Wednesday, July 01, 2015

ကန်ဒုံးကျည်သင်္ဘောချထားမှု မြောက်ကိုရီးယား ပြန်လည်ခြိမ်းခြောက်


ဂျပန်နိုင်ငံ ယိုကိုဆူကာ ရေတပ်အခြေစိုက်စခန်းသို့ ပဲ့ထိန်းဒုံးကျည် ပစ်လွှတ်နိုင်သော  သင်္ဘောတစ်စီး ဆိုက်ရောက်လာ ပြီးနောက် မြောက်ကိုရီးယားက အမေရိကန်နိုင်ငံကို ခြိမ်းခြောက် လိုက်သည်။မြောက် ကိုရီးယား၏ နျူခြိမ်း ခြောက်မှုကို တုံ့ပြန်ခြင်းအဖြစ်  USS Chancellorsville သင်္ဘောကို ဂျပန်နိုင်ငံတွင် ချထားခြင်းဖြစ်သည်ဟု မြောက်ကိုရီးယားနိုင်ငံ ပိုင် KCNA သတင်းဌာနက ပြော ကြားသည်ဟု ယွန်ဟပ် သတင်းဌာနက ဖော်ပြသည်။

ယင်းသို့ ချထားမှုကို မြောက်ကိုရီးယားနိုင်ငံက မကြိုဆိုဘဲ အ မေရိကန်နိုင်ငံအနေဖြင့် ယခင် ခြိမ်းခြောက် မှုများကို ကြားနာလျှင် ပိုကောင်းမည်ဟု KCNA က ထုတ်ပြန်ချက်တစ်ရပ်တွင် ပြော ကြားသည်။

‘‘နျူစစ်ပွဲအတွက် မီးလျံတိမ် တိုက်တွေ နောက်ဆုံးမှာ စုပြုံလာ နေပါတယ်။ ဒါပေမဲ့ အမေရိကန်ဟာ အမှန် တရားကို နာယူသင့်တယ်။ ပြင်းထန်တဲ့ ထိုးစစ်တစ် ရပ် ဆင်နွှဲနိုင်တဲ့ မဟာဗျူဟာ မြောက်နဲ့ နည်းဗျူဟာ မြောက် ဒုံးကျည်တွေ ကျွန်တော်တို့ ပိုင်ဆိုင်ထားပြီဖြစ်တယ်’’ ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

‘‘သူတို့ စတင်တဲ့ မီးကြောင့် သူတို့ကိုယ်တိုင် လောင်ကျွမ်းပြီး သူတို့ရဲ့ ပျက်စီးမှုကို လျင်မြန် သွားစေပါလိမ့် မယ်’’ ဟု KCNA က ပြောကြားသည်။

Ref: UPI
7Day News Journal

No comments:

Post a Comment

My Blog List