့မှာ မဟုတ် တော့ဘူး။ ဒါဆိုရင် နောင်အစိုးရလက်ထက်ရော ဒီအတိုင်းပဲ ဖြစ်မှာပဲ။ ဒါကို ဂရုပြုမိဖို့ လိုပါတယ်။ ရေးဆွဲတဲ့ ပုဂ္ဂိုလ်က ဘယ်သူဆိုတာ အားလုံးသိပါတယ်။ အခုကန့်ကွက်တဲ့သူ ဘယ်သူဆိုတာကိုလည်း အားလုံးသိပြီး သားပါ။ ဘာ့ကြောင့်ကန့် ကွက်နေတာလဲဆိုတာလည်း အားလုံးသိပြီးသားဖြစ်မှာပါ။

Popular Myanmar News Journal

No comments:

Post a Comment

My Blog List