Friday, June 12, 2015

အိန္ဒိယနယ်မြေအတွင်း ဖြစ်ပွားသော သူပုန်များနှင့် တိုက်ပွဲတွင် မြန်မာဘက်ခြမ်းသို့ ၀င်ရောက်ခြင်းမရှိကြောင်း အိန္ဒိယအကြောင်းပြန်


ပြီးခဲ့သည့် ချုံခိုတိုက်ခိုက်မှုတွင် အိန္ဒိယစစ်သားအနည်းဆုံး အယောက်၂၀သေဆုံးခဲ့အိန္ဒိယအထူးတပ်ဖွဲ့က မြန်မာ-အိန္ဒိယ နယ်စပ်ရှိ သူပုန်များစစ်ဆင် တိုက်ခိုက်မှုကို အိန္ဒိယဘက်ခြမ်းတွင်သာ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံဘက်သို့ဝင်ရောက်ခြင်းမရှိခဲ့ဟု အိန္ဒိယဘက်က မြန်မာအစိုးရထံ ပြန်လည်ဖြေကြားခဲ့ကြောင်း နိုင်ငံ တော်သမ္မတရုံးမှ သတင်းရရှိသည်။


အိန္ဒိယ-မြန်မာနယ်စပ်သူ ပုန်များကို နှိမ်နင်းရာတွင်မြန်မာ ဘက်ခြမ်းသို့ ၀င်ရောက်ခဲ့ကြောင်း သတင်းထွက်လာခဲ့သဖြင့် မြန်မာ နိုင်ငံ နိုင်ငံခြားရေးဒုဝန်ကြီးက အိန္ဒိယသံအမတ်ကို ဇွန်လ ၉ရက်တွင် တွေ့ဆုံခဲ့သည်။

ထိုသို့တွေ့ဆုံရာတွင် အိန္ဒိ ယ သံအမတ်က အိန္ဒိယဘက်ခြမ်း ၌သာ စစ်ဆင်ရေးဆောင်ရွက်ခဲ့ ခြင်းဖြစ်ပြီး အိန္ဒိယနိုင်ငံအနေဖြင့် နှစ်နိုင်ငံသဘောတူညီချက်ကို လိုက်နာဆောင်ရွက်လျက်ရှိသည် ဟု ဖြေကြားခဲ့သည်။

အိန္ဒိယစစ်တပ်က မြန်မာ နိုင်ငံတွင်းရှိ သူပုန်စခန်းများကို တိုက်ခိုက်ခဲ့ကြောင်း အိန္ဒိယ၀န် ကြီးတစ်ဦးက ပြောကြားခဲ့သည်။ သို့သော် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိ ယသံအမတ်က မြန်မာနိုင်ငံခြား ရေးဝန်ကြီးဌာနဒုဝန်ကြီးနှင့် တွေ့ ဆုံပြီး ယင်းတိုက်ခိုက်မှုမှာ အိန္ဒိ ယဘက်ခြမ်းတွင်သာဖြစ်ပွားခဲ့ ကြောင်း ရှင်းပြကာ၊ နှစ်နိုင်ငံနယ် စပ်တွင်ရှိနေသော လက်နက်ကိုင် အဖွဲ့များဆိုင်ရာ သတင်းအချက် အလက်များမျှဝေလာခြင်းဖြစ် သည်။ ထို့အပြင် မြန်မာနိုင်ငံအ တွင်းရှိ နာဂလက်နက်ကိုင်အဖွဲ့မ ဟုတ်ဘဲ အိန္ဒိယဘက်ခြမ်းမှ အဖွဲ့ နှင့် ထိတွေ့မှုသာဖြစ်ကြောင်း သမ္မတရုံးညွှန်ကြားရေးမှူးက အ တည်ပြုသည်။

‘‘အိန္ဒိယနိုင်ငံပိုင်နက်မြေထဲ မှာပဲဖြစ်ခဲ့ပါတယ်ဆိုပြီး အတည် ပြုပြောခဲ့တယ်။ နှစ်နိုင်ငံနယ်စပ် ဆိုင်ရာ သဘောတူညီချက်တွေနဲ့ အညီ လုပ်ဆောင်တဲ့အကြောင်း ပြောတယ်။ နာဂလန်း သူပုန်တွေ နဲ့ဆိုင်တဲ့ သတင်းအချက်အလက် တွေလည်းပေးလာတယ်’’ဟု သမ္မ တရုံးညွှန်ကြားရေးမှူး ဦးဇော်ဌေး က ပြောသည်။

‘‘တပ်မတော်ရဲ့ အချက်အ လက်တွေလည်း မျှဝေတယ်။ သောင်းကျန်းသူတွေ ဒီဘက်ကို အခြေစိုက်တယ်ဆိုရင် သတင်း ပေးပါဆိုပြီး သဘောတူထား တယ်။ တိုက်ခိုက်မှုတွေမှာတော့ မြန်မာ့တပ်မတော်အနေနဲ့ မပါ ၀င်သေးပါဘူး’’ဟု ၎င်းက ဆို သည်။

