Tuesday, June 09, 2015

ဟတ်ကာ တိုက်ခိုက်ခံရ၍ အမေရိကန် စစ်တပ် ဝက်ဘ်ဆိုက် ယာယီပိတ်ခဲ့


ဟတ်ကာ တိုက်ခိုက်ခံရသဖြင့် အမေရိကန် စစ်တပ်ဝက်ဘ်ဆိုက်ကို ယာယီပိတ်ထားခဲ့ရသည်။ army.mil ဝက်ဘ်ဆိုက်ကို ယာယီပိတ်ခဲ့ပြီး အချက်အလက်များ ခိုးယူခံရမှု ရှိမရှိကို သေချာစစ်ဆေးကာ ကာကွယ်ဖြေရှင်းကို ဆောင်ရွက်ခဲ့ရခြင်း ဖြစ်သည်။

ဆီးရီးယားသမ္မတ ဘာရှာအာဆတ် ထောက်ပံ့ထားသည့် ဆီးရီးယား အီလက်ထရောနစ် တပ်မတော်က ယင်းတိုက်ခိုက်မှုနောက်တွင် ပါဝင်နေကြောင်း ဆိုသည်။

ပြီးခဲ့သည့်သီတင်းပတ်ကလည်း ပြည်နယ်အစိုးရ ကွန်ပြူတာများကို တရုတ်ဟက်ကာများ၏ တိုက်ခိုက်ခြင်းခံရကြောင်း၊ ဝန်ထမ်းအလုပ်သမား လေးသန်း၏ အချက်အလက်များ ခိုးယူသွားဖွယ်ရှိကြောင်း အမေရိကန်က ပြောဆိုထားသည်။

ထိုပြောဆိုမှုကို တရုတ်နိုင်ငံဖက်က အဆိုပါတိုက်ခိုက်မှုအတွင်း တစ်စိုးတစ်စိ မှ ပါဝင်ခဲ့ခြင်းမရှိကြောင်း၊ ထင်ရာစွပ်စွဲခြင်း တစ်ရပ်သာဖြစ်ကြောင်း ငြင်းဆိုပြောဆိုခဲ့သည်။

REF : BBC
Mizzima - News in Burmese


No comments:

Post a Comment

My Blog List