Friday, June 12, 2015

အီရတ်နိုင်ငံသို့ လေ့ကျင့်ရေးစစ်သား ၄၅ဝ ထပ်မံစေလွှတ်ရန် အိုဘားမား အတည်ပြု


အမေရိကန်သမ္မတ ဘားရက် အိုဘားမားက အမေရိကန်စစ်ဘက်ဆိုင်ရာ လေ့ကျင့်ရေးစစ်သား ၄၅ဝ ကို အီရတ်သို့ ထပ်မံစေလွှတ်ရန် ဇွန် ၁ဝရက်တွင် အတည်ပြုပေးခဲ့ကြောင်း AFP သတင်းတွင် ဖော်ပြသည်။ဤသည်မှာ IS အဖွဲ့၏ ပြန် လည်အင်အားကြီးလာမှုကို နှိမ်နင်းရန် ကြိုးပမ်းမှု လည်းဖြစ်သည်။ အိမ်ဖြူ တော်၏ အဆိုအရ ထပ်မံစေလွှတ်မည့် တပ်ဖွဲ့ဝင် ၄၅ဝသည် အီရတ်စစ်တပ် နှင့် ဆွန်နီလူမျိုးစု တိုက်ခိုက်ရေးသမား များကို လေ့ကျင့်ပေးရန်၊ အကြံပေး ရန်နှင့် ကူညီရန်တို့အတွက် ယခင် ကတည်းက ရောက်ရှိနေသောတပ် ဖွဲ့ဝင် ၃၁ဝဝ နှင့် ပူးပေါင်းမည်ဟု သိရသည်။

တပ်ဖွဲ့ဝင်သစ်များက ရာမာဒီ မြို့ကှိှု အဖွဲ့ထံမှ ပြန်လည်သိမ်းရန် ဦးစားပေး ဆောင်ရွက်သွားမည်ဟု လည်း သိရသည်။ IS အဖွဲ့သည် ဘဂ္ဂဒက်မြို့အနီးရှိ ဆွန်နီများ အများ ဆုံးနေထိုင်ရာ ရာမာဒီမြို့ကို မေလ တွင်သိမ်းပိုက်ခဲ့ရာ အိုဘားမား၏ IS အဖွဲ့ကို နှိမ်နင်းရေးမဟာဗျူဟာ အပေါ် ဝေဖန်မှုများဖြစ် စေခဲ့သည်။

အိုဘားမားသည် ၄င်း၏အမေ ရိကန်တပ်ဖွဲ့များ စစ်ပွဲအတွင်းသို့ ပြန်ရောက် သွားမည်စိုးသောကြောင့် ခြေလျင်တပ်ဖွဲ့များစေလွှတ်ရန် ငြင်း ဆန်ထား သည်။ ထိုအစား အမေရိ ကန်က လေကြောင်းအထောက် အပံ့များ ကွဲပြား နေသည့် အီရတ်တပ် ဖွဲ့များထံ လက်နက်နှင့် လေ့ကျင့် ပေးမှုများ ထောက် ပံ့ပေးခဲ့သည်။

ယခုကဲ့သို့ လေ့ကျင့်ရေးမှူးများ ထပ် တိုးစေလွှတ်ရာတွင် လေ့ကျင့်ရေးမှူး များနှင့်အတူ အီရတ်ဗဟိုအစိုးရ လူမျိုးစုတပ်ဖွဲ့များ၊ ကာ့ဒ်ကာကွယ် ရေးတပ်များအတွက် မရှိမဖြစ် လို အပ်သော အသုံးအဆောင်ပစ္စည်းများ ကိုပါ ထောက်ပံ့ပေးမည်ဟု ဆိုသည်။

ယခုကဲ့သို့ စစ်ဘက်ဆိုင် ရာ အကြံပေးများ လေ့ကျင့်ရေးမှူးများ ကို ထပ်မံစေလွှတ်ခဲ့သော်လည်း လက်ရှိ IS တိုက်ခိုက်ရေးတွင် အမေ ရိကန်ဘက်မှ အသုံးပြုနေသည့် မဟာဗျူဟာသည် ပြောင်းလဲသွား မည်မဟုတ်ဟု အိုဘားမား၏ စစ် ဘက်ဆိုင်ရာ ထိပ်တန်းအကြံပေးများ နှင့် အရပ်ဘက်အကူအညီပေးရေး အဖွဲ့များက ပြောသည်။

မတူကွဲပြားသည့် သုံးသပ်ချက် တွေနဲ့ ရှေ့ဆက်ဆောင်ရွက်သွားမည် ဆိုတာကို အိုဘားမားက ယခင်က တည်းက ရှင်းရှင်းလင်းလင်းပြောခဲ့ ပြီးသားပါဟု ဒုတိယအမျိုးသားလုံခြုံ ရေး အကြံပေးဖြစ်သူ ဘန်ရိုဒီက ပြောသည်။

Ref: AFP
‪#‎Democracytoday‬

No comments:

Post a Comment

My Blog List