Monday, June 29, 2015

အတည်ပြုလိုက်တဲ့ အမျိုးသားပညာရေးဥပဒေဟာ လေးပွင့်ဆိုင်သဘော တူညီမှုတွေကို လျစ်လျူရှုထားတယ်


အတည်ပြုလိုက်တဲ့ အမျိုးသားပညာရေးဥပဒေဟာ လေးပွင့်ဆိုင် သဘောတူညီမှုတွေကို လျစ်လျူရှုထား တယ်လို့ ဒေါက်တာညိုညိုသင်းကပြော ပါတယ်။ ''တစ်ခုက ကျောင်းသားသမဂ္ဂတွေက ရွေးချယ်တဲ့ ကျောင်းသား ကိုယ်စားလှယ်တွေကို ပညာရေး အဖွဲ့အစည်းတွေမှာ ပါဝင်ခွင့်မရှိတာ။ ဒုတိယက ဗဟို

ချုပ်ကိုင်မှုကို တင်းတင်းကျပ်ကျပ်ပြန်သုံးတယ်။ တိုင်းရင်းသားဘာသာစကား တွေကို ဒေသအလိုက် ကျောင်း အလိုက် လွတ်လပ်ခွင့်ပေးမထားဘူးပေါ့။ အဆိုးဆုံးက အမျိုးသားပညာရေးမူဝါဒ ကော်မရှင်ဆိုတာ ဖွဲ့လိုက် တယ်။ အဲဒီကော်မရှင်ကို လုပ်ကိုင်ခွင့်တွေအများကြီး ပေးလိုက်တယ်။

ပညာရေးမှာ ဗဟိုချုပ်ကိုင်မှုကိုလုံးလုံး ဆန့်ကျင်တယ်။ အဲဒီဗဟိုချုပ်ကိုင်မှု လုပ်ထားတဲ့ အမျိုးသားပညာ ရေးကော်မရှင်ဆိုတာကြီးကို လေးပွင့်ဆိုင်မှာ ကတည်းက ဖျက်ထားခဲ့ပြီးပြီ။ ဖျက်သိမ်းခဲ့တဲ့အမျိုးသား ပညာ ရေးကော် မရှင်ကြီးကို မူဝါဒဆိုတဲ့ တစ်လုံးလေး ထည့်ပြီး ပြန်ပါလာတယ်။ မူဝါဒလေးပဲ လုပ်ပါမယ် ဆို တဲ့ ကော်မရှင်ရဲ့ တာဝန်နဲ့လုပ်ပိုင်ခွင့်တွေ ပေးထားလိုက် တာက မနည်းမနောပါပဲ။ ဒါကအဆိုးဆုံးအချက်ပါပဲ။

ကျောင်းသားသမဂ္ဂက ညှိနှိုင်းရွေးချယ်တဲ့ ကိုယ်စားလှယ်တွေ တက္ကသိုလ် အုပ်ချုပ်ရေးကောင်စီ တွေမှာ ပါဝင်ဖို့တို့၊ ကျန်တဲ့ပညာရပ်ဆိုင်ရာအဖွဲ့စည်း တွေမှာ ပါဝင်ဖို့ ငြင်းဆန်ထားတယ်။ ယေဘုယျအား ဖြင့် ပြောမယ်ဆိုရင် ကျောင်းသားသမဂ္ဂရဲ့ တည်ရှိမှု ကို ငြင်းပယ်ထားတယ်ပေါ့။ လေးပွင့်ဆိုင် သဘောတူ ညီမှုမှာက ကျောင်းသားသမဂ္ဂတွေကို လွတ်လပ်စွာ ဖွဲ့ စည်းနိုင်တယ်ဆိုပြီး ကျောင်းသားသမဂ္ဂတွေရဲ့ ဖြစ်တည် မှုကို အသိအမှတ်ပြုထားတယ်။

ဒါတွေကို ဂရုမစိုက်ဘဲ လွှတ်တော်က လေးပွင့်ဆိုင်သဘောတူညီမှုကို လွှတ် တော်က ထည့်သွင်းစဉ်းစား ပေးခြင်းမပြုဘဲ မဲများရာကိုပဲ အတည်ပြုခဲ့တယ်။ မိခင်ဘာသာစကားကတော့ နားလည်မှုလွဲ နေပါသေး တယ်။

မိခင်ဘာသာစကားနဲ့ ပတ်သက်လို့ ကျောင်းတွေကို လွတ်လပ်ခွင့်မပေးသေး ဘူးပေါ့။ ဒီတော့ မိခင်ဘာ သာစကားကလဲ လေးပွင့်ဆိုင်နဲ့ ကွဲလွဲနေပါ တယ်။ လက်တွေ့ အကောင်အထည်ဖော်ရင်တော့ ဘယ် လိုဖြစ်မလဲ မသိဘူးပေါ့။ ဒါပေမဲ့ လေးပွင့်ဆိုင်က သွား ချင်တဲ့ တိုင်းရင်းသားတွေရဲ့ မိခင်ဘာသာ စကား လွတ် လပ်ခွင့်နဲ့ အာမခံမထားတဲ့သဘောမှာ ရှိတယ်။

ဒါကြောင့် လေးပွင့်ဆိုင်မှာ သဘောတူညီခဲ့ တဲ့ အစိုးရက လိုက်လျောခဲ့တဲ့ အချက်တွေနဲ့ ကိုက်ညီ မှု မရှိ ပါဘူး''။


ဒေါက်တာညိုညိုသင်း ပညာရေးပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက်(NNER)
Yangon Media Group


No comments:

Post a Comment

My Blog List