Friday, June 12, 2015

လာဘ်စားမှုကြောင့် တရုတ်ထောက်လှမ်းရေးမှူးချုပ်ဟောင်း ထောင်ဒဏ်တသက် ချခံရ



တရုတ်ပြည်တွင်းလုံခြုံရေးနဲ့ ထောက်လှမ်းရေးမှူးချုပ်ဖြစ်ခဲ့တဲ့ ကျိုးယုံခန်း (Zhou Yongkang) ကို အဂတိလိုက်စားမှုတွေနဲ့ ဇွန် ၁၁ ရက်နေ့က ထောင်ဒဏ်တသက်တကျွန်း ချလိုက်ပါတယ်။လာဘ်ငွေလက်ခံမှု၊ အာဏာအလွဲသုံးစားမှု၊ နိုင်ငံတော်လျှို့ဝှက်ချက် ပေါက်ကြားမှုတွေနဲ့ စွဲချက်တင်ခံရပြီး သူ့ရဲ့လုပ်ပိုင်ခွင့်အာဏာအားလုံး ရုပ်သိမ်းကာ ပိုင်ဆိုင်မှုတွေကိုလည်း ချိတ်ပိတ်လိုက်ပါတယ်။
အပြစ်ဒဏ်ကို ၁၀ ရက်အတွင်း အယူခံခွင့်ရှိတယ်လို့ Tianjin အဆင့်မြင့် တရားရုံး တရားသူကြီးက ထုတ်ပြန်ပါတယ်။

“အပြစ်ကို ၀န်ခံပါတယ်။ ချခဲ့တဲ့ပြစ်မှုအတွက်လည်း အယူခံ မ၀င်တော့ပါဘူး။ ကျနော့်ရဲ့လုပ်ရပ်တွေဟာ ပါတီရဲ့ စည်းမျဉ်းစည်းကမ်းကို ထိခိုက်ခဲ့တယ်။ ဒါကြောင့် ကျနော်ကျူးလွန်ခဲ့တဲ့အပြစ်ကို ကျနော် ၀န်ခံပါတယ်။ နောင်တလည်း ရပါတယ်။” လို့ ကျိုးယုံခန်းက ပြောသွားပါတယ်။

ကျိုးယုံခန်းဟာ အရင်က တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ပေါ်လစ်ဗျူရို အဖွဲ့ဝင်ဖြစ်ခဲ့ပြီး ပါတီစည်းမျဉ်းစည်းကမ်းကို အပြင်းအထန်ချိုးဖောက်မှုနဲ့ ၂၀၁၄ ဇူလိုင်မှာ ထိန်းသိမ်း စစ်ဆေးခံရတာပါ။

လာဘ်ငွေ အမေရိကန်ဒေါ်လာ ၂၁ သန်းကျော်ဖိုးနဲ့ ညီမျှတဲ့ ယွမ်ငွေ သန်း ၁၃၀ လက်ခံမှုအပြင် တခြားအမှုတွေနဲ့ မေလ ၂၂ ရက်နေ့မှာ စတင်တရားရုံး တင် စစ်ဆေးပါတယ်။

သူ့ရဲ့ရာထူးအရှိန်အ၀ါကို အသုံးချပြီး နီးစပ်သူ အစိုးရထိပ်တန်းအာဏာပိုင် ၅ ဦးကို စီးပွားရေး အခွင့်အလမ်းတွေပေးခဲ့ပြီး တဦးက သူ့ကို လာဘ်ငွေနဲ့ အိမ်ခြံမြေတွေ ပေးခဲ့တယ်လို့ တရားရုံးက ဆိုပါတယ်။

သူ့ရဲ့ဇနီးနဲ့ သားဖြစ်သူတို့ကလည်း လာဘ်ငွေအဖြစ် ယွမ်ငွေ ၁၂၉ သန်း လောက် လက်ခံခဲ့တယ်ဆိုတာ သိရှိတယ်လို့ ကျိုးယုံခန်းက ပြောခဲ့ပါတယ်။

DVB


No comments:

Post a Comment

My Blog List