Saturday, June 13, 2015

ဘင်္ဂါလီများအပေါ် ကျူးလွန်သည့် လုပ်ရပ်များအတွက် မြန်မာ အာဆီယံမှ ထွက်သွားသင့်ဟု ဒေါက်တာ မဟာသီယာ မိုဟာမက် ပြောကြား


ဘင်္ဂါလီများအပေါ် လုပ်ရပ်များအတွက် အာဆီယံက မြန်မာကို အရေးယူရန် မလေးရှား ဝန်ကြီးချုပ်ဟောင်း ဒေါက်တာ မဟာသီ ယာမိုဟာ မက်က ဇွန် ၁၂ ရက်တွင် တိုက်တွန်းပြောကြား လိုက်သည်။ အသက် ၈၉နှစ်ရှိပြီဖြစ်သည့် ဝါရင့်နိုင်ငံရေးခေါင်းဆောင် မဟာသီယာက မြန်မာအစိုးရ လုပ်သမျှသည် မျိုးတုန်း သတ်ဖြတ်မှုမှတစ်ပါး အခြားအရာ မဖြစ်နိုင်ကြောင်းပြောကြားလိုက်ပြီး မြန်မာကို အာဆီယံမှ ထွက်ခွာသွားရန် လည်း အကြံပြုလိုက်သည်။ 
“ကျွန်တော်တို့ မြင်နေရတဲ့ ဓာတ်ပုံတွေကတစ်ဆင့် နားလည်ရတာက ဘင်္ဂါလီတွေ ကြုံတွေ့နေရတာတွေဟာ ပြောမပြနိုင်လောက် အောင် ကြောက်စရာ ကောင်း လှပါတယ်” ဟု သောကြာနေ့က ကျင်းပသွားခဲ့သည့် “ဘင်္ဂါလီ၏ ဒုက္ခအပိုင်း (၂) လူသားမျိုးနွယ် အပေါ် ကျူးလွန်သည့် ရာဇဝတ်မှု” ခေါင်းစဉ်နှင့် နိုင်ငံတကာ ညီလာ ခံမိန့်ခွန်းတွင် မဟာသီယာက ပြေကြားခဲ့ခြင်း ဖြစ်သည်။ 


မြန်မာ၏ လုပ်ရပ်မှာ လူ့အခွင့်အရေးများကို လုံးဝချိုးဖောက်ခြင်းဖြစ်ပြီး လက်ခံနိုင်ဖွယ် မရှိဟုလည်း ၎င်းက ဆက်လက်ပြော ကြားသည်။ 

အာဆီယံကလည်း ရက်စက်ကြမ်းကြုတ်မှုများကို ရပ်တန်းက ရပ်ရန် မြန်မာအား ပြောဆိုရ မည်ဖြစ်ပြီး လိုက်နာရန် ငြင်းဆန်ပါက လိုအပ်သလို အရေးယူရမည်ဟု လည်း မဟာသီယာက ပြောသည်။ 

ထို့အပြင် အစုလိုက်အပြုံလိုက် မျိုးတုန်း သတ်ဖြတ်မှုများနှင့် ပတ်သက်လာ ပါက အာဆီယံ အဖွဲ့ဝင် နိုင်ငံများက အခြားနိုင်ငံ၏ ပြည်တွင်းရေး မစွက်ဖက်ရေးမူ ကိုဘေးချ ထားရန်လည်း ဒေါက်တာ မဟာသီယာက တိုက်တွန်းသည်။

“တကယ်လို့ မြန်မာက မျိုးတုန်းသတ်ဖြတ်မှုတွေကို လုပ်ချင်နေရင် အာဆီယံက ထွက်သွား ပေါ့” ဟု ၎င်းက ပြောသည်။ 

တစ်ချိန်တည်းမှာပင် ဒေါက်တာ မဟာသီယာက ဘင်္ဂါလီကိစ္စနှင့် စပ်လျဉ်း၍ စာတစ်စောင်ကို မြန်မာ အတိုက်အခံ ခေါင်းဆောင် အောင်ဆန်းစုကြည်ထံ သို့ ပို့ထား ပြီး ပြန်ကြားချက် တစ်စုံတစ်ရာ မရရှိသေးကြောင်းလည်း သိရသည်။ 

ဘင်္ဂါလီများအပေါ် မြန်မာ၏ ရက်စက်မှုနှင့် ပြဿနာကို ဖြေရှင်းရန် ပျက်ကွက်နေမှုက အာဆီယံကို နာမည်ဆိုး ထွက်စေလိမ့်မည် ဟုလည်း ဒေါက်တာမဟာသီယာက ထပ်လောင်း ပြော သည်။

ထို့ပြင် ဘင်္ဂါလီများသည် လှေစီးဒုက္ခသည်များအဖြစ် အခြားနိုင်ငံများသို့ ထွက်ပြေးနေ ကြရ သည်မှာ မြန်မာအစိုးရ၏ မှားယွင်းမှု များကြောင့် ဖြစ်သည်ဟုလည်း စွပ်စွဲပြောဆိုလိုက်သည်။

Ref; Astro Awani
Mizzima - News in Burmese



No comments:

Post a Comment

My Blog List