Wednesday, July 01, 2015

အခြေခံဥပဒေပြင်ရေးဆန္ဒပြသည့် တကသ ကျောင်းသားခေါင်းဆောင်များ နေပြည်တော်တွင် NLD အမတ် ဇေယျာသော်နှင့် ကြိုတင်တွေ့ဆုံစီစဉ်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရ


ရန်ကုန်မြို့ သိမ်ကြီးဈေးတွင် ဇွန်လ ၃၀ ရက် မွန်းလွဲပိုင်းက လူ ၂၅ ဦးခန့်ဖြင့် ပြုလုပ်ခဲ့သော အခြေခံဥပဒေ ပြင်ဆင်ရေး ဆန္ဒပြပွဲကို ဦးဆောင်ခဲ့သည့် တကသ ကျောင်းသား ဇေယျာလွင်နှင့်အဖွဲ့သည် NLD အမတ် ဇေယျာသော်နှင့် ဇွန်လ ၂၂ ရက် နေ့လည်ပိုင်းတွင် နေပြည်တော်ရှိ စည်ပင်ရိပ်သာတွင် တွေ့ဆုံဆွေးနွေးခဲ့ ပြီးမှ စီစဉ်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သတင်းရရှိသည်။

ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် ဦးဇေယျာသော်က အခြေခံဥပဒေပြင်ဆင် ရေးကို ယခုအပတ်အတွင်း မဲခွဲဆုံးဖြတ်မည် ဖြစ်ပြီး စစ်တပ်က မထောက်ခံ သည့်အတွက် ပြင်ဆင်ရန်အတွက် လိုအပ်သည့်ထောက်ခံမဲ မရနိုင်ကြောင်း၊ ထို့ကြောင့် အခြေခံဥပဒေပြင်ဆင်ရေး အား လွှတ်တော်တွင် မဲခွဲဆုံးဖြတ်မှု အရေးနိမ့်ပြီး နောက် တစ်ပတ်အတွင်း တကသ ကျောင်းသားများ ဦးဆောင် ကာ အခြေခံဥပဒေပြင်ဆင်ရေးအတွက် ရန်ကုန်မြို့တွင် စတင်ဆန္ဒပြရန်၊ ထို့နောက် ဆန္ဒပြပွဲများကို အခြားမြို့ကြီးအသီးသီးတွင် ဆက်လက်ဆောင် ရွက်သွားရန်နှင့် ထိုဆန္ဒပြပွဲများကို NLD ပါတီအနေဖြင့် နောက်ကွယ်မှ ပံ့ပေးပေးသွားမည်ဟု ပြောကြားခဲ့ ကြောင်း၊ ဤသို့ ပြုလုပ်ရခြင်းမှာ လွှတ်တော်ပြင်ပ နည်းလမ်း ဖြင့် စစ်တပ်ကို ဖိအားပေးရန် ဖြစ်ပြီး လူထု ထောက်ခံမှု မြင့်မားလာခဲ့ပါက တစ်နိုင်ငံလုံးအနှံ့ တိုးချဲ့ဆောင်ရွက်ရန် စီစဉ်ထားခြင်း ဖြစ်ကြောင်း၊ တကသ ကျောင်းသားများအနေဖြင့် ပြည်နယ် တိုင်းများသို့ ကိုယ်စားလှယ် အဖွဲ့များ စေလွှတ်ကာ အခြေခံ ဥပဒေပြင်ဆင် ရေး ကျောင်းသားဆန္ဒပြမှုများ ဖြစ်ပေါ်လာစေရန် စည်းရုံးလျက် ရှိကြောင်း သိရသည်။

တကသ ကျောင်းသားခေါင်းဆောင်များဖြစ်သော ဇေယျာလွင့်၊ ပိုင်ရဲသူနှင့် အခြား ကျောင်းသားခေါင်း ဆောင် အချို့သည် ဇေယျာသော်ထံမှ တစ်ဆင့် ဒေါ်အောင်ဆန်းစုကြည်၏ ညွှန်ကြားချက်ကို ရယူပြီး နောက် ရန်ကုန်မြို့ လူစည်ကားရာ နေရာများတွင် ဆန္ဒပြတောင်းဆိုမှုများ ပြုလုပ်ရန် စီစဉ်ခဲ့ခြင်း ဖြစ် ကြောင်း၊ အကယ်၍ ယင်းတို့ကို အစိုးရက ထောင်ချ အရေးယူလျှင် ဒေါ်စုကြည်ကိုယ်တိုင် ကာကွယ်စောင့် ရှောက်ပေးမည် ဟု ဇေယျာသော်က တစ်ဆင့် ကတိပေးခဲ့ ကြောင်း၊ ကျောင်းသားများ ဆန္ဒပြရာတွင် မော်တော်ယာဉ်၊ ဗီနိုင်း စသည်တို့အတွက် အသုံးစရိတ်များကို ဇေယျာသော်က ပေးအပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ 

