‘ရွေးကောက်ပွဲ’ဟူသော ဝေါဟာရ စကားလုံးကို ကြားလိုက်ရလျှင် မြန်မာတို့၏ စိတ်ထဲတွင် အသက်အပိုင်း အခြားအလိုက် ရင်ထဲတွင် မချင့်မရဲ ခံစားချက်များ ကိုယ်စီ ဝင်ရောက် လာတတ်ကြသည်မှာ နိုင်ငံသား အားလုံးဖြစ်ပါလိမ့်မည်။
အများအားဖြင့် အသက် ၆ဝ နှစ်နီးပါး ရှိသူများသည် တစ်ပါတီ စနစ်၏ ကိုယ်စားလှယ်လောင်း တစ်ဦးတည်း ပြိုင်ဘက် မရှိသူကို သာ ထောက်ခံ၊ ကန့်ကွက် မဲပေးခဲ့ ရသည့် ဒီမိုကရေစီ ဗဟိုဦးစီး စနစ် ကို မြန်မာ့နည်း၊ မြန်မာ့ဟန်ဖြင့် တီထွင် ဖန်တီးခဲ့သော မြန်မာ့ ဆိုရှယ် လစ်လမ်းစဉ် ပါတီခေတ်၏ ဟန်ပြ ရွေးကောက်ပွဲ မဲလိမ်မှု၊ မသမာမှု များကို မျက်မြင် ကိုယ်တွေ့ဖြတ် သန်းခဲ့ဖူးပေပြီ။ တစ်ဦးတည်း ပြိုင် ဘက်မရှိသည့် လွှတ်တော် ကိုယ်စား လှယ် ရွေးရသည့်ခေတ်ကပင် ၄င်း လိမ်ညာမှု၊ မသမာမှုများကို လုပ် ပေးခဲ့ ရသည့် မဲရုံမှူးများနှင့် တာ ဝန်ရှိသူများ တရားဝင် လုပ်ပိုင်ခွင့် ရှိသည်ဟု ထင်မှတ်ခဲ့ကြသည်။
ဘာကြောင့်လဲ။ သွားတိုင် မည့်နေရာမရှိ။ တိုင်သူသည် မဆလ လမ်းစဉ်ကို သွေဖည်သော ကွန်မြူ နစ်ပါတီ မြေအောက် လှုပ်ရှားသူစာ ရင်း ဝင်သွားနိုင်သည်။ သို့ရာ တွင် ရွေးကောက်ပွဲ ဆိုင်ရာ ဥပဒေမှာ တော့ စနစ်တကျ လူမြင်ကောင်း အောင် ရေးသား ထုတ်ပြန်ထား သည်။
နောက်ဆုံး ရလဒ်က မဲသွား မထည့်ရင်တောင် ကိစ္စမရှိ။ မဲရုံအဖွဲ့သားတွေက ကိုယ်စားဝိုင်းဝန်း ထည့်လိုက် ကြသည်။ ရာနှုန်းပြည့် နီးပါးဖြင့် အောင်ပွဲခံထားသော လွှတ် တော်ကြီးသည် (၄) ကြိမ်မြောက် နှစ်(၂ဝ) မပြည့်မီ ၁၉၈၈ ခုနှစ် တွင် နိဋ္ဌိတံခဲ့သည်ကိုလည်း ကြုံခဲ့ဖူးပါ ပြီ။နောက် (၂)နှစ် အကြာ ၁၉၉ဝ ရွေးကောက် ပွဲကြီး တစ်ခု ပေါ်လာခဲ့သည်။ ကမ္ဘာက အတည် ပြုပေးပြီး ကျေနပ် အားရခဲ့သော ဒီမိုကရေစီ နည်းလမ်းကျ တရား မျှတသောရွေး ကောက်ပွဲကြီး ကို မြန်မာတို့ ဝမ်း မြောက် ဝမ်းသာစွာ မဲရုံကို မနက် မိုးမလင်းမီကပင် လူအုပ်ကြီး တိုးဝှေ့ လျက် မဲထည့်ရန် စောင့်ဆိုင်းပြီး တိုင်းပြည် အနာ ဂတ်ပြောင်းလဲမှု အတွက် တစ်ခဲနက် အားပေးခဲ့ကြပါ သည်။ မြန်မာတို့သည် ဒီမိုကရေစီ အရသာကို အငမ်းမရ တမ်းတ သော အချိန်များစွာကို နှစ်ကြာ ရှည်စွာ စောင့်စား လျက် မဲရုံသို့ မပျက်မကွက်သွားခဲ့ကြပေသည်။
