Friday, June 12, 2015

သပိတ်မှောက် ကျောင်းသားများနှင့် ၀န်းရံပြည်သူများ ကျန်းမာရေး မဆိုးရွားဟု ရဲတပ်ဖွဲ့ပြော ကျောင်းသားနှင့် ဝန်းရံသူများ လက်ရှိဖြစ်ပွားသော ရောဂါမှာ ဖမ်းဆီးခံရစဉ် ရဲတပ်ဖွဲ့၏ ရိုက်နှက်မှုကြောင့်ဖြစ်၍ အစိုးရ တာဝန်ဖြစ်ကြောင်း ဗကသထုတ်ပြန်


သာယာဝတီ ထောင်အတွင်း ဖမ်းဆီးထားသည့် သပိတ်မှောက် ကျောင်းသားနှင့် ၀န်းရံပြည်သူများ၏ ကျန်းမာရေး အခြေအနေမှာ ဆိုးရွားမှုမရှိ ကြောင်း  သာယာဝတီခရိုင်ရဲတပ်ဖွဲ့က ပြောသည်။သာယာဝတီထောင်အတွင်း ဖမ်းဆီးထားသည့် သပိတ်မှောက် ကျောင်းသားနှင့် ၀န်းရံပြည်သူများအနက် ကျောင်းသားခေါင်းဆောင်  မင်းသွေးသစ် အပါအ၀င် ကျောင်းသူ၊ ကျောင်းသားအချို့အော့အန် သတိလစ်မေ့မြောခြင်းများ ဖြစ်ပေါ်နေသည်ဟု ဇွန်လ ၁၁ ရက်တွင် သတင်းများ ထွက်ပေါ်နေခြင်းအပေါ် သာယာဝတီခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးအေးသိန်းက တုံ့ပြန်ပြောကြား လိုက်ခြင်းဖြစ်သည်။

‘‘ထောင်ထဲမှာ အခြေအနေ ဆိုးနေတာ မရှိပါဘူး။ ရုံးထုတ်တဲ့အခါမှာ ပထမနေ့က တစ် ယောက်၊ နောက်နေ့ရောက်တော့ နောက်တစ်ယောက်က အန် တယ်။ အဲဒါကြောင့် ဆေးရုံကို ပို့ လိုက်ရတယ်။ ကျန်တဲ့သူတွေက တော့ ကျန်းမာရေးအခြေအနေ ဆိုးနေတာ မရှိပါဘူး’’ဟု ဒုတိယ ရဲမှူးကြီး အေးသိန်းက ပြောသည်။အဆိုပါ ကျောင်းသားနှင့် ၀န်းရံပြည်သူများကို သာယာဝတီ မြို့နယ် တရားရုံး၌ ၁၁ ကြိမ် မြောက် ရုံးထုတ်စစ်ဆေးမည့် ဇွန်လ ၁၆ ရက် ရုံးချိန်းတွင် သပိတ်ဖြိုခွဲခံရစဉ် ဦးခေါင်းကို ရိုက်နှက်ခံရသည့် ကျောင်းသားနှင့် ၀န်းရံပြည်သူ ၁၆ ဦးကို ကြိုတင်ဆေး ကုသစစ်ဆေးမှုပေးရန်  တင်ပြသွားမည်ဖြစ်ကြောင်း တရားခံရှေ့နေများထံမှ သတင်းရရှိသည်။

 အဆိုပါ သပိတ်မှောက် ကျောင်းသားနှင့် ၀န်းရံပြည်သူများကို သာယာဝတီမြို့နယ် တရားရုံး ၌ ဇွန်လ ၉ ရက်တွင် ၁၀ ကြိမ် မြောက် ရုံးထုတ်စစ်ဆေးခဲ့ရာ တရားခွင်အတွင်း တရားခံဦးရေ မပြည့်ဘဲ ရုံးထုတ်စစ်ဆေးခဲ့သောကြောင့် တရားခံရှေ့နေများဘက်က ကန့်ကွက်ခဲ့၍ နံနက် ၁၁ နာရီအချိန်တွင် တရားရုံး ခေတ္တရပ်နား ခဲ့ပြီး ဇွန်လ ၁၆ ရက်သို့ ရုံးချိန်း ထပ်မံပေးခဲ့သည်။

