Saturday, June 13, 2015

သာယာဝတီ အကျဉ်းထောင်တွင် ဗကသ ကျောင်းသားများနှင့် ဝန်းရံ ပြည်သူများ ကျန်းမာရေးအခြေအနေ ဆိုးရွားလျက်ရှိပြီး အချို့မှာ အရေးပေါ်ဆေးကုသရန်လိုအပ်နေ


သာယာဝတီ အကျဉ်းထောင်တွင် ထိန်းသိမ်းခံရသည့် ဗကသ ကျောင်းသား များနှင့် ဝန်းရံပြည်သူများ ကျန်းမာရေး အခြေအနေ ဆိုးရွားလျက်ရှိပြီး အချို့မှာ ဆေးရုံ၌ အရေးပေါ်တင်ရန် လိုအပ်နေကြောင်း ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်း သားသမဂ္ဂများ အဖွဲ့ချုပ်ထံက သိရသည်။

အမျိုးသားပညာရေး ဥပဒေပြင်ဆင်ရေးအတွက် သပိတ်မှောက် တောင်းဆို ရာတွင် မတ် ၁၀ ရက်က ပဲခူးတိုင်းဒေသကြီး လက်ပံတန်းမြို့နယ်တွင် ထိန်းသိမ်းခံရပြီး လက်ရှိတွင် အစိုးရက စွဲဆိုထားသည့် အမှုရင်ဆိုင် နေရသည့် ဗကသကျောင်း သားခေါင်းဆောင် မင်းသွေးသစ် အပါအဝင် ကျောင်းသားများ၊ ဝန်းရံပြည်သူများမှာ ကျန်းမာရေးအခြေအနေ ဆိုးရွားမှု ကို ကြုံတွေ့နေရကြောင်း သိရသည်။

ဒီမိုကရေစီ ပညာရေးသပိတ် ဝန်းရံပြည်သူအတွင်းပါဝင်ခဲ့သည့် ဦးတင် ဝင်းသည် မူလအရိုက်ခံရသည့် ဒဏ်ရာဖြင့် ထောင်တွင်း ကျန်းမာရေး ဆိုးရွားစွာခံရမှုကြောင့် ဦးနှောက်နှင့် အာ ရုံကြောဆိုင်ရာ ခွဲစိတ်မှုများ ပြုလုပ်နေရသည်။ ဇွန် ၉ ရက် သာယာဝတီ တရားရုံးထုတ်တွင် ဝန်းရံပြည်သူ ဦးခင်လှိုင်မှာ အစာအိမ်ပေါက်ပြဲ အတွင်းဒဏ်ရာဖြင့် ဆေးကုသမှု ခံယူလျက် ရှိသည်။

ဇွန် ၁၁ ရက်တွင် သာယာဝတီ အကျဉ်းထောင်အတွင်းရှိ ဗကသကျောင်းသား ခေါင်းဆောင် မင်းသွေးသစ်အပါအဝင် ကျောင်းသား၊ ကျောင်းသူများနှင့် ဝန်းရံပြည်သူများမှာ ထိန်း သိမ်းခံရစဉ်က ရိုက်နှက်ခံရသည့် ဒဏ်များကြောင့် ရင်ဘတ်အောင့်ဝေဒနာ နှင့် အစာအိမ်ရောဂါများ ဖြစ်ပွားလျက် ရှိပြီး ထောင်အတွင်း မူးလဲကျသည့် အခြေအနေများ ဖြစ်ပေါ်မှုများရှိကြောင်း ဗကသများအဖွဲ့ချုပ် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယခုကဲ့သို့ ဝေဒနာများခံစားရခြင်းမှာ အကြမ်းဖက်ဖြိုခွဲစဉ်က မတရား နှိပ်စက် ရိုက်နှက်ထားမှုများကြောင့် ဖြစ်သည်။ အစိုးရက လေးပွင့်ဆိုင် သဘောတူညီချက်များအား ကတိကဝတ် များကို ချိုးဖောက်ကာ ရိုက်နှက် ဖမ်းဆီးခံရသည့် ကျောင်းသား၊ ကျောင်းသူများနှင့် ဝန်းရံပြည်သူများအား လိုအပ်သော ဆေးဝါးကုသခွင့် မပေးခြင်းသည် တည်ဆဲအစိုးရ ၏ လူအခွင့်အ ရေး ချိုးဖောက်မှုဖြစ်ပြီး နောက်ဆက်တွဲ ဖြစ်ပေါ်လာသည့် ကိစ္စများသည် လက်ရှိအစိုးရတွင် တာဝန် ရှိကြောင်း ဖော်ပြပါရှိသည်။

ယင်းအတွက် သက်ဆိုင်ရာအစိုး ရနှင့် ထောင်အာဏာပိုင်များက ကျန်းမာ ရေး ချို့ယွင်းနေသည့် ကျောင်းသား၊ ကျောင်း သူများနှင့် ဝန်းရံပြည်သူ များအား ကောင်းမွန်လုံလောက် သော ကျန်းမာရေးစောင့်ရှောက်မှုနှင့် ဆေးရုံတက်ရောက် ကုသခွင့် အမြန်ဆုံးဆောင်ရွက်ပေးရန် ဗကသများ အဖွဲ့ချုပ်က တောင်းဆိုထားကြောင်း သိရသည်။

အမျိုးသားပညာရေး ဥပဒေပြင်ဆင်ရေးအတွက် သပိတ်မှောက် ဆန္ဒဖော် ထုတ်ကြပြီး ရန်ကုန်အရောက် ချီတက်ရန်ကြိုး ပမ်းရာတွင် မတ် ၁၀ ရက် နေ့တွင် တာဝန်ရှိသူများ အကြမ်းဖက်ဖြိုခွဲနှိမ်နှင်းကာ ဗကသ ကျောင်းသားများနှင့် ဝန်းရံပြည် သူများ စုစုပေါင်း ၁၂၇ ဦး ထိန်းသိမ်းခံရသည်။ယင်းတို့ထဲမှ ၄၀ ကျော်ခန့်အား ကိုယ်ပိုင်ခံဝန်ဖြင့် ပြန်လွှတ်ပေးခဲ့သည်။

ယင်းနောက်ကျန်ရှိသည့် ၈၀ ဦးအား ပုဒ်မ ၅၀၅(ခ) အပါအဝင် ပုဒ်မ ၅ ခုဖြင့် အမှုဖွင့်စစ်ဆေးရာ မတ် ၂၅ ရက်တွင် ၁၁ ဦးအား ပုဒ်မ ၅၀၅(ခ) လျှော့ကာ အာမခံဖြင့် အာမခံပေးလိုက်သည်။ 

ယင်းနောက် ထိန်းသိမ်းခံ ကျောင်းသားများမှ အသက်မပြည့်သေးသည့် ကျောင်းသားနှစ်ဦးအား ကလေး သူငယ် အာမ ခံဖြင့် အာမခံပေးပြီး သာယာဝတီရှိ ကလေးသူငယ်တရားရုံး တွင် ဆက်လက် စစ်ဆေးလက်ရှိကာ ကိုကျော်ကိုကို အပါ အဝင် ဗကသကျောင်း သား ခေါင်းဆောင် ၃ ဦး ၀ရမ်းထုတ်ခံထားရကြောင်းသိရသည်။
The Ladies News Journal


No comments:

Post a Comment

My Blog List