Tuesday, June 30, 2015

နိုင်ငံရေးအကျဉ်းသား ၁၀၀ ကျော်နှင့် တရားရင်ဆိုင်နေသူ ၄၀၀ ကျော် ကျန်ရှိနေ


လက်ရှိ အကျဉ်းထောင် များ၌ ထောင်ဒဏ်ချမှတ်ခံထားရသည့် နိုင်ငံရေး အကျဉ်းသား ၁၆၄ ဦးရှိပြီး တရားရုံးတွင် တရားရင် ဆိုင်နေရဆဲဖြစ်သည့် ဆန္ဒပြ ကျောင်းသား၊ ကျောင်းသူများ၊ ဝန်းရံပြည်သူများ၊ တက်ကြွလှုပ် ရှားသူများ၊ အလုပ်သမား၊ လယ် သမားစုစုပေါင်း ၄၃၂ ဦးတို့ရှိနေ သေးကြောင်း နိုင်ငံရေးအကျဉ်း သားဟောင်းများအဖွဲ့(FPPS)မှ သတင်းရရှိသည်။

‘‘နိုင်ငံတစ်နိုင်ငံမှာ နိုင်ငံရေး အကျဉ်းသားဦးရေဟာ ဒီလောက် အထိ မရှိသင့်ဘူး။ ဒါဟာ လူ့အ ခွင့်အရေးချိုးဖောက်ခံ နေရတာ။ နိုင်ငံရေးအ ကျဉ်းသားတွေ ရသင့် ရထိုက်တဲ့ အခွင့်အရေးတွေကို ဥပဒေဘောင်အတွင်းက တောင်းဆိုသွား မယ်။ နိုင်/ကျဉ်းတွေဆိုတာက နိုင်ငံအကျိုးအတွက် လုပ်တာကြောင့် ထောင်ကျခံနေရတာ။ ဒါကြောင့် နိုင်/ကျဉ်းတွေက ထောင်ထဲမှာလည်း လူ့အခွင့် အရေးရသင့်တယ်’’ဟု FPPS အတွင်းရေးမှူး ဦးထွန်းကြည်က ဆိုသည်။

ယခင် ကိုလိုနီခေတ်က အကျဉ်းထောင်များတွင် နိုင်ငံရေး အကျဉ်းသား များအတွက် တစ်နှစ် လျှင် လေးလ လျှော့ရက် ပေးခြင်း များရှိခဲ့သော်လည်း ယခုအကျဉ်း ထောင်များ ဥပဒေကြမ်း အသစ် ပြဋ္ဌာန်းလိုက်သည့် အချိန်မှစ၍ ယင်းလျှော့ ရက်ကို ပယ်ဖျက်ခဲ့ ကြောင်း၊ အဆိုပါ လျှော့ရက်ဆို သည်မှာ လည်း လူ့အခွင့်အရေးကို အထောက်အကူပြုခြင်းကြောင့် လျှော့ရက်ပယ် ဖျက်လိုက်သည့် အချက်မှာ မဖြစ်သင့်ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးရော ဘတ်စန်းအောင်က ပြောသည်။

ကိုလိုနီခေတ်က အတည်ပြု ထားသည့် အကျဉ်းထောင်များ ဥပဒေ(Prisons Act)၊ အကျဉ်း သားများဥပဒေ(The Prisoner Act)၊ အကျဉ်းထောင် များလက်စွဲ (Jails Manual)တို့တွင် နိုင်ငံရေး အကျဉ်းသားအဖြစ် သီးသန့်ဖော် ပြထားခြင်းမရှိ သေးသော်လည်း ပြစ်ဒဏ်ချမှတ်ခံရသူများ၏ပညာ အရည်အချင်း၊ လူနေမှုအဆင့်အ တန်းအလိုက် ထောင်တွင်းအခွင့် အရေးရရှိမှု မတူညီခဲ့ကြောင်း သိ ရသည်။

ပြည်ထောင်စုလွှတ်တော်က ထုတ်ပြန်ကြေညာလိုက်သည့် အကျဉ်းထောင်များ ဥပဒေကြမ်း၏ အခန်း(၁)၌ အကျဉ်းသား အဓိပ္ပာယ်ဖွင့်ဆိုချက်တွင် ပြစ်ဒဏ်ကျ အကျဉ်းသား၊ အချုပ်အကျဉ်း သား၊ လူငယ်အကျဉ်းသား၊ သေ ဒဏ်ကျခံရသော အကျဉ်းသား၊ နှစ်ကြီးအကျဉ်းသားနှင့် တရားမ အကျဉ်း သားဟု ခွဲထားပြီး နိုင်ငံ ရေးအကျဉ်းသားဟူ၍ သီးသန့် ဖော်ပြ ထားခြင်းမရှိ ကြောင်း တ ရားလွှတ်တော်ရှေ့နေ ဦးဌေးဦး က ပြောသည်။

ပြီးခဲ့သည့် မေလ ၅ ရက်၌ ထုတ်ပြန်ခဲ့သည့် အကျဉ်း ထောင်များဥပဒေ ကြမ်းတွင် အ ခန်း(၁)မှ အခန်း(၆)အထိ ထည့် သွင်းရေးဆွဲထားပြီး ပုဒ်မပေါင်း ၆၉ ခုအထိပါရှိသည်။ အခန်း(၂) အကျဉ်းထောင်များ စီမံအုပ်ချုပ် ခြင်းပုဒ်မ ၃ တွင် ပြည်ထဲရေးဝန် ကြီးဌာနက အကျဉ်းသားများထိန်း သိမ်းထားရှိရန် အကျဉ်းထောင်များကို လိုအပ်သလို တည် ဆောက် ခြင်း၊ ဖျက်သိမ်းခြင်း၊ ရွှေ့ပြောင်းခြင်းတို့ ပြုလုပ်နိုင် သည်ဟု ယင်းဥပဒေကြမ်းတွင် ဖော်ပြထားခြင်းနှင့်ပတ်သက်၍ နိုင်ငံရေးအကျဉ်းသားအဖွဲ့အ စည်းများ၊ ဥပဒေပညာရှင်များ၊ အရပ်ဘက်အဖွဲ့အစည်းများက ဇွန်လ ၂၇ ရက်တွင် ရန်ကုန်မြို့၌ ဆွေးနွေးပွဲပြုလုပ်ကာ ဝေဖန်ပြော ကြားထားသည်။

‘‘ဒီဥပဒေကြမ်းအသစ်မှာ အကျဉ်းသားတွေကို သံခြေချင်း ခတ်တဲ့ပြဿနာ ထည့်သွင်းစေ ချင်တယ်။ သံခြေချင်းခတ် တာက လူကို အဆိပ်အတောက်ဖြစ် စေပါ တယ်။ ထောင်ပြောင်းတဲ့အခါ တ ခြားထောင်ကို ရောက်ရောက်ချင်း သံခြေ ချင်းဖြုတ်ပေးသင့်တယ်။ ထောင်ဝင်စာတွေ့တဲ့ အချိန်ကို လည်း ပြန်ပြင်စေချင်တယ်’’ဟု အသစ်ထုတ်ပြန်လိုက်သည့် အ ကျဉ်းထောင် များဥပဒေကြမ်းနှင့် ပတ်သက်၍ ဦးရောဘတ်စန်း အောင်က သုံးသပ် ပြောကြား သည်။

7Day News Journal

No comments:

Post a Comment

My Blog List