Wednesday, June 10, 2015

ဒဂုံစီးတီးကိစ္စ တိုင်းလွှတ်တော်တွင်ဆွေးနွေးခွင့်မရ


ရွှေတိဂုံဘုရားအနီးရှိ ဒဂုံစီးတီးစီမံကိန်းကို ယခုအစိုးရ လက်ထက်တွင် ဆောင်ရွက်ခြင်း မပြုဘဲ ရပ်ဆိုင်းထားရန်အဆိုမှာ တိုင်းဒေသကြီးလွှတ်တော်တွင် ဆွေးနွေးခွင့်မရဘဲ ပယ်ချခံလိုက်ရသည်။ယနေ့လွှတ်တော် အစည်းအဝေတွင်  ဒေါက်တာဒေါ် ညိုညိုသင်းက အဆိုတင်ပြခဲ့ခြင်းဖြစ်ပြီး  တိုင်းဒေသကြီးအစိုးရအဖွဲ့  စီးပွားရေးနှင့် စီမံကိန်းဝန်ကြီး ဦးသန်းမြင့်က ချက်ချင်းကန့်ကွက် ခဲ့ခြင်းဖြစ်သည်။

‘‘ဒီလိုလုပ်တာက နည်းဥပဒေကို ပြောင်ပြောင်တင်းတင်းချိုးဖောက်တာ။ တိုင်းအစိုးရအနေနဲ့ ဒီလိုလုပ်တာနှစ်ခါရှိပြီ။ နည်းဥပဒေအရဆို ဒါကိုဆွေးနွေးဖို့လွှတ်တော်ရဲ့သဘောထားကို တောင်း ခံတဲ့အချိန်မှာ ဒီလိုဝင်ကန့်ကွက် လို့မရဘူး’’ဟု အဆိုတင်သွင်းသူ ဒေါက်တာညိုညိုသင်းကပြော သည်။

ရွှေတိဂုံစေတီတော်အနီးရှိ တပ်မတော်ပိုင်မြေများပေါ်တွင် တည်ဆောက်မည့်စီမံကိန်းများကြောင့် ရေရှည်တွင်ရွှေတိဂုံစေတီတော်ကြီး၏ ကြံ့ခိုင်မှုကိုထိခိုက်လာနိုင်သဖြင့် ဆောက်လုပ်ခြင်းမပြုရန် ကန့်ကွက်မှုများရှိခဲ့ပြီး မေလအတွင်းက ယင်းကိစ္စရပ်နှင့်ပတ်သက်၍ ‘‘Save the Shwedagon’’ ဖိုရမ်ကျင်းပကာ ပညာရှင်များက ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးထောက်ပြမှုများပြုလုပ်ခဲ့သည်။

7Day News Journal


No comments:

Post a Comment

My Blog List