Wednesday, June 10, 2015

ငွေလဲနှုန်း နာရီပိုင်းအတွင်း ၂၆ ကျပ်ခုန်တက်


တရားမ၀င်ငွေဈေးကွက်ကို ဗဟိုဘဏ်က မထိန်းနိုင်သဖြင့် အမေရိကန်ဒေါ်လာ တန်ဖိုးသည် ဦးသိန်းစိန်၏ အစိုးရသက်တမ်း လေးနှစ်အတွင်း ပထမဆုံးအကြိမ် အဖြစ် နာရီပိုင်းအတွင်း ၂၆ ကျပ် ခန့် မြင့်တက်သွားသည်။

အမေရိကန်ဒေါ်လာတန်ဖိုး သည် ဇွန်လ ၉ရက်နံနက်တွင်တစ် ဒေါ်လာလျှင် ၁,၂၀၂ ကျပ်ရှိရာမှ မွန်းလွဲပိုင်းတွင်တစ်ဒေါ်လာလျှင် ၁,၂၂၀ ကျပ် ခန့်ရှိလာသည်။

ညနေဈေးပိတ်ချိန်တွင်မူ တစ်ဒေါ် လာလျှင် ၁,၂၂၈ ကျပ် ၀န်းကျင် ဈေးထိ မြင့်တက်ခဲ့သည်။ ထိုသို့အပြောင်းအလဲ မြန်ဆန်မှုကို လက်ရှိအစိုးရ သက်တမ်းအတွင်း မကြုံဖူးသေးကြောင်း ပြည်ပ ငွေလဲနှုန်းလုပ်ငန်း လုပ်ကိုင်သူ များက ဆိုသည်။

ဇွန်လ ၈ ရက်ည နေဈေးပိတ်ချိန်က အမေရိကန် တစ်ဒေါ်လာ၏ တန်ဖိုးမှာ ၁,၁၉၇ ကျပ်သာရှိခဲ့သဖြင့် ၃၁ ကျပ် ဈေး မြင့်တက်ခဲ့သည်။

‘‘လူတွေက တစ်သောင်း တန်တွေ ထပ်ရိုက်တော့လန့်တာ ပေါ့။ ငွေကြေးဖောင်းပွမှာကို။ ဒါ ကြောင့်ခိုင်မာတဲ့ ဒေါ်လာ ပိုဝယ်လာတဲ့အတွက် ဈေးတက်တာ လည်းပါတယ်’’ဟု စက်မှုဇုန်  ဥက္ကဋ္ဌတစ်ဦးက ၎င်း၏ အမြင်ကို ပြောသည်။

ဇွန်လ ၁ ရက် ညနေတွင် တစ်ဒေါ်လာလျှင်၁,၁၃၅ ကျပ်နှင့် ဈေးပိတ်ခဲ့ပြီးမှ ဇွန်လ ၅ ရက် နံနက်တွင် တစ်ဒေါ်လာလျှင် ၁,၁၆၅ ကျပ်ဖြစ်လာခဲ့သည်။ ထို နေ့ ညနေပိုင်းတွင် တစ်ဒေါ် လာလျှင် ၁,၁၇၁ ကျပ်ထိ ဈေး မြင့်လာခဲ့ကြောင်း ငွေလဲလုပ်ငန်း လုပ်ကိုင်နေသူ တစ်ဦးက ပြော သည်။

လက်ရှိအမေရိကန်ဒေါ်လာ တန်ဖိုး အပြောင်းအလဲမြန်ဆန် နေခြင်းသည် ပြည်တွင်း၌ ဒေါ် လာအသုံးများနေပြီး အ၀င်နည်း နေခြင်း၊ မြန်မာနိုင်ငံ၏ အမြင့်ဆုံး ငွေကြေးဖြစ်သည့် ကျပ်တစ် သောင်းတန်ကို လုံခြုံရေးအ ကြောင်းပြပြီး အသစ်ထုတ်ရိုက် ခြင်းတို့၏ အကျိုးဆက်များဟု စီး ပွားရေးလုပ်ငန်းရှင်များက ပြော သည်။