သို့ရာတွင် ရွေးကောက်ပွဲ ရလဒ်ကို အကောင်အထည်ဖော် မပေးခဲ့။ မြန်မာ့ လွှတ်တော်ကြီး တစ်ခု ပေါ်မ လာခဲ့သည့် အပြင် ရွေးချယ်ခံ လွှတ်တော်ကိုယ်စားလှယ်များ၊ အတိုက် အခံကျောင်း သားခေါင်းဆောင် လူငယ်များ အားလုံး ထောင်ထဲ ရောက်သွားခဲ့ ရသည်။ နိုင်ငံရပ်ခြား သို့ ထွက်ပြေး ခိုလှုံခဲ့ကြရသည်။
၎င်းတို့၏ မိသား စုဘဝ များစွာ ပျက်စီး သွားခဲ့ကြရ သည်။ စိတ်ရော ကိုယ်ပါ နိုင်ငံရေး သမားအားလုံး အတွက် ‘နိုင်ငံရေး စွမ်းဆောင်ရှင် အားလုံး ဆုံးရှုံးပွဲ’ကြီးကို ဖန်တီးခဲ့ပြီး အသက် (၅ဝ) အထက်လူကြီးအား လုံးက ရွေး ကောက်ပွဲ ဟူသော ဝေါဟာရ အနက် အဓိပ္ပာယ်ကို မယုံမကြည်၊ အလေးထားလို စိတ် ဆုံးရှုံး သွားခဲ့တော့ သည်။
သတ္တုချ ကောက်ချက်မှာ ”မဲပေးလို့နိုင်ရင် လည်း ဘာမှဖြစ်မ လာပါဘူးကွာ”ဟု အရပ်စကား တစ်ခွန်း က မြန်မာတို့၏ ရင်ထဲ၊ အ သည်းထဲ ထိုးဖောက်ခဲ့ပေသည်။ အ သည်း ကြားက မဲတစ်ပြား ဟူသော တန်ဖိုးမှာ အဓိပ္ပာယ်မရှိသလို ဖြစ် သွားခဲ့သည်။
နောက်ထပ် နှစ် (၂ဝ) အကြာ မှာ ၂ဝ၁ဝ ရွေးကောက်ပွဲ နာမည် ကျော်ခဲ့ ရသည်။ အချို့သော မဲဆန္ဒ နယ်မြေ များတွင် ကြိုတင် မဲများစွာ ပေးပြီး အောင်ပွဲခံ ခဲ့ကြသည်ဟု နာမည်ကျော် ခဲ့သည်။ မဲပေးသူ၏ ၅ဝ ရာခိုင်နှုန်း နီးပါးအထိပင် ကြို တင် မဲပေးသွားကြသည်။ မကျေနပ် မှုများစွာ ရင်ထဲ ရှိခဲ့ကြသည်။ မဲ ပေးကြ သူများကလည်း အလေးမ ထားတော့ဘဲ ၁၉၉ဝ ရွေးကောက်ပွဲ ရလဒ်မျိုး၊ မဆလခေတ် မဲပေးခြင်း မျိုးဟု သာ ထင်မှတ်လက်ခံထားကြ ဆဲ။အကြောင်းက အရှင်းသား။ လက်ဆင့် ကမ်းခဲ့သော နိုင်ငံရေး ဖြစ်စဉ်ကြီး တစ်ခုထဲမှာ မြန်မာပြည်သားများ တဝဲလည်လည် ဖြစ်နေကြသည်။ နေပြည်တော် မဲဆန္ဒ နယ် မြေ များ၏ ၂ဝ၁ဝ ရွေးကောက်ပွဲ ရလဒ်ကြိုတင်မဲ များကို လေ့လာနိုင် ပါသည်။
