မလေးရှားငလျင်မှာ သေဆုံးသွားခဲ့ရတဲ့ ကလေးငယ်တွေအတွက် စင်ကာပူနဲ့ မလေးရှားနိုင်ငံ ဆာဘားပြည်နယ်တွေမှာ အောက်မေ့ဖွယ်နေ့အဖြစ် ဒီကနေ့ ဇွန်လ ၈ ရက်နေ့ကို သတ်မှတ် ကြေညာထားပါတယ်။
ပြီးခဲ့တဲ့ သောကြာနေ့က မလေးရှားနိုင်ငံ ဆာဘားပြည်နယ် ဘော်နီယိုကျွန်း မှာ ပြင်းအား ရစ်ခ်ျတာစကေး ၆ ရှိ ငလျင်လှုပ်ခတ်ခဲ့မှုကြောင့် စင်ကာပူက လေ့လာရေးသွားတဲ့ မူလတန်းကျောင်းသား ကလေးငယ် ၆ ဦးဟာ ဆရာဖြစ်သူ၊ ဧည်လမ်းညွှန်ဖြစ်သူတို့နဲ့အတူ သေဆုံးသွားခဲ့ရတာပါ။
စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းက ကီနာဘာလူတောင် ငလျင်လှုပ်ခတ်မှုမှာ စင်ကာပူနိုင်ငံသား ၈ ဦး သေဆုံးသွားတဲ့အတွက် အလွန်ဝမ်းနည်းရပြီး သေဆုံးသွားသူတွေရဲ့ မိသားစုတွေအတွက် စာနာတဲ့အကြောင်း စင်ကာပူနိုင်ငံသားတွေကိုယ်စား ထုတ်ပြန်ကြေညာခဲ့ ပါတယ်။
ဒီကနေ့ ၀မ်းနည်းခြင်း အထိမ်းအမှတ် စင်ကာပူအလံကို ဆီးဂိမ်းပြိုင်ပွဲ ကျင်းပရာနေရာနဲ့ အစိုးရရုံး အဆောက်အဦတွေမှာ တိုင်တ၀က် လွှင့်ထူထား ပါတယ်။
DVB
No comments:
Post a Comment