Saturday, June 13, 2015

တောင်တရုတ်ပင်လယ်တွင် ကျွန်းတည်ဆောက်မှု ရပ်တန့်ရန် ပင်တဂွန်က တရုတ်ကို ထပ်မံတောင်းဆို


အမေရိကန် ကာကွယ်ရေးဝန်ကြီး အက်ရှ်ကာတာသည် ဇွန် ၁၁ က ထိပ်တန်း တရုတ်ဗိုလ်ချုပ်ကြီး တစ်ဦးနှင့် တွေ့ဆုံခဲ့ပြီးနောက် တောင်တရုတ်ပင်လယ် တွင် ကျွန်းတည်ဆောက် နေမှုကို ရပ်တန့်ရန် ထပ်မံတောင်းဆိုခဲ့သည်။  ထို့အပြင် တရုတ်-အမေရိကန် စစ်ရေးဆက်ဆံမှု တိုးမြင့်ရေး ၎င်း၏ ကတိ ကဝတ်ကိုလည်း အလေးအနက် ပြောကြားခဲ့သည်ဟု ပင်တဂွန်က ထုတ်ပြန် သည်။ တရုတ်၏ ဗဟိုစစ်ကော်မရှင် ဒုတိယအကြီးအကဲ ဗိုလ်ချုပ်ကြီး ဖန်ချန်းလုံနှင့် အစည်းအဝေးတွင် ကာတာက ပြောကြားခဲ့ခြင်း ဖြစ်သည်။
ယင်းသို့ စစ်ရေးဆက်ဆံမှုက ကွဲလွဲချက်များအပေါ် အပြုသဘော စီမံဆောင် ရွက်မှုအပြင် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီ၊ ကပ်ဘေး ဒုက္ခဖြေ ရှင်းမှု၊ ငြိမ်းချမ်းမှု ထိန်းသိမ်းရေးနှင့် ပင်လယ်ဓားပြ တိုက်ဖျက်ရေး တို့ကဲ့သို့ နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းစေရန် တူညီသော ဆန္ဒအပေါ် အခြေခံ လိမ့်မည်ဟုလည်း ပင်တဂွန်က ထုတ်ပြန်သည်။ 

တောင်တရုတ်ပင်လယ်တွင်ရှိ တင်းမာမှုများနှင့် ပတ်သက်၍ အမေရိကန်က စိုးရိမ်ကြောင်း ထပ်မံပြောကြားရာ တွင် တရုတ်နှင့် ပိုင်ဆိုင်မှု အငြင်းပွား ပြိုင်ဘက်နိုင်ငံအားလုံးကို အငြင်းပွား ဒေသတွင် မြေယာဖော်ယူခြင်း၊ စစ်ဘက် အရင်းအမြစ်များ ချထားခြင်း တို့ ရပ်တန့်ရန် ကာတာက တောင်းဆိုခဲ့သည်။ ထိုအပြင် နိုင်ငံတကာ ဥပဒေအတိုင်း ငြိမ်းချမ်းစွာ ဖြေရှင်းရန်လည်း တောင်းဆို ခဲ့သည်။

နှစ်နိုင်ငံ ဝေဟင်တွင် လေယာဉ်ချင်း မတော်တဆဖြစ်မှု လျှော့ချရေး နားလည်မှု စာချွန်လွှာ ရေးထိုးနိုင်ရေး စက်တင်ဘာလတွင် သဘောတူညီချက်ရရှိရန် ထပ်မံ အတည်ပြုပြောကြားသည်။ ဖန်၏ ပင်တဂွန်သို့ ခရီးစဉ်သည် အမေရိကန်သို့ သီတင်းတစ်ပတ်ကြာ ခရီးစဉ်၏ အစိတ်အပိုင်းဖြစ်ပြီး ဇွန်၁၂ တွင် အိမ်ဖြူတော်တွင် အမေရိကန် အမျိုးသားလုံခြုံရေး အကြံပေး စူဇန်ရိုက်စ်နှင့် တွေ့ဆုံ မှုလည်း ပါဝင်သည်။ ယခုသီတင်းပတ် အစောပိုင်းက ဖန်သည် လေယာဉ်တင်သင်္ဘော USS Ronald Reagan နှင့် အမေရိကန် စစ်စခန်းများသို့ သွားရောက်လည်ပတ် ခဲ့သည်။

ဖန်၏ ခရီးစဉ်မှာ စက်တင်ဘာလတွင် အမေရိကန်သို့ လာရောက်မည့် တရုတ်သမ္မတ ရှီကျင့်ဖျင်၏ ခရီးစဉ်အတွက် ကြိုတင်ပြင် ဆင်ရန် ရည်ရွယ် ခြင်းဖြစ်သည်ဟု ဝါရှင်တန်ရှိ တရုတ်သံရုံးမှ မစ်ရှင် ဒု-အကြီးအကဲ ဝူရှီက ဗုဒ္ဓဟူးနေ့က ပြောကြားသည်။

Mizzima - News in Burmese



No comments:

Post a Comment

My Blog List