ယခု မကြာသော ကာလတွင် လာမည့် ၂ဝ၁၅ အထွေထွေ ရွေး ကောက်ပွဲတွင် ဘယ်လို လာဦးမည် နည်း။ လူ လုံးဝ မပြောင်းသေးဘဲ ယခင် လူများသာ ပါဝင်ကစားရန် ဟန် ရေးပြနေကြသည်။ အားလုံး က တော့ စိတ်ဝင်တစား စောင့်ကြည့် နေကြသည်။ လူသေများ ပါဝင်မဲ ပေး၍ ရနိုင်သော စာရင်းများ၊ မိမိ ကြိုက် သည့် မြို့နယ်တွင် မဲပေးနိုင်သည့် စာရင်းထပ်များ၊ မဲအမှန် တကယ်ပေးချင်သူ ပေးမရဘဲ မိဘ အမည်မှား၊ မှတ်ပုံတင် နံပါတ်မှား စာရင်းများကိုလည်း တွေ့နေပေပြီ။ မဲစာရင်းပါသူများ မလာသော်လည်း မျက်လှည့်ပြ နိုင်သော မဲပေးစနစ် များရှိလာလေမလား၊ ပဟေဠိဆန် သော အတွေးများနှင့်အတူ ၂ဝ၁၅ ရွေးကောက်ပွဲ ကြီး အတွက် နိုင်ငံ ရေး စိတ်ပါ ဝင်စား သူများ အားလုံး အကဲခတ်နေကြမည် မှာ မလွဲဧကန် ပင်ဖြစ်သည်။
၂ဝ၁ဝ ရွေးကောက်ပွဲတုန်း က NLD မပါဝင်ခဲ့။ အကယ်၍ ပါလာခဲ့လို့ NLD အားလုံးနိုင်ခဲ့ လျှင်လည်း ၁၉၉ဝ ကဲ့သို့ပင်ပြန်ဖြစ် မလားမဆိုနိုင် ဟူ၍လည်း တွေးခဲ့ ကြပြီး ပြီ။ နောက်ထပ် ဝင်ရောက် လာသော အကြောင်း အရာသစ်များ ပို၍တိုးလာခဲ့သည်။
NLD နှင့် တိုင်းရင်းသား ပါတီ များက တရားသော ရွေးကောက်ပွဲ ဖြစ်မည်ဟု ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကိုပြင်မှ ကြိုတင်ကြွေးကြော် ထားခဲ့ကြပြီ ။ တောင်းဆိုခဲ့ ကြပြီ။ လွှတ်တော်တွင်း ဖွဲ့စည်းပြီး တာဝန် ယူထားသည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေးနှင့် ပတ်သက် သည့် ကော်မတီ ကလည်း ဆွေးနွေး တင်ပြရန် အသင့် အနေ အထားပြင် ထားကြသည်။ ပွဲကြည့် ပရိသတ် လူထု(သို့) ကိုယ်ပိုင် ပါဝင်ကစား ကြမည့် ပရိသတ်ကြီးက ရင် တဖိုဖိုဖြင့် စောင့်စား ကြည့်ရှု အား ပေးနေကြသည်။ ယခင် အချိန် တုန်းက ကျွန်တော်တို့ ရွာ သို့ လာ ရောက်ကပြသည့် ကဆုန်လပြည့် ဇာတ်ပွဲ တစ်ခုကို သွားသတိရမိပါ သည်။
