Thursday, July 02, 2015

ပြည်နယ်နှင့် တိုင်းဝန်ကြီးချုပ်များ သက်ဆိုင်ရာလွှတ်တော်များက ရွေးချယ်ခန့်အပ်နိုင်ရေး တပ်မတော်သားကိုယ်စားလှယ်ကန့်ကွက်


ပြည်နယ်နှင့် တိုင်းဝန်ကြီးချုပ်များကို သက်ဆိုင်ရာ လွှတ်တော်ကိုယ်စား လှယ်များကရွေးချယ်ခန့်အပ်နိုင် ရေး  အခြေခံဥပဒေပါ ပုဒ်မကို ပြင်ဆင်ပေး ရန် တိုင်းရင်းသားလွှတ်တော် ကိုယ်စားလှယ်များက တောင်းဆို ဆွေးနွေး နေသော်လည်း တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များက ယင်းပုဒ်မကို ပြင် ဆင်ခြင်း မပြုရန် ကန့်ကွက်ခဲ့သည်။

ဇူလိုင် ၁ ရက်တွင် ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေး၌ အခြေခံဥပဒေပြင်ဆင်ရေး ဒုတိယပိုင်းအဖြစ် ပုဒ်မ ၄၃၆ (ခ)နှင့် သက်ဆိုင်သော ပုဒ်မများဖြစ် သည့် ပုဒ်မ ၂၆၁ (ခ)၊ (ဂ)၊ (ဃ) နှင့် (င)တို့ကို ပြင်ဆင်၍ ပြည်နယ်၊ တိုင်းဒေသကြီး ၀န်ကြီးချုပ်များအား သမ္မတက တိုက်ရိုက်ခန့်အပ်ခြင်း မပြုဘဲ သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်များက ရွေးကောက်တင်မြှောက်နိုင်မည့် အခြေခံဥပဒေ ပြင်ဆင်ရေးဥပဒေကြမ်းပါ အချက်များကို တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်များက ထောက်ခံ ဆွေးနွေးခဲ့သော်လည်း တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များက မူလအတိုင်းထားရှိရန် ဆွေးနွေး ခဲ့ကြသည်။

‘‘၀န်ကြီးချုပ်ကို သက်ဆိုင် ရာလွှတ်တော်ကိုယ်စားလှယ်များ က ရွေးချယ်တင် မြှောက်ခွင့်ရရေး ကိစ္စရပ်ဟာ ပြည်တွင်းငြိမ်းချမ်း ရေးရဖို့ အသက်တမျှ အရေးကြီး တဲ့ အချက်ဖြစ်ပါတယ်။ ဒါတွေ ပြင်မှ အပစ်အခတ်ရပ် စဲရေးလက် မှတ်ထိုးနိုင်မယ်။ လွှတ်တော်က ဒါကို ပြင်မပေးနိုင်ရင် တပ်မတော်နဲ့ လက်နက်ကိုင်အဖွဲ့ အစည်းတွေ ကြားမှာ ယုံကြည်မှုပျက်ပြီး ထာဝ ရငြိမ်းချမ်းရေးရဖို့ အလှမ်းဝေး သွားနိုင်ပါတယ်’’ဟု ပြည်ခိုင် ဖြိုး ပါတီမှ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ကချင်တိုင်းရင်း သား ဦးစံပြည့်က ပြောသည်။

ထိုကဲ့သို့ ၀န်ကြီးချုပ်များကို သက်ဆိုင်ရာလွှတ်တော်များက တိုက်ရိုက်ရွေး ကောက် တင်မြှောက်မည်ဆို ပါက ၀န်ကြီးချုပ် များအပေါ် သက်ဆိုင်ရာလွှတ် တော်များက သြဇာလွှမ်းမိုးနိုင်ပြီး မလိုလားအပ်သည့် ကိစ္စရပ်များ ပေါ်ပေါက် လာနိုင်သဖြင့် ပြင်ဆင် ခြင်းမပြုဘဲ မူလအတိုင်းသာထား ရှိရန် ဗိုလ်မှူးချုပ် အောင်ကျော်က ပြန်လည်ဆွေးနွေးခဲ့သည်။