နှစ်နိုင်ငံနယ်စပ်ရှိ မြန်မာ့ တပ်မတော် တပ်ရင်းတပ်ဖွဲ့များ ၏ အစီရင်ခံချက်အရမြန်မာဘက် အောင်ဇေယျစခန်းမှ မြောက် ဘက် ၁၀ မိုင်အကွာ အိန္ဒိယနိုင်ငံ ဘက်ခြမ်း ကျေးရွာတွင် သောင်း ကျန်းသူများနှင့် အိန္ဒိယစစ်တပ် ထိတွေ့များဖြစ်ပွားခဲ့သည်ဟု ဆို သည်။

‘‘ကိုယ့်ပိုင်နက် နယ်မြေကို အသုံးချပြီး အိမ်နီးချင်းနိုင်ငံကို ပြန်လည်တိုက်ခိုက်ဒုက္ခပေးတဲ့ ဘယ်ပြည်ပနိုင်ငံသားကိုမဆို လက်မခံပါဘူး။ နယ်စပ်မှာရှိတဲ့ အိန္ဒိယသောင်းကျန်းသူတွေကို မြန်မာပိုင်နက်အတွင်း ခိုလှုံခြင်း၊ အခြေစိုက်ခြင်းမရှိအောင် အိန္ဒိယ နိုင်ငံနဲ့ ညှိနှိုင်းပူးပေါင်းဆောင်ရွက် သွားမှာပါ။ ဒါဟာ မြန်မာနိုင်ငံရဲ့ နိုင်ငံခြားရေးမူဝါဒပါပဲ’’ဟု သမ္မ တရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် တစ်ပတ်က အိန္ဒိ ယနိုင်ငံအရှေ့မြောက်ပိုင်း၊ မြန် မာနယ်စပ်အနီး မဏိပူရပြည်နယ် တွင် စစ်တပ်ယာဉ်တန်းဖြတ်သန်း  စဉ် သူပုန်တပ်ဖွဲ့များ၏ ချုံခိုတိုက် ခိုက်ခြင်းကြောင့် အိန္ဒိယစစ်သား ၂၀ ဦးခန့် သေဆုံးခဲ့ရပြီး နောက် ဤကဲ့သို့ စစ်တပ်က တိုက်ခိုက်ခဲ့ သည်ဟု    အိန္ဒိယ၀န်ကြီးကဆို သည်။ ချုံခိုတိုက်ခိုက်မှုပြီးနောက် မဏိပူရ၏  ချန်ဒဲလ်ခရိုင်မှနေ၍ မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်ဖြတ်ကျော်ဝင်ရောက်သွားကြောင်းသတင်းရရှိထားသော သူပုန်များကို ခြေရာခံရန်အတွက်  စစ်သား ရာပေါင်းများစွာနှင့်   ရဟတ် ယာဉ်များပါဝင်သည့် ရှာဖွေမှု ကြီးတစ်ခုကို အိန္ဒိယစစ်တပ်က ဇွန်လ ၉ ရက်တွင် ပြုလုပ်ခဲ့သည်။

ဇွန်လ ၁၀ ရက် အစောပိုင်း တွင် အစီရင်ခံလာသည့် အိန္ဒိယ အခြေစိုက်သတင်းများကမူ အိန္ဒိ ယတပ်ဖွဲ့များအနေဖြင့် မြန်မာ နိုင်ငံအတွင်းသို့ ဖြတ်ကျော်ဝင် ရောက်ခဲ့သည်ဟု အိန္ဒိယသတင်း အချက်အလက်နှင့် အသံလွှင့်ဝန် ကြီး၊ ဗိုလ်မှူးကြီးဟောင်း Rajya-vardhan Singh Rathore က အ တည်ပြုခဲ့ကြောင်း  အစီရင်ခံခဲ့ သည်။

အင်္ဂါနေ့နံနက်စစ်ဆင်ရေး အတွင်း မြန်မာပိုင်နက်သို့ ဖြတ် ကျော်ဝင်ရောက်ခဲ့သည်ဟုဝန် ကြီး Rathore က ပြောနေချိန်တွင် အိန္ဒိယစစ်တပ်က ၎င်းတို့၏စစ် သားများအနေဖြင့် မြန်မာနယ်စပ် တစ်လျှောက် စစ်ဆင်ခဲ့ကြောင်း ပြောနေသည်။ စစ်တပ်ကိုတိုက် ခိုက်ခြင်း၏ ရလဒ်အဖြစ် သောင်း ကျန်းသူများအကြားတွင် သိသာ ထင်ရှားသော အကျအရှုံးများ အကျိုးပေးသွားပြီဟု အိန္ဒိယတပ် မတော်က ထုတ်ပြန်သည့်ကြေ ညာချက်၌ ပါရှိကြောင်း ရိုက်တာ သတင်းဌာနက အစီရင်ခံသည်။ ထို့အပြင် အိန္ဒိယပြည်နယ်များ ဖြစ်သော   နာဂလန်းနှင့် မဏိ ပူရဒေသနှစ်ခုကိုသာ အိန္ဒိယစစ် တပ်က ရည်ညွှန်းပြောကြားခဲ့ သည်။

