ဒေသတွင်းတွင် အဆုံးမရှိသည့် စစ်ပွဲတစ်ပွဲကို ဖန်တီးပြီး အမေရိကန် စစ်လက်နက်ပစ္စည်း စက်မှုလုပ်ငန်းများကို တိုးတက်စေရန်အတွက် အရှေ့အလယ်ပိုင်းဒေသတွင် အိုင်အက်စ်အကြမ်းဖက်အုပ်စု ပျံ့ပွားလာမှုကို အမေရိကန်ပြည်ထောင်စုနှင့် ၎င်း၏ မဟာမိတ်များက အားပေးအားမြှောက်ပြုခဲ့သည်ဟု မစ်ဇိုရီပြည်နယ်မှ ပထ၀ီနိုင်ငံရေး ဝေဖန်သုံးသပ်သူတစ်ဦးက ပြောကြားခဲ့သည်။
''ဒါက အိုင်အက်စ်တွေအကြောင်းအားလုံးပါပဲ။ ဒါဟာ အိုင်အက်စ်တွေ ရှိနေရခြင်းရဲ့ အကြောင်းရင်းပါပဲ။ အရှေ့အလယ်ပိုင်းမှာ သူပုန်တွေ ပိုများလာလော၊ လက်နက်တွေ ပိုရောင်းရလေပဲပေါ့''ဟု စာရေးဆရာနှင့် Veterans Today မှ ပင်တိုင်ဆောင်းပါးရှင် ဒင်း ဟန်ဒါးဆင်းက ပြောကြားခဲ့သည်။
ပင်တဂွန်အရာရှိများ၏ ပြောကြားချက်အရ အမေရိကန်က ကွန်ဂရက်မှ သဘောတူခွင့်ပြုထားသည့် ကန်ဒေါ်လာ ၁.၆ဘီလျံ ရံပုံငွေထဲမှ အီရတ်တပ်ဖွဲ့များ အတွက် ကတိပြုထားသည့် လက်နက်များကို တိတ်တဆိတ် စတင်ထောက်ပံ့လာချိန်တွင် ဟန်းဒါးဆင်းက ယခုကဲ့သို့ မှတ်ချက်ပြု ပြောကြားလိုက်ခြင်းပင် ဖြစ်သည်။
''ဒါဟာ အိုင်အက်စ် ဘာ့ကြောင့်ရှိနေရတယ်ဆိုတဲ့ အကြောင်းရင်း တစ်စိတ်တစ်ပိုင်းပါပဲ။ ဒါဟာ အဆုံးမရှိတဲ့ စစ်ပွဲပါပဲ။ စစ်လက်နက်ပစ္စည်း စက်မှုလုပ်ငန်း အတွက် ဈေးကွက်အသစ်တွေရှိနေရမယ်။ ငွေဖော်နိုင်ရမယ်။ ဒါ့ကြောင့် အရှေ့အလယ်ပိုင်း အမြဲတန်း မတည်မငြိမ်ဖြစ်အောင် လုပ်ထားတာပေါ့''ဟု ဟန်းဒါဆင်းက စနေနေ့က press TV သို့ ပြောကြားခဲ့သည်။
''အီရတ်မှာ နောက်ထပ် စစ်ပွဲတစ်ပွဲကို ဖန်တီးဖို့အတွက် စီအိုင်အေက အိုင်အက်စ်ကို ဖန်တီးတယ်။ ဆော်ဒီက အိုင်အက်စ်ကို ထောက်ပံ့တယ်။ အစ္စရေးနဲ့ လျှို့ဝှက်ပေါင်းကြံတယ်''ဟုလည်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။
''သူတို့က အိုင်အက်စ်ကို အသုံးချပြီး စစ်လက်နက် စက်မှုလုပ်ငန်းကြီးကို ရှင်သန်နေစေချင်တာ။ ပြီးတော့ ရေနံအတွက် နိုင်ငံကို သုံးစိတ်ပိုင်းဖို့ ကြိုးစားနေတဲ့ အီရတ်မှာလည်း သူတို့ရဲ့ မဟာဗျူဟာ ရည်မှန်းချက်တစ်ချို့ ရှိနေသေးတယ်''ဟုလည်း ဟန်းဒါဆင်းက ပြောကြားသည်။
ဆီးရီးယားအစိုးရကို မတည်မငြိမ်ဖြစ်စေရန် ၂၀၀၂ခုနှစ်က ဂျော်ဒန်တွင် ကနဦး စီအိုင်အေက လေ့ကျင့်ပေးခဲ့သည့် အိုင်
အက်စ်အကြမ်းဖက်သမားများက ယခုလက်ရှိ ဆီးရီးယားနှင့် အီရတ် အစိတ်အပိုင်းများကို သိမ်းပိုက်ထိန်းချုပ်ထားသည်။
၎င်းတို့ထိန်းချုပ်ထားရာဒေသများတွင် လူသားအမျိုးအနွယ်ကို ဆန့်ကျင်သည့် ရာဇ၀တ်မှုကြီးများကိုလည်း ကျူးလွန်နေကြသည်။ ယမန်နှစ်ကတည်းက အမေရိကန်နှင့် ၎င်း၏ မဟာမိတ်များက အီရတ်နှင့် ဆီးရီးယားတွင် အိုင်အက်စ်များကို လေကြောင်းတိုက်ခိုက်မှုများဖြင့် ချေမှုန်းနေသည်။
အမေရိကန်နှင့် မဟာမိတ်များက မည်သို့င် အိုင်အက်စ်လို အကြမ်းဖက်အုပ်စုများကို တိုက်ခိုက်နေပါသည်ဟု ပြောဆိုနေကြသော်လည်း တကယ်တန်းတွင်မူ အရှေ့အလယ်ပိုင်းတွင် ၎င်းတို့၏ ပေါ်လစီများ သက်ဝင်လွှမ်းမိုးနေရန်အတွက် ထိုအကြမ်းဖက်အဖွဲ့အစည်းများကို သူတို့ပင် ဖန်တီးလေ့ကျင့်ပေးနေသည် ဟုလည်း လေ့လာသုံးသပ်သူများကလည်း ပြောကြားနေကြသည်။
Ref: Press TV
Mizzima - News in Burmese
No comments:
Post a Comment