Saturday, June 13, 2015

လူမှောင်ခိုကုန်ကူးသူများကို ပိုက်ဆံပေးခဲ့သည်ဟု သြစတြေးလျအစိုးရ ဖိအားပေးခံနေရ


နိုင်ငံရေးအတိုက်အခံများ၏ အရှေ့တောင်အာရှမှ ရွှေ့ပြောင်းအခြေချ လူမှောင်ခိုကုန်ကူးမှု ပြဿနာများကို ပိုမိုဆိုးရွား သွားစေနိုင် သည်ဟူသော သတိပေးနှင့်အတူ သြစတြေးလျအစိုးရမှာ ခိုလှုံခွင့် တောင်းခံသူများကို အင်ဒိုနီးရှားသို့ ပြန်ပို့ရန် လူကုန်ကူးသူများ ကို ဒေါ်လာ ထောင်ပေါင်း များစွာ ပေးခဲ့ခြင်း ရှိ မရှိ ပြောကြားရန် ဖိအားပေးခံနေရသည်။ 
လူမှောင်ခိုကုန်ကူးသည့် ကွန်ရက်များကို ခပ်မာမာ တုန့်ပြန်တတ်သည့် ဝန်ကြီးချုပ် တိုနီအက်ဘော့၏ အစိုးရမှာ ပင်လယ်ပြင်တွင် တွေ့ရှိရသည့် ဒုက္ခသည် လှေ တစ်စင်းကို အင်ဒိုနီးရှားသို့ ပြန်ကွေ့ရန် သြစတြေးလျ နယ်စပ်အာဏာပိုင်များက လှေထိုးသား လူမှောင်ခို သမားအား ကန်ဒေါ်လာ ၃၀,၀၀၀ ပေးခဲ့သည်ဟူသော အင်ဒိုနီးရှားရဲ၏ စွပ်စွဲချက်များနှင့် ပတ်သက်၍ မေးခွန်းထုတ် ခံနေရသည်။ 

ဂျကာတာက အင်ဒိုနီးရှား ရဲချုပ်၏ အတည်မပြုရသေးသည့် စွပ်စွဲချက်များကို စတင်စုံစမ်း စစ်ဆေးလျက်ရှိရာ ဦးစွာပထမ လူကုန် ကူးသမား ၆ ယောက် အား တစ်ယောက်လျှင် ကန်ဒေါ်လာ ၅,၀၀၀ ပေး၍ ဘင်္ဂလားဒေ့ရှ်၊ သီရိလင်္ကာနှင့် မြန်မာတို့မှ ခရီးသည် ၆၅ ယောက် လိုက်ပါလာသည့် လှေကို ပြန်ကွေ့ ခိုင်းခဲ့ရာနောင် တွင် အရှေ့တောင်ပိုင်း ရုတ်ကျွန်းအနီး ကျောက်တန်းပေါ်တွင်ပျက်နေ သည့် ထိုလှေကို တွေ့ရှိခဲ့ကြောင်းကို သြစတြေးလျ သတင်းစာများကို အသိပေးခဲ့သည်။

အထပ်ထပ် မေးခွန်းထုတ်ခံနေရသည့် မစ္စတာ အက်ဘော့ကမူ ကုလက အပြင်းအထန် ဝေဖန်နေပြီး အများအားဖြင့် လျှို့ဝှက် လုပ်ဆောင်ရသည့် ပိတ်ဆို့မှုတွင် ခိုလှုံခွင့် ရှာဖွေသူများအား သြစတြေးလျသို့ ရောက်မလာ အောင် ရပ်တန့်ရန် ကြိုးစားရာတွင် သြစတြေးလျ ရေတပ်သားများနှင့် နယ်ခြားစောင့်တပ်များမှာ ထိုးထွင်း ဉာဏ်ကောင်းကြသည်ဟုသာ ပြောကြားခဲ့သည်။ 

‘‘ကျွန်တော်တို့လုပ်ခဲ့တာကလှေတွေကို ဘယ်နည်းနဲ့ဖြစ်ဖြစ် ရပ်တန့်ပစ်ဖို့ပါ။ ဒါကလည်း ကျွန်တော်တို့လုပ်ရမယ့် အလုပ်မို့ပါ။ဒါကိုပဲ ကျွန်တော် တို့ အောင်အောင်မြင်မြင် လုပ်ခဲ့တာပါ’’ဟု မစ္စတာ အက်ဘော့က သြစတြေးလျ ရေဒီယိုကွန်ရက်တစ်ခုသို့ ပြောကြား ခဲ့သော်လည်း အသေးစိတ် ပြောကြား ရန်မူ လုံခြုံရေး အကြောင်းပြချက်ဖြင့် ငြင်းဆန်သွားခဲ့သည်။ 

မစ္စတာအက်ဘော့၏ အစိုးရမှာ ချဉ်းကပ်လှေများကို စစ်တပ်ခေါင်းဆောင် သည့် ပိတ်ဆို့မှုဖြင့် ကမ္ဘာပေါ်တွင် အပြင်းထန်ဆုံးသော နယ်စပ်ခိုလှုံခွင့် တိုက်ဖျက်မှု စစ်ဆင်ရေးတစ်ရပ်ကို ဆင်နွှဲနေသည်။

Mizzima - News in Burmese



No comments:

Post a Comment

My Blog List