အိန္ဒိယအနေဖြင့် သူပုန်အ ဖွဲ့များကို တိုက်ခိုက်ချေမှုန်းရေး နှင့် စပ်လျဉ်း၍ မြန်မာအာဏာ ပိုင်များနှင့် ဆက်သွယ်အကြောင်း ကြားပြောဆိုပြီးပြီဟု စစ်ဆင်ရေး များဆိုင်ရာ တွဲဖက်ညွှန်ကြားရေး မှူးချုပ် မေဂျာဂျင်နရယ် Ranbir Singh က အိန္ဒိယသတင်းဌာန သည်အိတ်ဇ်ပရက်စ်အားပြော ကြားခဲ့သည်။

‘‘အဲဒီလို အကြမ်းဖက်ဝါဒကို တိုက်ဖျက်ဖို့အတွက် သူတို့(မြန် မာ)နဲ့အတူလုပ်ဆောင်ဖို့ ကျွန် တော်တို့မျှော်လင့်ပါတယ်’’ဟု မစ္စတာဆင်းက ပြောကြားသည်။

အိန္ဒိယစစ်တပ်သည်   နှစ် ပေါင်းများစွာတိုင်အောင်ပင် ၎င်း နိုင်ငံအရှေ့မြောက်ပိုင်းဒေသရှိ သူပုန်အဖွဲ့များနှင့် တိုက်ပွဲများ ဆင်နွှဲလျက်ရှိသည်။ အိန္ဒိယအ ရှေ့မြောက်ပိုင်းပြည်နယ်များနှင့် မြန်မာနိုင်ငံ စစ်ကိုင်းတိုင်းရှိ နာဂ လူမျိုးများနေထိုင်ရာ ဒေသများ ကို ပြည်ထောင်စုတည်ဆောက် နိုင်ရေးတိုက်ပွဲဝင်နေခဲ့သော နာဂ အမျိုးသားဆိုရှယ်လစ်ကောင်စီ (NSCN) လက်နက်ကိုင်အဖွဲ့ သည် ၁၉၈၈ တွင် နှစ်ဖွဲ့ကွဲသွားခဲ့ သည်။ မြန်မာနိုင်ငံဘက်ခြမ်းတွင် NSCN -K အဖွဲ့၊အိန္ဒိယဘက်ခြမ်း တွင် NSCN-IM အဖွဲ့ဟူ၍အခြေ စိုက်နေကြသည်။ အက်စ်အက်စ် ကပ်ပလန်ဦးဆောင်သော NSC N-K သည် စစ်ကိုင်းတိုင်းဒေသ ကြီး မြောက်ပိုင်းရှိ လဟယ်နှင့်နန်း ယွန်း မြို့နယ်များတွင် အခြေစိုက် သည်။ အိုက်ဆက်ချီစီဆု (Isak Chisi Swu) နှင့် သူယန်ဂလန်း မွေဗာ (Thuingaleng Muivah) တို့ဦးဆောင်သော NSCN-IMမှာ မူ အိန္ဒိယနိုင်ငံထဲတွင် အခြေစိုက် လှုပ်ရှားသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပ ဒေအရ စစ်ကိုင်းတိုင်းဒေသကြီးရှိ လေရှီး၊ လဟယ်နှင့် နန်းယွန်းမြို့ နယ်များကို နာဂကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသအဖြစ် သတ်မှတ်ပေး ခဲ့သည်။ ၂၀၁၀ မှစ၍ မြန်မာအစိုး ရတပ်များနှင့် NSCN-K တို့အ ကြား လက်နက်ကိုင်တိုက်ခိုက်မှု များ မရှိခဲ့ပေ။ ဦးသိန်းစိန်အစိုးရ လက်ထက် အပစ်အခတ်ရပ်စဲရေး သဘောတူညီသည့် ၁၂ ဖွဲ့မြောက် အဖွဲ့အဖြစ် ၂၀၁၂ တွင် အပစ်အ ခတ်ရပ်စဲရေး သဘောတူညီခဲ့ သည်။ ယင်းနောက်ပိုင်း ၎င်းတို့၏ ရဲဘော်အများအပြားက အဖွဲ့ကို စွန့်ခွာသွားကြသည်။

အိန္ဒိယ-မြန်မာနယ်စပ်မဏိ ပူရပြည်နယ်တွင် ဖြစ်ပွားခဲ့သော အိန္ဒိယနိုင်ငံ၏ သူပုန်လက်နက် ကိုင်တပ်ဖွဲ့များကို နှိမ်နင်းသည့် စစ်ဆင်ရေး၌ အိန္ဒိယစစ်သား ၁၈ ဦး ကျဆုံးခဲ့ပြီး အဆိုပါစစ်ဆင်ရေး ကို    မြန်မာအာဏာပိုင်များသို့ ဆက်သွယ်၍ မြန်မာပိုင်နက်အ တွင်းထိ ၀င်ရောက်တိုက်ခိုက်ခဲ့ ခြင်းဖြစ်သည်ဟု AP သတင်းဌာန က ဖော်ပြခဲ့သည်။

7Day Daily


No comments:

Post a Comment

My Blog List