Saturday, June 13, 2015

မြန်မာနိုင်ငံမှ ဘင်္ဂါလီများ အကျပ်အတည်းပြဿနာ အာဖဂန်တွင် ဆန္ဒပြ


မြန်မာနိုင်ငံတွင်း ဘင်္ဂါလီများအပေါ် ဖိနှိပ်နေခြင်းများနှင့် ပတ်သက်ပြီး အာဖဂန် နစ္စတန်နိုင်ငံ မြို့တော် ကဘူးလ်တွင် လမ်းမပေါ် ထွက် ဆန္ဒပြ ခဲ့ကြသည်။မြန်မာနိုင်ငံတွင်း မွတ်စလင်များအပေါ် ဆိုးဝါးစွာ ခွဲခြားဆက်ဆံမှုများနှင့် ပတ်သက်ပြီး မခံမရပ်နိုင် ဒေါသ ထွက်ခြင်းများကို ပြသရန် အာဖဂန် တက်ကြွ လှုပ်ရှားသူများက ကဘူးလ်တွင် ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။ 
အနောက်နိုင်ငံများကလည်း ဘင်္ဂါလီ အကျပ်အတည်းများနှင့် ပတ်သက်ပြီး မျက်စိကန်းနေကြပြီဟု ပုတ်ခတ်ပြော ဆိုခဲ့ကြသည်။

“မြန်မာက မွတ်စလင်တွေကို ဖိစီးနှိပ်စက်နေတာက အထွဋ်အထိပ် ရောက် နေပြီ။ အနောက်နိုင်ငံ အများစုနဲ့ မွတ်စလင်နိုင်ငံတွေ ကလည်း ခုထိ နှုတ်ဆိတ်နေတုန်း ပဲ”ဟု ဆန္ဒပြသူတစ်ဦးက ပြောသည်။

ကုလသမဂ္ဂနှင့် နိုင်ငံတကာ အဖွဲ့အစည်းများသို့ လူနည်းစု လူမျိုးများအပေါ် အလွဲသုံးစား ဆက်ဆံကျုးလွန်နေကြခြင်း အဆုံးသတ် ရေးအတွက် လိုအပ် သမျှကို လုပ်ဆောင်ပေးရန်လည်း ဆန္ဒပြသူများက တိုက်တွန်းဆော်သြလိုက် သည်။

အာဖဂန်ပြည်သူများက ပြီးခဲ့သည့်နှစ်များအတွင်း သတ်ဖြတ်မှု ပဋိပက္ခများ အတွင်း သေဆုံး ခဲ့ကြသည့် ဘင်္ဂါလီများအတွက်လည်း ဝမ်းနည်းကြောင်း အထိမ်းအမှတ် ကို ပြုလုပ်ခဲ့သည်။

ယခုလ အစောပိုင်းကလည်း ပါကစ္စတန်နိုင်ငံတွင် ဘင်္ဂါလီများဘက်က ထောက်ခံပြီး အလားတူ ဆန္ဒပြစုရုံးမှုများ ပြုလုပ်ခဲ့ကြသည်။

Mizzima - News in Burmese



No comments:

Post a Comment

My Blog List