Wednesday, June 10, 2015

မိုးသည်းထန်၍ ကျိုက်ထီးရိုးစေတီတော်မှ ရွှေသင်္ကန်းအချို့ ကွာကျ


ကျိုက်ထီးရိုးစေတီတော် ၀န်းကျင်တွင် ဇွန်လ ၆ ရက်ညက လေပြင်းနှင့် မိုးသည်းထန်စွာ ရွာသွန်းခဲ့၍ စေတီတော်၏ ကျောက်လုံးတော်ကြီး၌ ဆက်ကပ်လှူဒါန်းထားသော ရွှေသင်္ကန်းအချို့ ကွာကျသွားကြောင်း သတင်းရရှိသည်။

ဇွန်လ ၆ ရက် ည ၉နာရီ ၄၅ မိနစ်တွင် လေပြင်းတိုက်ခတ်ခြင်း၊ မိုးရွာခြင်း၊ မိုးကြိုးပစ်ခြင်းများဖြစ် ပေါ် ခဲ့ပြီး သစ်စေး(စစ်စီး)နှင့်ရော  ထွေးနေသော ရွှေမှုန့် ပိဿာ ၆၀ ကျပ်သားခန့်ကို ပြန်လည်ရှာဖွေ တွေ့ရှိခဲ့ကြောင်း ဂေါပကဥက္ကဋ္ဌ ဦးဌေးဝင်းက ပြောသည်။

‘‘စိုးရိမ်စရာမရှိဘူး။ ရွှေပြား ကြီးတွေကွာကျတာမဟုတ်ဘူး’’ ဟု ဦးဌေးဝင်းက ဆိုသည်။

ကျိုက်ထီးရိုးစေတီတော် ကို သုံးနှစ်တစ်ကြိမ်ပညာရှင်များ ဖြင့် ရွှေသင်္ကန်း ကပ်လေ့ရှိခဲ့သည်။ ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်သို့ မြန်မာနိုင်ငံ အနှံ့အပြားရှိ ဘုရားဖူးပြည်သူများ နှစ်စဉ် များပြားစွာ လာရောက်ဖူးမြော်ပြီး၊ပွင့်လင်းရာသီတွင် တည်းခိုစရာ နေရာများကျပ်တည်းသည်အထိ စည်ကားလေ့ရှိကာ နိုင်ငံခြားသားများပါ လာရောက်လေ့လာ ကြသည်။

7Day News Journal


No comments:

Post a Comment

My Blog List