‘‘ဥပဒေတစ်ရပ်ဟာ နိုင်ငံ သားများအတွက် အကျိုးမရှိဘူး ဆိုရင် ပြင်ဖို့၊ ဖြေလျှော့ဖို့ ပြုလုပ် ဖို့လိုကို လိုပါတယ်။ တပ်မတော် သားလွှတ်တော်ကိုယ် စားလှယ် များအနေနဲ့ ဒါကို ကန့်ကွက်တာ စိတ်မကောင်း ဖြစ်ရပါတယ်။ ဒီလိုဥပဒေကို ပြင်ဖို့ ကန့်ကွက်တာဟာ တိုင်းပြည်ကို ချစ်သလား၊ နှစ်သ လားဆိုတာ စဉ်းစား သင့်ပါတယ်’’ဟု ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်  ချင်းတိုင်းရင်းသား ဦးပေါ်လျှံလွင်က ပြောသည်။

အခြေခံဥပဒေပြင်ဆင်ရေး ကိစ္စရပ်များနှင့်ပတ်သက်၍ တပ်နှင့် အရပ်ဘက် ဆက်ဆံရေးမှာ ပို၍ ဝေးကွာ သော သဘောကို ဆောင်နေပြီဖြစ်ပြီး တိုင်းရင်းသားများနှင့် ပတ်သက်သည့် အချက်များကို ပြင်ဆင်ခြင်း မပြုရန် ဆွေးနွေးခဲ့မှု များအား ပြန်လည်စဉ်းစားသုံး သပ်၍  လာမည့်ရက်သတ္တပတ် မဲခွဲသည့်ကာလတွင် အတွေးအ မြင်များ ပြောင်းလဲပေးကြရန် မေတ္တာရပ် ခံကြောင်း လွှတ်တော်ကိုယ်စားလှယ် ရခိုင်တိုင်းရင်း သား ဒေါက်တာ အေးမောင်က ပြောသည်။

‘‘ပြုပြင်သင့်တာကို မပြုပြင်ရင် အကျပ်အတည်းတစ်ခုကို တွန်းပို့တဲ့သဘော ဖြစ်သွားမယ် ဆိုတာ သတိပြု သင့်ပါတယ်’’ဟု ၎င်းက ပြောသည်။

အခြေခံဥပဒေပြင်ဆင်ရေး ဒုတိယပိုင်းအတွက် ဒုတိယနေ့အ ဖြစ် ဇူလိုင် ၁ ရက်တွင် လွှတ်တော်ကိုယ်စား လှယ် ၂၁ ဦးက ဆွေးနွေးခဲ့ပြီး ဒုတိယတရား သူကြီးချုပ်ထားရှိရေး၊ တပ်မတော်သားဝန်ကြီး၊ ဒုဝန်ကြီးများ အား တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များထဲမှသာ ရွေးချယ်ခန့်အပ်ရေး စသည့်အချက်များကို လည်း  တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် များက ကန့်ကွက်ဆွေးနွေးခဲ့ကြသည်။

ပုဒ်မ ၄၃၆ (ခ) နှင့် သက်ဆိုင်သည့်ပုဒ်မများကို ဇွန်လ ၃၀ ရက်မှစတင်ဆွေး နွေးခဲ့ပြီး ဆွေးနွေးမည့်ကိုယ် စားလှယ် ၆၃ ဦးရှိသည်။ ဇူလိုင်  ၁ ရက်အထိ ကိုယ်စားလှယ်၃၁ ဦးဆွေးနွေးပြီးဖြစ်ကာ ကျန်ကိုယ်စားလှယ် များက ဇူလိုင် ၂ ရက်တွင် ပြည်ထောင်စုလွှတ်တော်အစည်းအဝေး၌ အပြီးသတ်ဆွေးနွေး ကြမည်ဖြစ်သည်။

တိုင်းရင်းသားများနှင့် ပတ် သက်သည့် ပြည်နယ်၊ တိုင်းဒေသ ကြီးနှင့် သက်ဆိုင်သော ပုဒ်မ၂၄၉၊ ၂၆၁၊ ၂၆၂၊ ၂၆၄ အပါအ၀င် နောက်ဆက်တွဲ ဇယား ၂၊ ၃၊ ၅ တို့ပြင်ဆင်မည့်ကိစ္စရပ်များကို တိုင်း ရင်းသားလွှတ် တော် ကိုယ်စားလှယ်များ၊ တပ်မတော်သားလွှတ် တော်ကိုယ်စားလှယ်များအပါအ ၀င်ကိုယ်စားလှယ် ရှစ်ဦးက ဆွေး နွေးခဲ့ပြီးဖြစ်သည်။

7Day News Journal


No comments:

Post a Comment

My Blog List