Wednesday, June 10, 2015

သြစတြေးလျက အင်ဒိုနီးရှားတွင် သံအမတ်ကြီးအဆင့် ပြန်ထား


သြစတြေးလျနိုင်ငံသား နှစ်ဦးကို အင်ဒိုနီးရှားနိုင်ငံက သေဒဏ်အပြစ်ပေးခဲ့၍ ဆန့်ကျင်သည့်အနေဖြင့် သံအမတ်ကြီးကို ပြန်လည်ခေါ်ယူခဲ့ပြီး သီတင်းပတ် ငါးပတ်အကြာတွင် သြစတြေးလျမှ သံအမတ်ကြီးဖြစ်သူ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာသို့ ပြန်လည်ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

သံအမတ်ကြီး ပေါလ်ဂရီဆန်က တနင်္လာနေ့က အင်ဒိုနီးရှားနိုင်ငံသို့ ပြန်လည်သွားရောက်ခဲ့ခြင်းဖြစ်ကြောင်း သြစတြေးလျ အစိုးရက ပြောသည်။

သံအမတ်ကြီးပေါလ်ကို ပြန်လည်ခေါ်ယူခဲ့ခြင်းက သြစတြေးလျနိုင်ငံအတွက် မိမိနိုင်ငံသားကို တိုင်းတစ်ပါးအစိုးရက သေဒဏ်ပေးခြင်းကို တုံ့ပြန်မှုအဖြစ် ပထမဆုံး ပြန်လည်ခေါ်ယူမှု ဖြစ်သည်။

သြစတြေးလျနိုင်ငံသား မူးယစ်ကုန်သည် နှစ်ဦးဖြစ်သည့် အင်ဒရူးချန်းနှင့် မိုင်အာရန်းဆူကူမာရန်းတို့ နှစ်ဦးကို ဧပြီလ ၂၉ ရက်က အင်ဒိုနီးရှားက သေနတ်ဖြင့်ကွပ်မျက် သေဒဏ်စီရင်ခဲ့ခြင်း ဖြစ်သည်။

ထိုသို့ သေဒဏ်စီရင်ခဲ့မှုကို မလိုလားအပ်သည့် ရက်စက်မှု တစ်ရပ်အဖြစ် သြစတြေးလျ ဝန်ကြီးချုပ် တိုနီအဘော့က ယင်းအချိန်က ပြောခဲ့သည်။

သြစတြေးလျ ဝန်ကြီးအဆင့်များ အင်ဒိုနီးရှားသို့ သွားရောက်လည်ပတ်ခြင်းများကိုလည်း ဧပြီလအတွင်းက ရပ်စဲပစ်ခဲ့သည်။ 

သို့သော်လည်း ယခုတွင် ယင်းဆုံးဖြတ်ချက်ကို ပြောင်းလဲလိုက်ပြီးလားဆိုသည်ကို သြစတြေးလျအစိုးရ
က ပြောဆိုခြင်း မရှိပေ။

REF : BBC
Mizzima - News in Burmese


No comments:

Post a Comment

My Blog List