NLD ပါတီသည် ဗကသများကို တကသနှင့် သီးခြားစီခွဲထုတ်နိုင်ခဲ့ပြီးနောက် တကသ ကို NLD ၏ နိုင်ငံရေး လက်စွဲ ကျောင်းသားအင်အားစု အဖြစ် အသုံးချနိုင်ရန် ဒေါ်စုကြည်ကိုယ်တိုင် စီမံဆောင်ရွက်ခဲ့ခြင်း ဖြစ်ပြီး တကသများနှင့် ဆက်သွယ်ဆက်ဆံရေးကို ဖြိုးဇေယျာသော်အား အဓိကတာဝန်ပေးအပ်ထားပြီး ဇေယျာ သော် ၏ အထောက်အကူ အဖြစ် NLD အမတ် ဦးသိန်းဆွေကို တွဲဖက်တာဝန်ပေးအပ်ထားကြောင်း သိရှိရ သည်။ 

“ကျောင်းသားထုကို ဗကသနဲ့ တကသ ဆိုပြီး စိတ်ဝမ်းကွဲပြားအောင် ခွဲတယ်။ ကျောင်းသားတွေက ကျောင်း သားအရေး ဆန္ဒပြ တောင်းဆိုတာမဟုတ်ဘဲနဲ့ ခြေဥပြင်ရေးတစ်ခုတည်း၊ တပ်မတော်သားတွေ လွှတ်တော် ထဲက ထွက်သွားရေး တစ်ခုတည်း တောင်းဆိုလာပြီ ဆိုကတည်းက ကျောင်းသားကိစ္စ မဟုတ်တော့ဘဲ NLD အစီအစဉ်ထဲ ၀င်လာပြီ ဆိုတာ သိသာပါတယ်။ ကျွန်တော်တို့ကတော့ NLD ကမွေးထားတဲ့ တကသ အဖွဲ့ကနေတစ်ဆင့် လူထု အုံကြွမှု လုပ်လာတဲ့ ဒေါ်စုကြည်နဲ့ NLD ပါတီကို ရှုတ်ချပါတယ်။ 

မရှက်ကြဘူးလား၊ မရှက်တတ်ဘူးလား လို့လည်း မေးချင်းပါတယ်။ လမ်းပေါ်ထွက်လာတဲ့အထဲမှာ ပါလာတဲ့ ကျောင်းသားလေးတွေက အရိုးခံလေးတွေပါ။ ဘာမှ မသိရှာပါဘူး။ အကယ်၍ ပစ်ဟယ်ခတ်ဟယ် ဖြစ်ရင် ဒီကလေးတွေ သေကြရမယ်။ ဒေါ်စုကြည်နဲ့ NLD ပါတီ အနေနဲ့ သတ္တိရှိရင် ပါတီကိုယ်တိုင် ပါတီအလံ ထောင်ပြီး လမ်းပေါ်တက်ပါ။ သူ့ဟာသူ ကျီးထိုးထိုး ခွေးစားစား ဂရုမစိုက်ဘူး။ မသိနားမလည်တဲ့ ကျောင်း သားလေးတွေ၊ ကလေးတွေကို ခုတုံးမလုပ်ပါနဲ့ လို့ပဲ ပြောချင်တယ်” ဟု ၁၉၈၈ ခုနှစ် အရေးအခင်းတွင် ပါဝင်ခဲ့ပြီး သေနတ်ကျည်ထိမှန်ခဲ့ရသူ ကိုနန္ဒကျော်က ပြောသည်။ 