၂၀၁၅ မြန်မာနိုင်ငံ၏ စီးပွား ရေးအခြေအနေ ကြိုတင်ခန့်မှန်း မှုများတွင် ပြည်တွင်းမှ စီးပွားရေး လုပ်ငန်းရှင်များ အစိုးရိမ်ဆုံးမှာ ငွေလဲနှုန်းမတည်ငြိမ်ဘဲ မြင့်တက် နေခြင်းပင်ဖြစ်သည်။

‘‘ငွေလဲနှုန်းက ကြိုခန့်မှန်းလို့ မရတော့ စီးပွားရေးလုပ်ငန်းတွေ အတွက် ကြီးမားတဲ့ အခက်အ ခဲပဲ’’ဟု မြန်မာနိုင်ငံ ဆန်စပါးအ သင်းချုပ် ဥက္ကဋ္ဌ ဦးချစ်ခိုင်ကပြော ကြားသည်။

မြန်မာနိုင်ငံတွင် အဓိကကုန် ပစ္စည်းဖြစ်သည့် စားအုန်းဆီ၊ စက်သုံးဆီ စသည်တို့ကို ပြည်ပမှ တင်သွင်းနေရသည်။ အဆိုပါ ကုန်ပစ္စည်းများသည့် လူအားလုံး နှင့် သက်ဆိုင်ပြီး ပြည်ပမှတင် သွင်းရာတွင်လည်း အမေရိကန် ဒေါ်လာဖြင့်သာ ၀ယ်ယူနေရ သည်။ ယင်းကုန်ပစ္စည်းများသည် အမေရိကန်ဒေါ်လာတန်ဖိုးမြင့် တက် ချိန်တွင် ငွေလဲနှုန်း၌ မြန်မာ ကျပ်ငွေပိုပေးရသဖြင့် အခြေခံ ကုန်ဈေးနှုန်းများ မြင့်တက်လာ သည်။

‘‘ကျွန်တော့်ကုမ္ပဏီတစ်ခု တည်းက စက်သုံးဆီတင်သွင်းတာ တစ်လကို ဒေါ်လာအသုံးက သန်း ၄၀ လောက်ရှိတယ်’’ဟု ဦးချစ်ခိုင် က ပြောသည်။

ယင်းကဲ့သို့ ပြည်တွင်း အ မေရိကန်ဒေါ်လာ အသုံးများနေ ချိန်တွင် မြန်မာနိုင်ငံ၏ကုန်သွယ်မှု လိုငွေသည် အမေရိကန်ဒေါ် လာ ငါးဘီလီယံကျော်ရှိနေသည်။ ယင်းလိုငွေပမာဏသည် ပို့ကုန် ၏ ထက်ဝက်နီးပါးရှိနေသည်။ ၂၀၁၄-၁၅ တွင် မြန်မာနိုင်ငံမှ ပို့ ကုန်ဝင်ငွေသည် အမေရိကန်ဒေါ် လာ ၁၀ ဘီလီယံကျော်သာရှိ သည်။

ထို့အပြင် အစိုးရဘတ်ဂျက် တွင် အသုံးစရိတ်များမှာလည်း ၀င်ငွေထက် ကျပ်ငွေ ဘီလီယံ ၃,၆၀၀ ကျော်လိုအပ်နေသည်။ ယင်းလိုငွေမှာ အစိုးရသက်တမ်း လေးနှစ်အတွင်း အများဆုံးဖြစ် သည်။ အစိုးရ လိုငွေများနေမှု သည်ပြည်သူများအတွက် ကျပ် ငွေအပေါ် ယုံကြည်မှုလျော့ကျစေ သည်။ ထို့ကြောင့် ငွေမာဖြစ်သော အမေရိကန်ဒေါ်လာကိုသာ လူအ များက ယုံကြည်မှုပိုပြီး ၀ယ်ယူစု ဆောင်းလာခြင်းတို့ကြောင့်လည်း ဈေးနှုန်းမြင့်တက်မှု၏ တွန်းအား ဖြစ်လာကြောင်း စီးပွားရေးပညာ ရှင် ဦးလှမောင်က ပြောသည်။