 အဆိုပါ သပိတ်မှောက် ကျောင်းသားနှင့် ၀န်းရံပြည်သူ များကို သာယာဝတီမြို့နယ် တရားရုံးသို့ သာယာဝတီထောင်မှ ခေါ်ဆောင်လာသည့် လမ်းတွင် ၀န်းရံပြည်သူ ကိုခင်လှိုင် အသက် ရှူကျပ်ကာ သတိလစ်သွားသော ကြောင့် သာယာဝတီခရိုင်ပြည်သူ့ ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး ထိုမှတစ် ဆင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီး သို့ ပို့ဆောင်ကုသခဲ့သည်။

‘‘ကိုခင်လှိုင်အသည်းအသန် ဖြစ်ပြီး ရန်ကုန်ဆေးရုံကြီးကို ပို့ရ တဲ့အဆင့်အထိ မကျန်းမာတာကို ရဲကလည်း တရားရုံးကို မပြော ဘူး။ တရားရုံးကလည်း လူစုံ၊ မစုံ မကြည့်ဘူး။ ဒီအတိုင်းစစ်သွား တယ်။ ကျင့်ထုံးပုဒ်မ ၃၅၃ အရ တရားခွင်မှာ တရားခံမပြည့်ဘဲနဲ့ ရုံးတင်စစ်လို့ မရဘူး။ ရှေ့နေက ကျင့်ထုံးပုဒ်မ ၂၀၅ အရ တာဝန် ယူပြီး စစ်ပါတယ်ဆိုမှ စစ်လို့ရ တာကို ဒီအတိုင်းစစ်သွားတယ်။ ဒီလိုစစ်ဆေးမှုက တရားနည်း လမ်းမကျဘူး’’ဟု ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောသည်။

သာယာဝတီထောင်အတွင်း ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ကျောင်းသားများနှင့် ၀န်းရံပြည် သူများ၏ လက်ရှိဖြစ်ပွားနေသော ရောဂါများနှင့် ဒဏ်ရာများမှာ အ ကြမ်းဖက်ခံရစဉ်က ရဲတပ်ဖွဲ့ဝင် များ၏ ရိုက်နှက်ဖမ်းဆီးမှုကြောင့် ဖြစ်ပေါ်လာသည့် ဒဏ်ရာများဖြစ် သောကြောင့် နောက်ဆက်တွဲ အကျိုးရလဒ်သည် တည်ဆဲအစိုး ရ၏ တာဝန်သာဖြစ်ကြောင်း၊ သက်ဆိုင်ရာအစိုးရနှင့် ထောင် အာဏာပိုင်များမှ ကျန်းမာရေး ချို့ယွင်းမှုများ ရှိနေသော ကျောင်းသားများနှင့် ၀န်းရံပြည်သူများ အား ကောင်းမွန်လုံလောက်သော ကျန်းမာရေးစောင့်ရှောက်မှုနှင့် ဆေးရုံ တက်ရောက်ကုသခွင့် အမြန်ဆုံး ဆောင်ရွက်ပေးရန် တောင်းဆိုကြောင်း ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်က ဇွန်လ ၁၁ ရက်တွင် ထုတ်ပြန်ထားသည်။

လက်ပံတန်းမြို့နယ် တရား ရုံးသည် သာယာဝတီထောင်၌ ဖမ်းဆီးထားသည့် ကျောင်းသား များ အပါအ၀င် ၀န်းရံပြည်သူများ နှင့် ရန်ကုန်မြို့၌ ဖမ်းဆီးခံရသည့် ကျောင်းသားခေါင်းဆောင် နန္ဒ စစ်အောင်တို့ကို ဥပဒေနှင့် ဆန့် ကျင်သော အစုအဝေး၌ ပါဝင်မှု ပုဒ်မ ၁၄၃၊ လူစုခွဲရန် အမိန့်ပေး ပြီးနောက် ဆက်လက်ပါဝင်မှု ပုဒ်မ ၁၄၅၊ ရုန်းရင်းဆန်ခတ်ဖြစ် စေမှု ပုဒ်မ ၁၄၇၊ တာဝန်ထမ်း ဆောင်နေသော ၀န်ထမ်းကို နာ ကျင်စေမှု ပုဒ်မ ၃၃၂ နှင့် နိုင်ငံ တော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) တို့ဖြင့် တရားစွဲဆိုခဲ့ သည်။

7Day Daily


No comments:

Post a Comment

My Blog List