Saturday, June 13, 2015

ရွှေတိဂုံစေတီတော် ကြုံတွေ့နိုင်သည့် ဘေးအန္တရာယ်များနှင့် ပတ်သက် သော ရှင်းလင်းပွဲအား ဇွန် ၁၇ ရက်တွင် ပြုလုပ်သွားမည်


ရွှေတိဂုံစေတီတော် ကြုံတွေ့နိုင်သည့် ဘေးအန္တရာယ်များနှင့် ပတ်သက်သည့် ရှင်းလင်းပွဲအား ဇွန် ၁၇ ရက်တွင် ပြု လုပ်သွားမည်ဖြစ်ကြောင်း ရွှေတိဂုံအရေးကမ်ပိန်းဦးဆောင် လုပ်ဆောင်နေသည့် ဦးလွင်မိုးအောင်က ပြောသည်။လက်ရှိ အချိန်တွင် ရွှေတိဂုံအရေးကိစ္စနှင့် ပတ်သက်ပြီး သက်ဆိုင်ရာ တိုင်းဒေသကြီးလွှတ်တော်၊ ပြည်ထောင်စု လွှတ်တော်မှ ရှောင်လွှဲလျက်ရှိကာ လက်ရှိဆောင်ရွက်နေသည့် အိမ်ရာ စီမံကိန်းသည့် ယူနက်စကို၏ ရှေးဟောင်း အမွေနှစ်စာရင်းဝင် ရွှေတိဂုံစေတီတော်အတွက် စိုးရိမ်ရသည့် အခြေအနေတွင် ရှိသည့်အတွက် အနာဂတ် စီမံကိန်းများတွင် ရွှေတိဂုံအနီး ဆောက်လုပ်ခြင်းများ မပြုလုပ်ရန်အတွက် ကမ်ပိန်းပြုလုပ်ခြင်း ဖြစ်ကြောင်း သိရသည်။

ဦးလွင်မိုးအောင်က “မင်းကွန်း ကျောင်းတိုက်မှာ ရွှေတိဂုံကာကွယ် စောင့်ရှောက်ရေးအဖွဲ့က လုပ်ငန်းစဉ် တွေကို သတင်းစာရှင်းလင်းပွဲ လုပ် သွားဖို့ရှိတယ်” ဟု ပြောသည်။

အဆိုပါ ရွှေတိဂုံကာကွယ် စောင့်ရှောက်ရေးအဖွဲ့က ရွှေတိဂုံစေတီတော်ကြီး တည်ရှိရာနေရာတွင် ကြုံတွေ့နိုင်သည့် ဘေးအန္တရာယ်များ အကြောင်းကို ဇွန် ၁၇ ရက် နေလယ် ၂ နာရီတွင် ဒဂုံမြို့နယ်၊ စကားဝါလမ်း၊ ဟယ်ပင်မှတ် တိုင်အနီးရှိ တိနိကျောင်းတော် ကြီးတွင် ရှင်းလင်းပွဲ ကျင်းပသွားမည်ဖြစ်ပြီး ရှင်းလင်းပွဲနှင့် စာနယ်ဇင်း ရှင်းလင်းခြင်း ကိုပါ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

ရွှေတိဂုံစေတီတော်ကြီး၏ သာသနာ့ဝတ္တက မြေအနီး ယခင် စစ်ရုံးချုပ် ဟောင်းနေရာတွင် အထပ်မြင့် အဆောက်အအုံ များ၊ ဈေးဝယ်စင်တာများနှင့် ဟိုတယ်များ တည်ဆောက် မည့်စီမံကိန်းနှင့်ပတ်သက်ပြီး ပြည်သူလူထု စိုးရိမ်ပူပန်မှုအပေါ် အလေးအ နက်ထားပြီး နိုင်ငံတော်အစိုးရက ပြန်လည် သုံးသပ်ပေးရန် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ပြည်သူ့လွှတ် တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင် တင်သွင်းသည့်အဆိုကို ပြည်သူ့လွှတ် တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက လွှတ်တော် တွင် ဆွေးနွေးရန် လက်ခံလိုက် ကြောင်း သိရသည်။

အဆိုရှင်ဖြစ်သူ ဒေါ်ခင်စန်းလှိုင် က ပြည်ထောင်စုလွှတ်တော်တွင် အရေးကြီး အဆိုဖြင့် တင်သွင်းရန် ဆန္ဒရှိသော်လည်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ အကြံပေးချက်အရ ပြည်သူ့ လွှတ်တော်တွင် ဆွေးနွေးမည်ဖြစ်သည်။အဆိုပါ ကိစ္စနှင့် ပတ် သက်ပြီး လာမည့် သတင်းနှစ်ပတ်အတွင်း ဆွေး နွေးနိုင်လိမ့် မည် ဖြစ်ကြောင်း သိရသည်။

ပြည်သူ့လွှတ်တော်တွင် ရွှေတိဂုံအရေးအဆိုကိုတင်သွင်းသကဲ့သို့ ရန်ကုန် တိုင်း ဒေသကြီး လွှတ်တော်တွင် ဗဟန်းမြို့ နယ် မဲဆန္ဒနယ်အမှတ် ၂ မှ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စား လှယ် ဒေါက်တာ ညိုညိုသင်းက ဇွန် လ ၁၁ ရက်၊ ပထမအကြိမ် ရန်ကုန် တိုင်းဒေသကြီး လွှတ်တော် ဒသမပုံမှန် အစည်းအဝေး (တတိယ)နေ့တွင် အဆိုတင်သွင်းခဲ့ရာ လွှတ်တော်ကိုယ်စား လှယ် ၁၁၄ ဦးအနက် ထောက်ခံမဲ ၃ မဲသာရရှိခဲ့ပြီး ပယ်ချခံလိုက်ရကြောင်း သိရသည်။

“ရွှေတိဂုံအနီးက စီမံကိန်းက မြေ အောက်ရေထုတ်ယူသုံးစွဲမှုများ ရှိလာ မှာဆိုတော့ တစ်နှစ်ထက်တစ်နှစ် မြေ သား နိမ့်ကျသွားပြီး နှစ်ခြမ်းကွဲပြိုသွား မှာစိုးရိမ်တယ်” ဟု ဒေါက်တာညိုညို သင်းက ပြောသည်။

The Ladies News Journal


No comments:

Post a Comment

My Blog List