Wednesday, July 01, 2015

ထိုင်းနယ်စပ်ရှိ ၀ တပ်စခန်းကြီး ၇ ခု ရုပ်ပေးရန် မြန်မာစစ်တပ်ထံ ထိုင်းတောင်းဆို


၂၀၁၅ ဂျွန် ၃၀ ရက် သျှမ်းပြည်အရှေ့ပိုင်း မြို့နယ်အဆင့် ထိုင်း - မြန်မာနယ်ခြားကော်မတီများ နယ်စပ် ဖြတ်ကျော် အရေးကိစ္စများ ဆွေးနွေးရာတွင် ထိုင်းနယ်စပ်မျဉ်းပေါ်ရှိ ၀ တပ်စခန်း ၇ ခု တပ်ဆုတ်ဖို့ မြန်မာအစိုးရကို ထိုင်းအာဏာပိုင်က တောင်းဆိုလိုက်သည်။ 

သုံးလတကြိမ် လုပ့်လေ့လုပ်ထရှိသည့် အဆိုပါ ထိုင်း - မြန်မာ နယ်ခြားကော်မတီအစည်းအဝေးတွင် နယ်စပ်ဖြတ်ကျော်လာသည့် မှုခင်းကိစ္စ၊ မူးယစ်ေ ဆး ဝါးကိစ္စ၊ နယ်စပ်မျဉ်းကိစ္စ၊ လူကုန်ကူးကိစ္စ အပါဝင် စစ်ရေးတင်း မာနေ သည့် ၀ တပ်ဖွဲ့ နှင့် အစိုးရတပ်မတော်ကြား စစ်ရေးအခြေ အနေ ဆွေးနွေးရာ တွင် ထိုင်းနယ်စပ် ချင်းမိုင်ခရိုင်နှင့် ကပ်လျှက်ရှိနေသည့် ၀ တပ်စခန်း ၇ ခုအား ဖယ်ရှားပေးရန် တောင်းဆိုလိုက် သည်ဟု ထိုင်းနိုင်ငံ မတိချွန်း သတင်းစာက ရေးသားသည်။

“ကျနော်တို့ကနေ ၀ နဲ့ အစိုးရ ကြား စစ်ရေးတင်းမာမှုကိုမေးမြန်းတယ်။ တိုက်ပွဲဖြစ်ရင်မလွယ်ဘူး။ စစ်ဘေး စစ်ဒဏ်က ထိုင်းကော ထိတယ်။ မြန်မာပြည် ထဲက စစ်ပြေး တွေဒီဘက် ကို အကုန်ရောက်လာမယ်။ နယ်စပ်မှာ တိုက်ပွဲမဖြစ် ဖို့ ၀ တွေ ဖယ်ပေးဖို့ ကျနော်တို့ တောင်းဆိုလိုက် တော့ သူတို့လဲ လွယ်လန်းမှာ ရှိတဲ့ ကျနော်တို့ တပ်စခန်းကို ဖယ်ပေးဖို့ တုန့်ပြန်တယ်။ ဖယ်မယ် မဖယ်ဘူးဆိုတာတော့မသိဘူးလေ၊ သူတို့လဲ အထက်ကို တင်ပြ မယ်။ ကျနော်တို့လဲ အထက်ကို တင်ပြမယ်။” - ဟု အမည်မဖေါ်လိုသည့် ထိုင်းလုံခြုံ ရေး အရာရှိကြီး တဦး ကပြောသည်။

ချင်းမိုင်ခရိုင် ဝိန်းဟဲန်မြို့နယ် တွင်နေထိုင်သည့် ဦးခွန်းဆေက - ပိန်းလုံ၊ လတ်တိုင် ဘက် မှာ ဘဲ နှစ်ခု - သုံးခု ရှိတယ်။ လွယ်ထွေ့ဘက်၊ နောင်အွတ် ဘီပီဝမ်းဘက်မှာကောဘဲ ၀ တပ် စခန်းတွေရှိတယ်လေ - ဟု ပြောသည်။ 

ယခု ထိုင်း-မြန်မာ နယ်ခြားကော်မတီ တွေ့ဆုံမှုသည် ၈၃ ကြိမ်မြောက်ြ ဖစ်သည်။

ထိုင်းအစိုးရ နှင့်မြန်မာအစိုးရတို့သည် စစ်အစိုးရလက်ထက် ကတည်းက ‘ထိုင်း- မြန်မာ နယ်ခြားကော်မတီ’ ဖွဲ့စည်းထားပြီး မြို့နယ်အဆင့် TBC အစည်းအဝေးကို ၃ လတကြိမ် ၊ တိုင်းအဆင့် RBC အစည်းအဝေးကို ၆ လ တကြိမ်၊ နိုင်ငံတော်အဆင့် JBC ကို ၁ နှစ် ၁ ကြိမ် ဆွေးနွေးပွဲကျင်းပလေ့ရှိ သည်။ 

ထိုင်း - မြန်မာ နယ်ခြားကော်မတီဖွဲ့စည်းထားတကဲ့သို့ တရုတ်နယ်စပ်တွင်လဲ တရုတ်-မြန်မာနယ်ခြားကော် မတီ ဖွဲ့စည်းထားပြီး ယခုကဲ့သို့ မကြာခဏေ တွ့ဆုံဆွေးနွေး လေ့ရှိပါသည်။

ဓါတ်ပုံ- ၈၃ ကြိမ်မြောက် မြို့နယ်အဆင့် ထိုင်း - မြန်မာ နယ်ခြားကော်မတီ အစည်းအဝေး (ဓါတ်ပုံ- မတိချွန်းသတင်းစာမှ)
Panglong(Burmese)

No comments:

Post a Comment

My Blog List