ယခင်က ဇာတ်များတွင် ရာဇ ဝင်၊ နိပါတ်တော် များကို နောက်ဆုံး ပွဲသိမ်း ကပြလေ့ရှိပြီး မိုးလင်းခါနီး ဇာတ်အတော်ပင် အရှိန်ကောင်း လာသည်။ သို့ရာတွင် မိုးဦးကဆုန် လ အနောက်တောင်ဘက် မှ မိုး ရိပ်မည်းမည်းကြီး တက်လာနေ သည်။ ထို့ပြင် တောင်လေသုတ် သုတ် တိုက်ခတ်လာနေပြီ။ ဇာတ် လိုက် မင်းသမီး၊ မင်းသား ပေါင်းကြ မည့် အခြေအနေ မရောက်သေး။ ဇာတ်ရံ၊ ဇာတ်ပို့များ စကားပြောပြီး အချိန်ဆွဲ လွမ်းချင်းတွေ ရှည်နေကြ သည်။ ပရိသတ်များ ကလည်း ရာ သီဥတု အခြေအနေကို စိတ်မချ။ အားလုံး မတ်တတ် ရပ်စပြုနေပြီး အချို့မှာ မိမိတို့၏ ထိုင်ထားသော ဖျာများကိုပင် အသင့်လိပ်ကာ သယ် ပိုးထားကြသည်။ ကလေး တစ်ယောက် ကို ခါးထစ်ခွ ချီထားသော အဒေါ် ကြီးတစ်ယောက်က စိတ်မရှည် တော့ဘဲ ဇာတ်မပေါင်းနိုင်သည့် အပေါ် ”သေချင်းဆိုး.. ဇာတ် ဆရာကြီး၊ သေနာ..ဘယ်သွား ပြီး မူးပြီး အိပ်နေလဲ မသိဘူး။ မိုး ရွာလို့ ဇာတ် မပေါင်းလိုက်ရရင် တော့ နင်တို့ မနက်ဖြန်မှ ကောင်း ကောင်းတွေ့ မယ်မှတ်” ဟု အော် လိုက်ပြီး ကြိမ်းမောင်းသံကြီး ထွက်လာသည်။ စကားနှင့် အတူ မိုးရော၊ လေပါ တိုက် လာပါသည်။ အားလုံး ရုတ်ရုတ်သဲသဲ ပြေးကြရတော့သည်။ လိုက်ကာကြီးပါ လွင့်ပျံလာပြီး၊ ဇာတ်စင် အမိုး ပေါ်မှ ဖျာများ လွင့် ပျံကျလာပြီး မီးများ ပါ မှိတ်သွား တော့သည်။ မိုက်သံပါ ပျောက် သွားတော့၏။
ပွဲကြည့် ပရိသတ်ထဲ ကျွန်တော် တစ်ယောက် အတွေး စိတ်ကူးများ ဝင်လာပါသည်။ ဘာကြောင့် အ ချိန်မီ ဇာတ်မပေါင်းနိုင်ပါသနည်း။ ကြားအခန်းများ ကို ဖြတ်၍ ဇာတ် မပေါင်းချင်လို့လား။ ဒါရိုက်တာ (သို့) ဇာတ် ဆရာများ အဒေါ်ကြီး ပြောသလို မူးပြီး တစ်နေရာမှာ အိပ်ပျော်နေပြီလား။ မိုးလေကို အချိန်မီ ကြည့်၍ ပြီးအောင် မကနိုင်သော ဇာတ် ကို ကျွန်တော် ယခုထိ မချင့်မရဲဖြစ်နေ သည်။
ထို့ကြောင့် ..နိုင်ငံတစ်ခု၏ တိုးတက် ပြောင်းလဲမှုသည် ဇာတ်ဆရာနှင့် ဒါရိုက်တာတို့ကဲ့သို့ သူတို့၏ လက်ထဲ တွင် ရှိပါသည်။ ကောင်းသော အချိန်တွင် ဇာတ် ပေါင်း၍ ပွဲကြည့် ပရိသတ် ရင်ထဲ စွဲသွားအောင် အချိန်မီ ပြင်ဆင်နိုင် လျှင်တော့..ဟုသာ တွေးတော နိုင်ပါကြောင်း။
Popular Myanmar News Journal
No comments:
Post a Comment