“ရှင်းရှင်းပဲ ပြောမယ်။ ဒေါ်စုကြည်ရော NLD ရော လူထုအတွက် ဘာလုပ်ပေးခဲ့ပြီးပြီလဲ။ အာဏာ မရသေး လို့ ဆိုတဲ့ စကား လာမပြောနဲ့။ သူသမ္မတ ဖြစ်ဖို့၊ အခြေခံဥပဒေပြင်ဖို့၊ ၄၃၆ ပြင်ဖို့၊ ဒါတွေကိုပဲ လူထုက လိုက်လုပ်နေရတယ်။ ဘာတစ်ခု ပြည်သူအတွက် ကောင်းရာကောင်းကျိုး လုပ်ပေးဘူးသလဲ။ ဘင်္ဂါလီတွေ အတွက်ကျတော့ နိုင်ငံတကာ မှာ မျက်နှာကောင်းရဖို့ ပြောတယ်၊ ရပ်တည်ပေးတယ်။ ကိုယ့်တိုင်းရင်းသား ပြည်သူတွေဘက်က ရပ်တည်ပြီး ပြောမပေး ခဲ့တဲ့အပြင် ဘင်္ဂါလီတွေ နိုင်ငံသားပေးဖို့၊ ၈၂ ခုနှစ် နိုင်ငံသား ဥပဒေပြင်ပေးဖို့ ပြောတယ်။ အခုကိစ္စလည်း ကျောင်းသားတွေက ဇေယျာသော်က တစ်ဆင့် ဒေါ်စုကြည် က မြှောက်ပင့် သွေးထိုးပေးနေတာ မှန်တယ် ဆိုရင် NLD ပါတီကို မတရားအသင်းကြေညာဖို့ လိုတယ်။ တိုင်းပြည် ဆူပူအောင်၊ ပြည်သူတွေ ကျီးလန့်စာ စားဖြစ်ရအောင် သွေးထိုးပေးနေတယ်၊ ပြည်သူ့အကျိုးကို မကြည့်ဘူး၊ ကိုယ်သမ္မတ ဖြစ်ဖို့ပဲ လုပ်နေတယ် ဆိုရင် NLD ကို ပြည်သူတွေက စုပေါင်းပြီး ဒဏ်ခတ်ရလိမ့် မယ်။ တာဝန်ရှိတဲ့သူတွေ၊ ရွေးကောက်ပွဲကော်မရှင်တွေကလည်း NLD ပါတီကို မတရားအသင်း အဖြစ်ကြေ ညာပြီး အရေးယူဖို့ လိုတယ်” ဟု နိုင်ငံရေးပါတီကြီးတစ်ခုမှ ဗဟိုအလုပ်အမှု ဆောင်တစ်ဦးလည်းဖြစ်သူ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးက ပြောသည်။ 

ဇွန်လ၂၅ရက်တွင် အခြေခံဥပဒေပြင်ဆင်ရေးမဲခွဲဆုံးဖြတ်ခဲ့ပြီးနောက် ဒေါ်အောင်ဆန်းစုကြည်က တရား ဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်း ရေးကော်မတီိ အဆောင်တွင် မီဒီယာများအား ရှင်းလင်းပြောကြား ရာတွင် “ကြံ့ခိုင်ရေးက တင်တဲ့အဆိုက လုံးဝလုံလောက်တဲ့ အပြောင်းအလဲမဟုတ်ဘူး။ လုံးဝလုံလောက်တဲ့ အပြောင်းအလဲ မဟုတ်တာ ကို တောင် မထောက်ခံချင် ဘူးဆိုတဲ့ အဓိပ္ပါယ်ကတော့ အပြောင်းအလဲကို မလိုလားဘူးလို့ အဓိပ္ပါယ် ရောက်ပါတယ်။ ပြုပြင်ပြောင်းလဲရေးကို မလိုလားဘူးလို့ပဲ သတ်မှတ်ရမှာပဲ။ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပါတ်သက်လို့ ရှုံးနိမ့်တယ်လို့မမြင်ဘူး။ ဘယ်လိုရလာဒ်ထွက်လာမလဲ ဆိုတာ အစကတည်းက ခြောက်ပွင့်ဆိုင် အကြောင်း မစဉ်းစားတော့ဘူး။ ကိုယ်လုပ်စရာရှိတာပဲ ဆက်လုပ်သွား မယ်” ဟု ပြောကြားခဲ့သည်။

NLD ပါတီ၏ ဥပဒေအကြံပေး တရားလွှတ်တော်ရှေ့နေဦးကိုနီက ဒေါ်အောင်ဆန်းစုကြည် ထိုသို့ပြောကြား ခြင်းသည် အခြေခံဥပဒေပြင် ဆင်ရေး ကို လွှတ်တော်နည်းလမ်း ဖြင့် ဆောင်ရွက်၍ မရသဖြင့် လူထုနည်း လမ်းဖြင့် ဆောင်ရွက်ရန် အချက်ပြလိုက်ခြင်း ဖြစ်သည်ဟု RFA နှင့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။

ပြည်သူ့အာဏာ

No comments:

Post a Comment

My Blog List