Saturday, June 13, 2015

မားစ်ကြောင့် ကိုရီးယား အလှကုန်လုပ်ငန်း ကန်ဒေါ်လာ ၅ ဒသမ ၁ ဘီလီယံ ဆုံးရှုံး


လေ့လာသုံးသပ်များ၏ ပြောကြားချက်အရ ကိုရီုးယား ခရီးစဉ်များကို ဖျက်သိမ်းလိုက်သည့် တရုတ်ဈေးဝယ်ထွက်သူ အရေအတွက် များပြားလာမှုနှင့်အတူ တောင် ကိုရီးယားနိုင်ငံတွင် အရှေ့အလယ်ပိုင်း အသက်ရှူလမ်းကြောင်းရောဂါ မားစ် (MERS) ဖြစ်ပွားမှု ဆိုင်ရာ စိုးရိမ်သောက ကြီးထွားလာမှုများကြောင့် ပြည်တွင်း အလှ ကုန်လုပ်ငန်းအပေါ် ဆိုးကျိုးသက်ရောက်လျက် ရှိသည်။ 
ကိုရီးယား ခရီးသွားလုပ်ငန်းအဖွဲ့ကြီး၏ ပြောကြားချက်အရ တရုတ်နှင့် ထိုင်ဝမ်တို့မှ အများစု ပါဝင်သည့် နိုင်ငံခြားသား ၂၀၀,၀၀၀ ကျော်မှာ မားစ်ဗိုင်းရပ် ကူးစက်ပြန့် ပွားနေမှုကြောင့် ၎င်းတို့၏ ယခုလ ကိုရီးယား အလည်အပတ် ခရီးစဉ်များကို ဖျက်သိမ်းခဲ့ကြ သည်။ 

ခရီးသည် အရေအတွက်မှာ ယခုပုံစံအတိုင်း ဆက်လက်ကျဆင်းနေပါက အခွန်မဲ့ဆိုင်များ၏ ရောင်းအားအပေါ် အကြီးအကျယ် မှီခိုနေရသည့် ပြည်တွင်း အလှကုန် လုပ်ငန်းအပေါ် အကြီးအကျယ် ရိုက်ခတ်မည်ဟု ဝေဖန်သုံးသပ်သူများက ပြောကြားလျက် ရှိသည်။

အခွန်မဲ့ဆိုင်များ၏ ရောင်းအားမှာ ပြည်တွင်းအလှကုန် ရောင်းအား စုစုပေါင်း၏ ၄၀ ရာခိုင်နှုန်းအထိ ရှိသည်။ 

မားစ်ရောဂါ ပထမဆုံး ဖြစ်ပွားခဲ့သည့် မေ ၂၀ ရက်မှစကာ ပြည်တွင်း အလှကုန် လုပ်ငန်းကြီးများ ဖြစ်သော AmorePacific နဲ့ LG Household & Health Care တို့သည် နှစ်ခုပေါင်း ဈေးကွက်တန်ဖိုး ဝမ် ၆ ထရီလီယံ (ကန်ဒေါ်လာ ၅ ဒသမ ၁ ဘီလီယံ)ကျော် ဆုံးရှုံးခဲ့ကြသည်ဟု သိရသည်။ ကိုရီးယား၏ အကြီးဆုံး အလှကုန် လုပ်ငန်းကြီး တစ်ခုဖြစ်သော AmorePacific ၏ ရှယ်ယာများ လည်း ထိုကာလအတွင်းမှာ ၉ ဒသမ ၁ ရာခိုင်နှုန်း ကျဆင်းသွားခဲ့သည်။ 

‘‘တရုတ် ဈေးဝယ်ထွက်သူ အရေအတွက်ဟာ သုံးပုံတစ်ပုံလောက်အထိ ကျဆင်းသွားခဲ့တော့ ကျွန်မတို့ရဲ့ ရောင်းအားကို သိသိသာ သာ ထိခိုက်ပါ တယ်’’ ဟု ပြည်တွင်း အခွန်မဲ့ဆိုင်ဝန်ထမ်း တစ်ဦးက ပြောကြားသည်။

Mizzima - News in Burmese



No comments:

Post a Comment

My Blog List