Monday, June 29, 2015

စင်ကာပူရောက် မြန်မာနိုင်ငံသားများ ကြိုတင်မဲပေးနိုင်ရေး မြန်မာသံရုံးနှိုးဆော်


စင်ကာပူရောက် မြန်မာနိုင်ငံသားများ ကြိုတင်မဲပေးနိုင်ရေးအတွက် စာရင်းပေးသွင်းကြဖို့ စင်ကာပူနိုင်ငံဆိုင်ရာ မြန်မာ သံရုံးက နှိုးဆော်ထားပါတယ်။ ဇွန်လ ၂၄ ရက် ရက်စွဲနဲ့ စင်ကာပူနိုင်ငံဆိုင်ရာ မြန်မာသံရုံးထုတ်ပြန်ချက်မှာ ပြည်ပကို အစိုးရရဲ့ ခွင့်ပြုချက်နဲ့ ရောက်ရှိနေသူများ ကြိုတင်မဲဆန္ဒပေးနိုင်ရေးနဲ့ပတ်သက်ပြီး တရားဝင် နိုင်ငံကူး လက်မှတ် ကိုင် ဆောင်ထားသူတွေဟာ အမည်၊မွေးသက္ကရာဇ်၊မှတ်ပုံတင်အမှတ်၊ မိဘအမည်၊ နေရပ်လိပ်စာကို သံရုံးကို စာရင်းပေးသွင်း ရမှာ ဖြစ်ပါတယ်။

ပြည်ပရောက်မြန်မာနိုင်ငံသားများ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲမှာကြိုတင်မဲဆန္ဒ ပေးနိုင်ရေး အသေးစိတ် အချက်အလက်တွေ၊ ဖြည့်စွက်ရမယ့် ပုံစံ ၁၅ ကိစ္စရပ်တွေကို ထပ်မံကြေညာသွားမယ်လို့ စင်ကာပူနိုင်ငံဆိုင်ရာ မြန်မာ သံရုံးက ထုတ်ပြန်ထားပါတယ်။

DVB

No comments:

Post a Comment

My Blog List