Tuesday, June 09, 2015

ဒုတိယကမ္ဘာစစ်အတွင်း လုပ်ရပ်များအတွက် နောင်တရမိကြောင်း ဂျပန်ဘုရင် အာခိဟိတို ဖိလစ်ပိုင်သမ္မတသို့ ပြောကြား


ဒုတိယကမ္ဘာစစ်အတွင်း လုပ်ရပ်များအတွက် မိမိတို့နိုင်ငံအနေဖြင့် နောင်တရမိကြောင်း ဂျပန်ဘုရင် အာခိဟိတိုက ဖိလစ်ပိုင်သမ္မတ ဘဲနစ်နို အာကွီနိုအား ပြောကြားလိုက်သည်။ထိုပြောကြားချက်သည် အမျိုးသားရေးဝါဒီတစ်ဦးဖြစ်သူ လက်ရှိဂျပန် ဝန်ကြီးချုပ် ရှင်ဇိုအာဘေးအတွက် ထိုးနှက်ချက်တစ်ရပ်ဖြစ်ကြောင်း သတင်းဆောင်းပါးအစီရင်ခံသူက ဆိုသည်။

ဘုရင်အာခိဟိတို၏ အခန်းကဏ္ဍသည် အရေးပါမှုနည်းသော်လည်း အငြင်းပွားမှုများအထက်တွင် ရှိနေသူအဖြစ် မျှော်လင့်ရသည်။ ၎င်း၏ နိုင်ငံရေးမှတ်ချက်များကို နိုင်ငံရေးကိစ္စများ ဆုံးဖြစ်ရာတွင် ဖြစ်နိုင်ဖွယ်ရာ နည်း လမ်းတစ်ခုအဖြစ် အနည်းနှင့်အများ ဆိုသလို ထည့်တွက်သုံးသပ်ရ သည်။

ဇွန် ၃ ဗုဒ္ဓဟူးနေ့က တော်ဝင်ဂုဏ်ပြုညစာစားပွဲသို့ မစ္စတာအာကွီနိုအား ဖိတ်ကြားကြောင်း၊ ၂၀ ရာစုမှ အစပြု၍ တိုကျိုနှင့် မနီလာအကြား တက်ကြွရင်းနှီးသည့် ဆက်ဆံရေးများ ရှိခဲ့ကြောင်း အာခိဟိတိုက ထည့်သွင်းပြောဆိုခဲ့သည်။

ဒုတိယကမ္ဘာစစ်ကာလတွင် ဂျပန်နှင့် အမေရိကန်တို့အကြား ပြင်းထန်သည့်တိုက်ပွဲများ ဖိလစ်ပိုင်မြေ ပေါ်တွင် ဖြစ်ပွားခဲ့ရာမှာ ဖိလစ်ပိုင်ပြည် သူများစွာ အသက်ဆုံးရှုံးခဲ့ရသည်။

ဤအချက်မှာ ကျွန်ုပ်တို့ ဂျပန် များက အသည်းနှလုံးထဲတွင် နောင်တ တရားဖြင့် ကာလရှည်ကြာ အမှတ်ရ နေမည်ဖြစ်ပါသည်ဟု တော်ဝင်အိမ် တော်ထိန်းအဖွဲ့၏ တရားဝင်အင်္ဂလိပ် ဘာသာသို့ ဘာသာပြန်ဆိုချက်များ အရ ဘုရင်ကထိုသို့ပြောဆိုသွားသည်။

အထူးသဖြင့် ဒုတိယကမ္ဘာစစ် ကြီး ပြီးဆုံးကြောင်း နှစ် ၇၀ ပြည့် သည့် ယခုနှစ်တွင် ထိုကာလက အသက်အိုးအိမ် ဆုံးရှုံးသွားသူအားလုံးအတွက် ကိုယ်ချင်းစာကြောင်း၊ ဝမ်းနည်းကြောင်း ကျွန်ုပ်က အလေးအနက်ပြောကြား လိုပါသည်ဟု ဆိုသည။် ဂျပန်ဝန်ကြီးချုပ် အာဘေးက ဩဂုတ်လတွင်ပြော ကြားမည်ဟု မျှော်လင့်ခံ ထားရသည့်လူတကာ အာရုံစိုက်ဝေ ဖန်စေမည့် တောင်းပန်စာပြင်ဆင်နေ ချိန်တွင် ဂျပန်ဘုရင်က ယခုကဲ့သို့ မှတ်ချက်ပေး ပြောကြားလိုက်ခြင်းဖြစ် သည်။

ယခင်အစိုးရအဖွဲ့ ဝန်ကြီးချုပ်များသည် နယ်ချဲ့ကျူးကျော်မှုနှင့် အကြမ်း ဖက်ညှဉ်းဆဲမှု လုပ်ရပ်များအတွက် စစ်ကြီးအပြီး နှစ် ၅၀ ပြည့်နှစ်နှင့် နှစ် ၆၀ ပြည့်နှစ်များတွင် တောင်းပန်မှုများ ပြုလုပ်ခဲ့သော်လည်း မစ္စတာအာဘေး အနေဖြင့် ယခင်ဝန်ကြီးချုပ်များကဲ့သို့ လုပ်ဆောင်ဖွယ်မရှိကြောင်း တောင်းပန်မှုအစား ရှေ့တိုးဆောင်ရွက်မှုအဖြစ် ကြေညာချက်သာ ထုတ်ပြန်ချင်သဘောကို အရိပ်အမြွက်ပြောဆိုခဲ့သည်။

ထိုသဘောထားအမြင်က ဂျပန်အလယ်အလတ်ဝါဒီများအကြား မငြိမ်သက်မှု ကိုဖြစ်စေပြီး ဘေဂျင်းနှင့် ဆိုးလ်တို့ရှိလူအများက ဒေါသထွက်ကြသည်။ တိုကျိုအနေဖြင့် စစ်ကြီးအတွင်း ဖြစ်ပျက်ခဲ့မှုများအတွက် ဝမ်းနည်းကြောင်း ပြောဆိုစေချင်ကြသည်။

တော်ဝင်အဖြစ်သနစ်များ ရေးသားသူ စစ်ပြန်ဂျာနယ်လစ်လည်းဖြစ်၊ ဘုရင်ဧကရာဇ်၏ ကျောင်းနေဖက် လည်းဖြစ်သူ အာခိရာဟာရှီမိုတိုက ပြောကြားသည်မှာ မစ္စတာအာကွီနို၏ ခရီးစဉ်က နိုင်ငံဦးသျှောင်အတွက် ဂျပန်နိုင်ငံ၏အတိတ်က အမှားကျူးလွန်မိကြောင်း ဝန်ခံရန် အခွင့်အလမ်း တစ် ရပ်ဖန်တီးပေးခဲ့ကြောင်း ဖြစ်သည်။

ဘုရင်ဧကရာဇ်သည် သူ၏ သတင်းစကားအား အများကြားသိစေနိုင်ရန် ကြိုးပမ်းနေကြောင်း ဟာရှီမိုတိုက ဆက်လက်ပြောဆိုခဲ့လေသည်။

The Ladies News Journal



No comments:

Post a Comment

My Blog List