Thursday, July 02, 2015

ခြေဥပြင်ဆင်ရေး ဆန္ဒပြကျောင်းသားခေါင်းဆောင်ငါးဦးကို ပုဒ်မ ၁၈ ဖြင့် အမှုဖွင့်



၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ပေးရန်နှင့် လွှတ်တော်တွင်းမှ တပ်မတော်သားကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ထွက်ခွာပေးရန် ဆန္ဒပြ တောင်းဆိုသော တက္ကသိုလ်ကျောင်းသားများ သမဂ္ဂမှ ကျောင်းသား ခေါင်းဆောင် ကိုဇေယျာလွင်အပါအဝင် ကျောင်းသား ငါးဦးကို ပုဒ်မ ၁၈ ဖြင့် အမှုဖွင့်အရေးယူ လိုက် ကြောင်း သတင်းရရှိသည်။

ဇွန်လ ၃၀ ရက်က ဆန္ဒပြတောင်းဆိုသော တက္ကသိုလ် ကျောင်း သမဂ္ဂမှ ကျောင်းသား ခေါင်း ဆောင် ကိုဇေယျာလွင်အပါအဝင် ကျောင်းသားငါးဦးကို ပန်းဘဲတန်းနှင့် ကျောက်တံတားမြို့နယ် ရဲစခန်းများတွင် ငြိမ်းစုစီ ပုဒ်မ ၁၈ ဖြင့် အသီးသီးအမှုဖွင့်အရေးယူ ထားကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မီဒီယာ ဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

‘‘သူတို့က သတ်မှတ်ထားတဲ့ လုပ်ထုံးလုပ်နည်းနဲ့အညီပေါ့။ ခွင့် ပြုချက် တောင်းတာ မရှိဘူးလေ။ တွေ့တဲ့ အတိုင်းပဲလေ။ လူတွေက ရှုပ်ထွေးနေတာ လိုလားတဲ့သူက လက်ခံပေမယ့် မလိုလားတဲ့သူ တွေက စိတ်ထဲ မှာ အနှောင့် အယှက် ဖြစ်ရတယ်လေ။ ယာဉ် ကြောလည်း အဲဒီဘက်အခြမ်းက ပိတ်သွား တယ်လေ။ သူတို့က သူ တို့ အယူအဆအရ ဒီနေရာမှာလုပ်ချင်တာကိုး။ ခွင့်ပြုချက်လည်း မတင်ဘဲ လုပ်တဲ့အခါကျ တည်ဆဲဥပဒေအရ ဥပဒေနဲ့အညီ အရေးယူတာပေါ့’’ဟု အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောသည်။

တကသ ကျောင်းသားများ သည် ဆန္ဒပြပွဲကို ပန်းဘဲတန်းမြို့ နယ် သိမ်ကြီး ဈေးရှေ့တွင် စတင် ခဲ့ပြီး ကျောက်တံတားမြို့နယ်ရှိမြို့တော်ခန်းမရှေ့ထိ လမ်းလျှောက်ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။

ကျောင်းသားများ၏ လမ်း လျှောက်ဆန္ဒပြမှုကို ရဲတပ်ဖွဲ့က သုံးကြိမ်တိုင် ပိတ်ပင်တားဆီးမှု များပြုလုပ်ခဲ့ သော်လည်း ဆန္ဒပြ ကျောင်းသားများက အတင်းတိုး ထွက်ပြီး ၎င်းတို့စီစဉ်ထားသည့်အတိုင်း မြို့တော် ခန်းမရှေ့သို့ အ ရောက်သွား၍ ဟောပြောမှုများ ပြုလုပ်ခဲ့ကြသည်။

ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီ တန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပ ဒေပုဒ်မ ၁၈ ကို ကျူးလွန်ကြောင်း  ထင်ရှားပါ က ငွေဒဏ်(သို့မဟုတ်) ထောင်ဒဏ်ခြောက် လထိ ချမှတ် နိုင်သည်ဟု ပြဋ္ဌာန်းထားသည်။

7Day News Journal


No comments:

Post a Comment

My Blog List