Saturday, June 13, 2015

ကိုယ်ပေးသည့် မဲ အဟောသိကံ မဖြစ်အောင် ကိုယ်တိုင် စောင့်ကြည့်ဖို့  ရုပ်ရှင် ဥက္ကဋ္ဌ တိုက်တွန်း


၂၀၁၅ ခုနှစ်တွင် ကိုယ်ပေးသည့်မဲ အဟောသိကံ မဖြစ်အောင် ကိုယ်ကိုတိုင် စောင့်ကြည့်ဖို့ မြန်မာနိုင်ငံ ရုပ်ရှင် အစည်း အရုံး ဥက္ကဋ္ဌ ဦးလူမင်းက တိုက်တွန်း ပြောကြား လိုက်သည်။““ပြည်သူ ပြည်သား တွေကို မေးလာရင် အားလုံးက ဒီမို ကရေစီ လိုချင်ကြ တာပဲ၊ ဒါပေမဲ့ ဒီမိုကရေစီနဲ့ ထိုက်တန်တဲ့ လူဆိုတာ ရှိပါသေးတယ်။ 

ကျွန်တော်တို့ တွေဟာ ဒီမိုကရေစီကို တကယ် လိုချင်တယ် ဆိုရင် ဒီမိုကရေစီနဲ့ ထိုက်တန်တဲ့ သူတစ်ယောက် ဖြစ်ဖို့ ဆိုရင် တိုင်းသူပြည်သား တစ်ယောက် အတွက် အသည်းကြားက မဲတစ်ပြားကို ပေးရပါမယ်။ အဲဒါနဲ့တင် မလုံလောက် သေးပါဘူး။ ကိုယ်ပေးတဲ့ မဲဟာ အဟောသိကံ ဖြစ် မသွားအောင်လို့ စောင့်ကြည့်ဖို့ လိုပါတယ်”” ဟု ၎င်းက ဆိုသည်။

ဇွန်လ (၁၂) ရက်နေ့က ပုသိမ်မြို့ ရွှေပြည်တော် အဆင့်မြင့် ရုပ်ရှင်ရုံ ဖွင့်ပွဲ အခမ်းအနားတွင် အထက်ပါ အတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

ယင်ကဲ့သို့ ပြောဆိုခြင်းသည် နိုင်ငံရေး စကားပြောခြင်း မဟုတ်ဘဲ ၂၀၁၅ ရွေးကောက်ပွဲသည် တိုင်းပြည်အတွက် တကယ် လိုအပ်နေသောအချိန် အရေးကြီးသော အချိန် ဖြစ်ခြင်းကြောင့်ဟုလည်း ဦးလူမင်း ကဆိုသည်။

““မဲပေးတဲ့ အတွေ့အကြုံဆိုတာ အခု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးလို အသက် ခုနစ်ဆယ်ကျော် ပုဂ္ဂိုလ်ကြီး တောင်မှပဲ သူ့တစ်သက်မှာ ရွေးကောက်ပွဲ ဆိုတာ နှစ်ကြိမ်ပဲ ကြုံဘူးတယ် ဆိုပါတယ်။ အဲဒီတော့ ကျွန်တော်တို့ ပြည်သူပြည်သား တွေအနေနဲ့က မဲပေးတဲ့ အတွေ့အကြုံ အလေ့အထက အင်မတန် နည်းပါတယ်။ အဲဒါကြောင့် ဒီစကားကို ကြုံတုန်း ပြောရတာပါ””ဟု ဦးလူမင်းက ပြောသည်။

ရုပ်ရှင် သရုပ်ဆောင်များ အနေဖြင့် ပြည်သူများ အပေါ် တစ်စုံတစ်ရာ သြဇာ လွှမ်းမိုးမှု ရှိသည်ဟု အစိုးရအဖွဲ့ လူမှုရေး ၀န်ကြီး ဒေါ်ခင်စောမူက ဆိုသည်။

အဆိုပါ အခမ်းအနားသို့ ဧရာဝတီတိုင်း ဒေသကြီး အစိုးရအဖွဲ့ လူမှုရေး ၀န်ကြီး ဒေါ်ခင်စောမူနှင့် သက်ဆိုင်ရာ ၀န်ကြီး ဌာန တာဝန်ရှိသူများ မြန်မာ့ရုပ်ရှင် အစည်းအရုံးမှ နာယကများ ပုသိမ်မြို့ပေါ်မှ တက်ရောက် လာသော ပရိပ်သတ် (၅၀၀) ခန့် တက်ရောက်ကြသည်။

Messenger News Journal


No comments:

Post a Comment

My Blog List