Friday, June 12, 2015

ပညာဒါနပြုထားတဲ့ကလေးသုံးဦးစလုံး တက္ကသိုလ်ဝင်တန်းအောင်မြင်လို့ ပျော်ရွှင်နေတဲ့ မိုးစက်ဝိုင်


ပညာသင်ကြားရန် ထောက်ပံ့ပေးခဲ့သည့် ကလေးသုံးဦး တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သောကြောင့် ပျော်ရွှင်ရကာ အဆိုပါကလေးများ၏  ဆက်လက်သင်ကြားရမည့် ပညာရေးအတွက် ထောက်ပံ့ပေးသွားရန် အစီအစဉ်ရှိကြောင်း   မိုးစက်ဝိုင် က ပြောသည်။

‘‘မိုးစက်ဖြစ်စေချင်တဲ့အ တိုင်း လုပ်နိုင်ခဲ့ကြတဲ့အတွက်ဝမ်း သာတယ်။ လောလောဆယ် အ မှတ်စာရင်းတွေမရသေးတော့ ဘာဆက်လုပ်ရမယ်ဆိုတာ ပြော လို့မရသေးဘူး။ အမှတ်စာရင်း တွေရရင် သူတို့ဘာလုပ်ချင်လဲဆို တာကို မေးမယ်။ သူတို့ရဲ့ အုပ် ထိန်းသူဖြစ်တဲ့ ဘုန်းဘုန်းနဲ့တိုင် ပင်ပြီး ဆက်လုပ်သွားမယ်’’ဟု ၎င်းကပြောသည်။

မိုးစက်ဝိုင်သည် မယ်စကြ ၀ဠာမြန်မာပြိုင်ပွဲဝင်စဉ်က လေ့ လာရေးခရီးစဉ်အဖြစ် သွားရောက် ခဲ့သည့်  ကျိုက်ထိုမြို့ရှိ ဘုန်းတော် ကြီးသင်စာသင်ကျောင်းမှ မိဘမဲ့ ကလေးငယ်သုံးဦးအား တက္က သိုလ်ဝင်တန်းဖြေဆိုနိုင်ရန် ပြင်ဦး လွင် စိုးစံဘော်ဒါတွင် ဘော်ဒါ ဆောင်ထား၍ ထောက်ပံ့ခဲ့ခြင်း ဖြစ်သည်။ ‘‘အကုန်လုံးအောင်တယ်။ အသေးလေးဆိုရင် ဒီတစ်လုံးတောင်ပါတယ်။ လောလော ဆယ်တော့  သူတို့ကိုသွားမတွေ့ ရသေးဘူး’’ဟု ကချင်ပြည်နယ် တွင် Amazing Cities ပရိုဂရမ် သွားရောက်ရိုက်ကူးရာမှ ပြန်လာ သည့် မိုးစက်ဝိုင်က ပြောသည်။

ယခုနှစ်တက္ကသိုလ်ဝင်တန်း အတွက် ပညာသင်ဆုထပ်မံပေး ရန် စဉ်းစားမထားဘဲ လက်ရှိ ထောက်ပံ့ပေးနေသည့် ကလေး များအတွက်ကိုသာ စဉ်းစားနေ ကြောင်း မိုးစက်ဝိုင်ကပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း Amazing Cities ပရိုဂရမ်အ တွက် ကချင်ပြည်နယ်ဘက်သို့  ရိုက်ကူးရေး သွားရောက်ခဲ့ပြီး Amazing Cities ၏ Season 2 (အပိုင်း-၂) အနေဖြင့် ရိုက်ကူး ခြင်းဖြစ်ကာ တင်ဆက်မှုပုံစံပြောင်း လဲထားကြောင်း မိုးစက်ဝိုင်က ပြောသည်။

‘‘ဒီတစ်ခါ ရိုက်ကူးရေးက စတိုရီပုံစံလေးတွေရိုက်တာ။ အဲ ဒီမှာ မိုးစက်က ဆရာမပုံစံ သရုပ် ဆောင်ရတယ်။ ဒါပေမဲ့ တစ်ခါ တစ်ခါ သရုပ်ဆောင်နေရင်းလွတ် လွတ်သွားပြီး မိုးစက်ရဲ့ ပုံစံအ တိုင်းပြန်ဖြစ်သွားလို့ ဒါရိုက်တာ ကိုအောင်မြတ်က သတိပေးရ တယ်’’ဟု Amazing Cities ပရို ဂရမ်ရိုက်ကူးရေးအကြောင်းပြော ပြသည်။

7Day Daily


No comments:

Post a Comment

My Blog List