Wednesday, June 10, 2015
ကျောင်းသားသပိတ်ဝန်းရံပြည်သူဦးတင်ဝင်း ရုံးချိန်းအာမခံလျှောက်မည်
ရုံးထုတ်စစ်ဆေးစဉ် အသက်ရှုကျပ် သတိလစ်သွားသည့် ၀န်းရံပြည်သူ ဦးတင်ဝင်းကို ဇွန်လ ၉ ရက်တွင် သာယာဝတီ မြို့နယ်တရားရုံး၌ ပြုလုပ်မည့် ရုံး ချိန်းတွင် အာမခံရရှိရန် ရှေ့နေ များမှတစ်ဆင့် လျှောက်ထားမည်ဖြစ်ကြောင်း ၎င်း၏ မိသားစုဝင်များက ပြောသည်။
ဝန်းရံပြည်သူ ဦးတင်ဝင်းကို ဇွန်လ ၅ ရက်တွင် ရန်ကုန်ဆေးရုံ ကြီးဦးနှောက်နှင့် အာရုံကြောဌာန တွင် လည်ပင်းခွဲစိတ်မှုပြုလုပ်ခဲ့ပြီး အထူးကြပ်မတ်ကုသဆောင်တွင် ထားရှိပြီးနောက် ဇွန်လ ၈ ရက်က သီးသန့်ခန်းသို့ ပြောင်းရွှေ့ထား ကြောင်း ၎င်း၏ညီဖြစ်သူဦးနေဇော်လင်းက ပြောသည်။
‘‘အခု ကိုကြီးက စကားတော့ ပြောလို့မရသေးဘူး။ သူ့ကို တင်ပ ဆုံက အသားစကို ယူပြီးတော့ လည်ပင်းမှာ ခွဲပြီးထည့်ထား တယ်။ ပြီးတော့ စက်တပ်ပေးထားတယ်ပြောတယ်။ အခုတော့ လှည့်လို့မရတော့ဘူး။ စကားပဲနည်း နည်းပြန်ပြောတာပဲရှိတယ်။ အခု ရုံးချိန်းကျရင် အာမခံရဖို့အတွက် သွားပြီးတော့ လျှောက်မှာပါ’’ဟု ဦးနေဇော်လင်းက ပြောသည်။
သပိတ်မှောက်ကျောင်းသား နှင့် ၀န်းရံပြည်သူများကို သာယာ ၀တီမြို့နယ်တရားရုံးတွင် ဇွန်လ ၂ ရက် န၀မအကြိမ်မြောက်ရုံးထုတ်စဉ် အသက်ရှုကျပ်သတိလစ်သွား သည့် ၀န်းရံပြည်သူ ဦးတင်ဝင်း အား သာယာ ၀တီမြို့နယ်ဆေးရုံ သို့ တင်ပို့ခဲ့ပြီး အရေးပေါ်ကုသရ မည့် အခြေအနေကြောင့် ရန်ကုန် ဆေးရုံကြီးသို့ ပြောင်းရွှေ့ကုသခဲ့ သည်။
သာယာဝတီထောင်အတွင်း ဖမ်းဆီးခံထားရသည့်  သပိတ် မှောက်ကျောင်းသားနှင့်  ၀န်းရံ ပြည်သူများကို ထောင်တွင်းဆေး ကုသစောင့်ရှောက်မှု  အားနည်း သောကြောင့် ယခုကဲ့သို့ သတိလစ်မေ့မြော၍ ရန်ကုန်ဆေးရုံကြီးသွားရောက်ကုသခဲ့ရခြင်း ဖြစ်ကြောင်း ၎င်းတို့ကို ကူညီပေးနေသည့် တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောသည်။
သာယာဝတီထောင်အတွင်းဖမ်းဆီးထားသည့် သပိတ်မှောက် ကျောင်းသားနှင့်ဝန်းရံပြည်သူများကို သာယာ ၀တီမြို့နယ်တရားရုံး က ဇွန်လ ၉ ရက်တွင် (၁၀) ကြိမ် မြောက်ရုံးချိန်းအဖြစ် ထပ်မံချိန်း ဆိုထားကြောင်း သတင်းရရှိ သည်။
7Day News Journal
No comments:
Post a Comment
My Blog List