Tuesday, June 09, 2015

လာမည့်ရွေးကောက်ပွဲတွင် အာဏာရပါကဝမ်းမြောက်ပျော်ရွှင်မည်ဖြစ် ကြောင်း ထိုင်းအာဏာသိမ်းစစ်အစိုးရဝန်ကြီးချုပ် ပရာယွတ် ပြော


လာမည့်နှစ် အထွေထွေ ရွေးကောက်ပွဲတွင် ပြည်သူ့အာဏာရရှိပါက ခေါင်းဆောင်အဖြစ် ဆက်ရှိရန် သူဝမ်းမြောက် ပျော်ရွှင်ကြောင်း ယမန်နှစ်က စစ်အာဏာသိမ်းမှုတွင် ဦးဆောင်ခဲ့သည့် ထိုင်းစစ်ဗိုလ်ချုပ်ကြီး က ကြာသပတေးနေ့တွင် ပြောဆိုပြီး နောက် သူ့အား ပြည်တွင်း၊ ပြည်ပရန်စွယ်များမှ ကာကွယ်ပေးရန် ထိုင်းပြည်သူများအား ဆော်ဩလိုက်သည်။

ပြီးခဲ့သည့်နှစ် မေလတွင် ယင်လခ် ရှင်နာဝပ်တရာအစိုးရကို ဖြုတ်ချ ပြီးနောက် ဒီမိုကရေစီ နည်းမကျသည့် အာဏာရယူမှုနှင့် ပြဿနာများကို သည်းခံခြင်းမရှိဘဲ ဖြေရှင်းနည်းကြောင့် အမေရိကန် ပြည်ထောင်စု အပါအဝင် နိုင်ငံများက ပရာယွတ်ချန်အိုချာအ ပေါ် ဝေဖန်မှုများရှိခဲ့သည်။

ကိုယ်တိုင် အာဏာဩဇာခံ စစ်တပ်လွှမ်းမိုးသည့် ကြားဖြတ် ဥပဒေ ပြုရေးအဖွဲ့က ယခင်နှစ်တွင် ပရာယွတ်အား ဝန်ကြီးချုပ်အဖြစ် ရွေးချယ်ပြီး နောက်သူက ထိုင်းနိုင်ငံအား စောနိုင် သမျှ စောစွာ ဒီမိုကရေစီ အစစ်အမှန် ပေးမည်ဖြစ်ကြောင်း ကတိပေးထားပြီး သူ့တွင် နိုင်ငံရေးရည်မှန်းချက် မရှိကြောင်း ငြင်းဆိုခဲ့သည်။

“ပြည်သူတွေက ကျွန်တော့်ကို ဆက်ရှိနေစေချင်တယ်ဆိုရင် သူတို့ ကျွန်တော်ဆက်ရှိနိုင်ဖို့ နည်းလမ်းတစ်ခု ရှာရမှာပေါ့။ ဒါဆို ကျွန်တော်လည်း ဆက်လုပ်မယ်။ ဆက်လက်ပြီးလည်း လုပ်နိုင်ပါတယ်” ဟု ရိုက်တာသတင်းဌာနသို့ ပရာယွတ်က ပြောဆိုဖူးသည်။

“ဒါပေမဲ့ ပြည်တွင်းပြည်ပက အတိုက်အခိုက်ရန်တွေကနေ ကျွန်တော့်ကို အကာအကွယ် ပေးနိုင်မယ့် နည်း လမ်းရှာဖို့ရာတော့ လူတိုင်းမှာ တာဝန်ရှိတယ်ဗျ”

ဖွဲ့စည်းပုံအခြေခံ ဥပဒေသစ်ပြ ဋ္ဌာန်းရန် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပရဦးမည်ဖြစ်ရာ ၂၀၁၆ ဩဂုတ်လ ဝန်းကျင်တွင်သာ အထွေထွေရွေး ကောက်ပွဲကျင်းပရန် စစ်အစိုးရက မျှော်လင့်ထားသည်။

ထိုင်းနိုင်ငံ၏ ကိုင်တွယ်ရခက်သော ပဋိပက္ခဖြစ်စဉ်က ဆယ်စုနှစ်တစ်ခု ကြာညောင်းခဲ့ပြီး စစ်တပ်ကျောထောက် နောက်ခံပြု တော်ဝင်လိုလားသူအုပ်စုနှင့် ပြည်ပြေး အကြီးစားလုပ်ငန်းရှင် သက်ဆင်ရှင်နာဝပ် ဖန်တီးထားသည့် ဩဇာကြီး နိုင်ငံရေးယန္တရားတို့အကြား အားပြိုင်မှုကို ကျယ်ပြန့်စွာ ဖြစ်ပေါ်စေခဲ့သည်။

ဘီလီယံနာသူဌေးကြီး၏ လူကြိုက်များ ပါတီသည် ၂၀၀၁ ခုနှစ်မှ စတင်ကာ ကျေးလက်နေ ပြည်သူများ၏ အင်တိုက်အားတိုက် ထောက်ခံမှုဖြင့် ရွေးကောက်ပွဲတိုင်း အနိုင်ရရှိခဲ့ကာ စစ်အာဏာသိမ်းမှု ၂ ကြိမ်၊ ပါတီ ဖျက်သိမ်းခံရခြင်း ၂ ကြိမ်နှင့် နိုင်ငံရေး ပိတ်ပင် တားဆီးမှုများ ကြုံတွေ့ခဲ့ရသည်။ 

၎င်းအား ဆန့်ကျင်သူများကမူ ထိန်းမရသိမ်းမရ ခြစားပြီး လက်သင့်ရာ စား တော်ခေါ်သည့် ယာဉ်ယန္တရားအဖြစ် ပြောဆိုကြသည်။

The Ladies News Journal

No comments:

Post a Comment

My Blog List