ဗဟိုဘဏ်ကို ပြည်တွင်း၌  နိုင်ငံခြားငွေတန်ဖိုးမြင့်တက်မှုကို ထိန်းချုပ်ရန် မေလအတွင်းအရေး ပေါ် အစည်းအဝေးများ ပြုလုပ် ခြင်း၊ ရည်ညွှန်းချက်ထုတ်ပြန် ခြင်းများ ပြုလုပ်ခဲ့သည်။ ဒေါ်လာ တန်ဖိုးမြင့်တက်ပြီး ကျပ်ငွေတန် ဖိုးကျဆင်းမှုကြောင့် မေလ ၁၁ ရက် ညနေတွင် ပြည်တွင်းပုဂ္ဂလိ က ဘဏ်များနှင့် ငွေလဲကောင် တာများအား ခေါ်ယူသတိပေး ခြင်း၊ မေလ ၁၃ ရက်တွင် ပြည် တွင်းဘဏ်လုပ်ငန်းရှင်များအား နေပြည်တော်သို့ ခေါ်ယူအစည်း အဝေးပြုလုပ်ခြင်း၊ မေလ ၂၇ ရက်တွင် နိုင်ငံခြားဘဏ်ငွေစာ ရင်းဖွင့်လှစ်ထားသူများအား ငွေ ထုတ်ယူရာ၌ ထက်ဝက်လျှော့ချ ပေးရန်ညွှန်ကြားခြင်း၊ မေလ ၂၉ ရက်တွင် ပြည်တွင်း၌ အရောင်း အ၀ယ်ပြုလုပ်ခြင်းနှင့် ၀န်ဆောင် မှုလုပ်ငန်းများတွင် အမေရိကန် ဒေါ်လာ အပါအ ၀င်နိုင်ငံခြားငွေ များ သုံးစွဲခွင့်မပြုဘဲကျပ်ငွေဖြင့် သာ အသုံးပြုရန် ညွှန်ကြားချက် ထုတ်ပြန်ခြင်းများ ဆောင်ရွက်ခဲ့ သည်။

ယင်းကဲ့သို့ ထိန်းချုပ်ရန်ကြိုး စားနေသော်လည်း ပြည်တွင်း ဈေးကွက်တွင် အမေရိကန်ဒေါ် လာတန်ဖိုးသည် မြင့်တက်မြဲ ဆက်လက် မြင့်တက်နေသည်။ ပြင်ပဈေးကွက်တွင် ငွေလဲနှုန်း မြင့်တက်နေမှုကြောင့် ဗဟိုဘဏ် ၏ ရည်ညွှန်းနိုင်ငံခြားငွေလဲနှုန်း မှာလည်း ဇွန်လ ၉ ရက် မွန်းလွဲပိုင်းအထိ တစ်ဒေါ်လာလျှင် ၁,၁၀၅ ကျပ်ထိ သတ်မှတ်ထား သည်။ တရားဝင်ငွေလဲလုပ်ငန်း များ၊ ပုဂ္ဂလိက လုပ်ငန်းများအ တွက် ငွေလဲနှုန်းသည် ဗဟိုဘဏ် က သတ်မှတ်ထားသည့်ရည်ညွှန်း ငွေလဲနှုန်း၏ ၀ ဒသမ ၈ ရာခိုင်နှုန်း သာ အတိုးအလျှော့ပြုလုပ်ပြီး ဈေးကွက်တွင် ရောင်းချခွင့်ပြု ထားသည်။ ထို့ကြောင့် ပုဂ္ဂလိက ဘဏ်ငွေလဲ ကောင်တာများကို ဇွန်လ ၉ ရက် နေ့လယ်ပိုင်းအထိ အမေရိကန် တစ်ဒေါ်လာလျှင် ၁,၁၁၄ ကျပ်ဖြင့် ဈေးကွက်ဖွင့် ထားသည်။ သို့သော် ယင်းပုဂ္ဂလိ က ဘဏ်များသည် ၀ယ်ယူလိုသူ အများစုကို ရောင်းချပေးနိုင်ခြင်းမရှိကြောင်း သိရသည်။

7Day News Journal


No comments:

Post a Comment

My Blog List