Saturday, June 13, 2015

အခွန်ရှောင်မှုစွဲချက်များနှင့် ရင်ဆိုင်နေရသော နှမတော်ကို စပိန်ဘုရင်က မြို့စားကတော်ဘွဲ့ရုပ်သိမ်း


စပိန်ဘုရင်အား စိတ်အနှောင့်အယှက်ဖြစ်စေသော အရှုပ်တော်ပုံ တစ်ခုတွင် နှမတော်သည် အခွန်ရှောင်မှု စွဲချက်များနှင့် ရင်ဆိုင်နေ ရစဉ် စပိန်ဘုရင် Felipe VI သည် နှမတော် မင်းသမီး ခရစ္စတီနာ၏ ပယ်လ်မာမြို့စားကတော် ဘွဲ့ကို ရုပ်သိမ်းကြောင်း အမိန့်ဒီကရီ တစ်ခုကို ထုတ်ပြန်လိုက်သည်ဟု နန်းတော်က ဇွန် ၁၁ ရက်တွင် ထုတ်ပြန်သည်။
ဇွန် ၁၂တွင် ဘုရင်က ၎င်း၏နှမတော် အင်ဖန်တာ ခရစ္စတီးနား၏ ပယ်လ်မာ ဒီမာလောကာ မြို့စားကတော်ဘွဲ့ အသုံးပြုခြင်းကို ရုပ်သိမ်းသည့် အမိန့် ဒီကရီ ထုတ်ပြန်မည်ဟု နန်းတော်က ကြေညာချက်တစ်ခုတွင် ဖော်ပြသည်။

အသက် ၄၉ နှစ်အရွယ်ရှိ ခရစ္စတီးနားသည် ၎င်း၏ခင်ပွန်း အိုလံပစ်လက်ပစ် ဘော ကစားသမားဟောင်း အီနာကီအာဒန်ဂါရင်၏ အခွန်ရှောင်မှုတွင် ပါဝင်ပတ် သက်နေသည်ဟု စွပ်စွဲခံနေရသည်။ မင်းသမီးသည် အခွန်ရှောင် ရာတွင် ကူညီမှုနှစ်ခုဖြင့် တရားခွင် တွင် စစ်ဆေးခံရမည်ဟု တရားသူကြီး တစ်ဦးက ဒီဇင်ဘာလက အမိန့်ချခဲ့ရာ ပထမဆုံး တရားခွင် အတင်ခံရမည့် စပိန်တော်ဝင် မိသားစုဝင် ဖြစ်လာသည်။ မင်းသမီးအား တရားခွင် စစ်ဆေးမှုပြုလုပ်မည့် ရက်ကို မသတ်မှတ် ရသေးပေ။

ခရစ္စတီးနားနှင့် အာဒန်ဂါရင်တို့သည် ၁၉၉၇ ခုနှစ်က ဘာစီလိုနာတွင် ကြီးကျယ်ခမ်းနားစွာ လက်ထပ်ပြီးကတည်းက နာမည် ပျက်နေခဲ့သည်။ ၎င်းတို့ နှစ်ဦးကို ပယ်လ်မာမြို့စားနှင့် မြို့စားကတော်အဖြစ် လွန်ခဲ့သည့်နှစ် က နန်းစွန့်ခဲ့သော လက်ရှိဘုရင်၏ ဖခင် ဂျူအန်ကားလို့စ်က အပ်နှင်းခဲ့သည်။

မင်းသမီးတို့ ဇနီးမောင်နှံ၏ ယူရိုသန်းပေါင်းများစွာတန် အိမ်ကြီးရခိုင်ကို တရားရုံးများက သိမ်းယူထားပြီး ဖြစ်သည်။ ခရစ္စတီးနား သည်၂၀၁၄ ခုနှစ်၊ ဇွန်လက လက်ရှိ ဘုရင်၏ နန်းတက် အခမ်းအနားများကိုလည်း မတက်ရောက်ခဲ့ပေ။ အသက် ၄၇ နှစ်အရွယ်ရှိ မင်းသမီး၏ ခင်ပွန်းသည် လုပ်ငန်းပါတနာဟောင်းတစ်ဦးနှင့်အတူ ၎င်းဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သော Noos ဖောင်ဒေးရှင်းသို့ ပေးအပ်ထားသည့် ကန်ထရိုက်များထံမှ အများပိုင် ငွေ ယူရိုခြောက်သန်း ထုတ်ယူသုံးစွဲ ထားသည်ဟု စွပ်စွဲခံထားရသည်။

ခရစ္စတီးနားသည် မည်သည့် အမှားအယွင်းမျှ မလုပ်ဘဲ အပြစ်ကင်းစင်၍ ၎င်းတို့၏ ဘဏ္ဍာရေး ကိစ္စများကို ကိုင်တွယ်ရန် ခင်ပွန်းဖြစ်သူကို ယုံကြည်ခဲ့ သည်ဟု ခရစ္စတီးနား၏ ရှေ့နေများက ပြောကြားသည်။

Mizzima - News in Burmese



No comments:

Post a Comment

My Blog List